Zawgyi
အာဒံသီတဲ့တေးတစ်ပုဒ် ၈
******************
"ဒီnote ကအရမ်းခတ်တယ်...ဘယ်လိုမှတီးလို့မရ
ဘူး..."အိုဆယ်ဟွန်း ဟာထိုစကားကိုအားမလိုအားမရပြော
သည်။"ဖြည်းဖြည်းချင်းသွားကြည့်...key ကိုချက်ချင်းကြီး
နှိမ့်ပစ်လိုက်ရင် နားထောင်လို့ကောင်းတော့ဘူးလေ...""ဒီလိုလား...?"
"အွန်း....ဟုတ်တယ်..."
တစ်ချက်လွဲသွားပြန်တဲ့ သူ့ကြောင့် ကျနော့်လက်ကို
အလုပ်ပေးရပြန်တော့ သူကစိတ်ညစ်သလို သက်ပြင်း
ချသည်မို့ ကျနော်ရယ်မိသေးသည်။
အုပ်မိုးထားတဲ့ ကျနော့်လက်တစ်ဖက်ဟာ ဆန္ဒမရှိပါပဲ
နှေးကွေးသွားရသည့်အဖြစ်ကြောင့် သူဟာကျနော့်ကို
နားမလည်သလိုလှည့်ကာမော့ကြည့်လာသည်။
အနီးကပ်စွာမြင်လိုက်ရသည့် သူ့မျက်ဝန်းမှေးမှေး
တွေဟာ နက်မှောင်လွန်းနေသလို ဆွဲငင်အားအပြည့်ရှိ
နေသယောင်။
ထို့နောက် နှုတ်ခမ်းပါးပါးဟာ ပြုံးယောင်သန်းနေရာမှ
နဂိုကဲ့သို့တည်တံ့တံ့ဖြစ်သွားပုံက အသက်ရှူတို့ကိုပင်
ဖြောင့်တန်းခြင်းမဲ့စေသလား..."ချန်းယောလ်...."
သူ့နှုတ်ခမ်းဝမှာ လွင့်ကျလာသည့်ကျနော့်အမည်နာမ
အဆုံး ကျနော်ဟာအသိတချို့ကပ်လာသည့်လူသား
တစ်ဦးဖြစ်သွားရပြန်သည်။ရုတ်ချည်းသူ့လက်ပေါ်မှ ခွာလိုက်သည့်ကျနော့်လက်တွေဟာ ချွေးစီးတွေပြန်
ကာစေးကပ်ကပ်။
ကိုယ်ကိုဆတ်ခနဲ မတ်လိုက်ရင်း နောက်သို့ခြေတစ်
လမ်းမျှဆုတ်မိပြန်သည်။"နေမကောင်ဘူးလား...?"
ထိုင်ခုံမှထလာကာ ကျနော့်အပါးတိုးကပ်လာမှုနှင့်အ
တူ မြှောက်တက်လာတဲ့သူညာလက်တစ်ဖက်။
ကျနော့်နှဖူးပြင်ကိုထိခတ်ရန်ကြိုးစားနေတဲ့သူ့လက်ကို
တစ်ဖက်သို့လှည့်ကာရှောင်လိုက်တော့ ကျနော့်ကိုစမ်း
မည့်သူ့လက်ဟာရက်တန့်သွားခဲ့သည်။
BẠN ĐANG ĐỌC
အာဒံသီတဲ့တေးတစ်ပုဒ် -chanhun-(completed)
Lãng mạn*************** အသက်မဲ့သလိုတည်ညိမ်နေတဲ့ ခများရဲ့မျက်ဝန်းတွေကိုမုန်းတယ်... 'ဘာကြောင့်လဲ'လို့မေးရင် ခများရင်ထဲမှာဘာတွေရှိနေမှန်းသိခွင့်မရလို့... ************ chanhun *************** အသက်မဲ့သလိုတည်ညိမ်ေနတဲ့ ခများရဲ့မျက်ဝန်းတွ...