Zawgyi
အာဒံသီတဲ့တေးတစ်ပုဒ်
မြင်ကွင်းထဲ၌ တက်ရောက်ရမည့်ကျောင်းတော်ကြီးက
စိုက်မြိုက်စွာရောက်ရှိလာခြင်းနှင့်အတူ သူဟာကားကိုရပ်လိုက်သည်။"........."
ခါးပါးကိုဖြုတ်နေရင်း သူ့ထံမှတစ်စုံတစ်ခုပြောသလိုရှိတာကြောင့် နားကြပ်တစ်ဖက်ကိုဖြုတ်ကာ ပြန်မေးရသည်။
"နေ့လည် လာကြိုမယ်..."
ထိုအခါ ခေါင်းညိမ့်ကာ လက်မနှင့်လက်ညှိုးထိပိကို
ထိကာဝိုင်းလိုက်ပြီး"OK...."
ထိုသို့ပြောပြီး ကားပေါ်ကဆင်းကာ တံခါးကိုအသာပြန်ပိတ်လိုက်ပြီးနောက် ပြန်ပြမှာမဟုတ်မှန်းသိပေမဲ့ ကားထဲကသူ့ကိုကြည့်ကာ လက်ပြလိုက်သေး
သည်။
ပြောင်ချော်ချော်ဖြစ်နေမည့် ကျနော့်ပုံစံကိုကြည့်ရင်း
သူကတော့တည်ညိမ်စွာပင်ကားမောင်း၍ထွက်သွားသည်။ကျောင်းထဲကိုဝင်လိုက်သည်နှင့် မိန်းခလေးတချို့၏
အသံပိစိများ ဂယတ်ရိုက်လာသည့်ကြောင့် မချိပြုံးကာခေါင်းကိုမသိမသာခါယမ်းလိုက်မိသား။
ကိုယ့်ဘာကိုယ့်အသာလေးနေတတ်ပေမဲ့ စော်ကြည်နေခြင်းဟာလည်း ကျနော့်ရဲ့မွေးရာပါအားနည်းချက်
တစ်ခုပင်။ကျောင်းတစ်ဝန်းလုံးဖြတ်လျှောက်လာစဉ်ရော
အခန်းဆီရောက်သည်အထိပါ ကျောင်းရှိမိန်းကလေး
များအနက်မှ သုံးပုံနှစ်ခုံကျော်ကျော်လောက်သော
အကြည့်နှင့်
အပြောတို့ကကျနော့်ထံပါးသာတွယ်ကပ်
နေကြသည်။အခန်းထဲသို့ဝင်ကာ မိမိနေရာမှာထိုင်လိုက်ပြီး
ဖုန်းကိုဖွင့်လိုက်စဉ် ဝင်ထားသော message အနည်းငယ်ကိုတွေ့ရ၏။➡ကိုကို နိုးပြီးလား....
at 6:00➡ကိုကို မနက်စာစားပြီးပြီလား...
at 7:30➡ကိုကို ကျောင်းကိုစောစောလာခဲ့နော် ပြောစရာရှိတယ်
at 7:50
CZYTASZ
အာဒံသီတဲ့တေးတစ်ပုဒ် -chanhun-(completed)
Romans*************** အသက်မဲ့သလိုတည်ညိမ်နေတဲ့ ခများရဲ့မျက်ဝန်းတွေကိုမုန်းတယ်... 'ဘာကြောင့်လဲ'လို့မေးရင် ခများရင်ထဲမှာဘာတွေရှိနေမှန်းသိခွင့်မရလို့... ************ chanhun *************** အသက်မဲ့သလိုတည်ညိမ်ေနတဲ့ ခများရဲ့မျက်ဝန်းတွ...