Zawgyi
အာဒံသီတဲ့တေးတစ်ပုဒ်
"အာ...မလာချင်ပါဘူးဟာ"
"ဟဲ့...ဘယ်လိုမလာချင်ပါဘူးပြောတာတုန်း...မင်္ဂလာဆောင်မှာ နင့်အမအရင်းခေါက်ခေါက်နော်..."
"ဟာ...မမ နင်ကလည်းမာမီတို့လို ပွစိပွစိတအား
လုပ်တာပဲ...""အပိုတွေမပြောနဲ့ လာခဲ့ဆိုလာခဲ့နော်..."
"မလာဘူးဟာ...မလာချင်ဘူး...ယောက်ဖနဲ့တွေ့ရမှာ
မလို့ပိုတောင်မလာချင်သေးတယ်...ငါလက်ဖွဲ့ပို့လိုက်မယ်ဟာ...ဒါပဲ နင်မပွားစမ်းပါနဲ့""ဟဲ့...နေဦး...ယောလ်လီ...ရား.."
အလိမ္မာတုံးမောင်တော်လေးအား အပင့်အဖိတ်ပြု
လုပ်ခြင်း ကျရှုံး၍ ပတ်ချယ်ယောင်းတစ်ယောက်
ဒေါကန်လေပြီ။"ဘာတွေအဆင်မပြေဖြစ်နေပြန်ပြီလဲ ယောင်းမလေးရဲ့"
ဘေးကဝင်မွှေတဲ့ ဆယ်အာကြောင့်မရှင်းသေးတဲ့
ခေါင်းဟာပို၍နောက်ကျိကုန်ရသည့်အဖြစ်။
ခတ်နာနာမျက်စောင်းကိုပိတ်ထိုးပစ်လိုက်ပြီးနောက်လက်ထဲကဖုန်းကို စားပွဲပေါ်တင်ကာ ဒီဇိုင်းစာအုပ်ကိုကောက်ယူလိုက်သည်။"မောင်လေးတစ်ယောက်ပဲရှိလို့တော်ပါသေးတယ်ဟယ် မနိုင်လိုက်တာမှ အခေါက်သုံးဆယ်လောက်ခွဲပြီးသယ်
ရမယ့်ကိန်း...အခုပဲကြည့်လေ မင်္ဂလာပွဲတက်ဖို့ခေါ်တာကို မလာချင်ဘူးတဲ့""ဟွန်း...ဒါဆို ယောလ်လေးနဲ့မတွေ့ရတော့ဘူးပေါ့...
ငါကမျှော်နေပါတယ်ဆို"နှုတ်ခမ်းကိုအစွမ်းကုန်စူကာပြောလေတဲ့ ယွန်ဆယ်အာကို ကြည့်ကာချယ်ယောင်းရယ်မိ
သည်။အမြဲလိုလို အလကားလျှောက်ပြီး နောက်နေမှန်းသိတာတာမို့ ချယ်ယောင်း ထွေထွေထူးထူးပြန်တော့မပြော။
စနောက်ခြင်းမဟုတ်ရင်တော့ ချယ်ယောင်းသီးခံလိမ့်မည်မဟုတ်။
တစ်ဦးတည်းရှိ
မောင်လေးကိုဘယ်သူ့လက်ထဲမှအပါ
မခံနိုင်တာမို့။
KAMU SEDANG MEMBACA
အာဒံသီတဲ့တေးတစ်ပုဒ် -chanhun-(completed)
Romansa*************** အသက်မဲ့သလိုတည်ညိမ်နေတဲ့ ခများရဲ့မျက်ဝန်းတွေကိုမုန်းတယ်... 'ဘာကြောင့်လဲ'လို့မေးရင် ခများရင်ထဲမှာဘာတွေရှိနေမှန်းသိခွင့်မရလို့... ************ chanhun *************** အသက်မဲ့သလိုတည်ညိမ်ေနတဲ့ ခများရဲ့မျက်ဝန်းတွ...