Zawgyi
ဒီေန႕အဖို႔ဆိုက္ထဲလည္းဆင္းစရာမလိုဘဲအိမ္မွာထိုင္ၿပီးဒီဇိုင္းဆြဲ႐ုံသာမို႔ပ်င္းပ်င္းရွိသည္ႏွင့္တစ္ဖက္ၿခံကိုအေပၚထပ္ဝရံတာမွလွမ္းၾကည့္ေနမိသည္။အမွန္ေတာ့စိတ္ဝင္စားစရာေကာင္းတဲ့ျမင္ကြင္းတစ္ခုေၾကာင့္ဆိုပိုမွန္လိမ့္မည္။
ေနာက္ေက်ာေပးထားတဲ့လူတစ္ေယာက္။တီရွပ္ပြပြတစ္ထည္ကိုခ်ည္ေဘာင္းဘီအေပ်ာ့ေလးနဲ႕တြဲဝတ္ထားၿပီး႐ုပ္သြင္ကိုေသခ်ာမျမင္ရေပမဲ့ႏွင္းဆီပန္းပင္ေတြၾကားအလုပ္ရႈပ္ေနတဲ့သူ႕လက္ကေလးေတြကေတာ့အရမ္းလွသည္ဟုသတ္မွတ္လို႔ရသည္။အသားျဖဴဥဥမွာေသြးေၾကာစိမ္းေလးေတြကယွက္ျဖာေန၏။
သူ႕ၿခံမွာ ပန္းခင္းႀကီးႏွင့္ လွပေနသေလာက္ ကိုယ့္ၿခံကိုယ္ၾကည့္မိေတာ့ ဟက္ခနဲေတာင္ ရယ္မိေတာ့တာပင္။
အပင္ဆိုလို႔ၿခံေထာင့္္ေတြမွာေမေမစိုက္ထားသည့္စိန္ပန္းပင္ႏွင့္မခ်စ္စုသရက္ပင္၂ပင္သာရွိေလသည္။##
မေန႕ကဒီဇိုင္းဆြဲရင္း ညည့္နက္သြား၍ ေနျမင့္သည့္တိုင္ သူမထနိုင္ေသး။
"ႀကီးေမေရကြၽန္ေတာ္မရွိတုန္းပန္းေတြမခူးနဲ႕ေနာ္။ကြၽန္ေတာ္လာမွခူးေပးမယ္။ဒီၾကားထဲဘုရားပန္းဘာညာကပ္ခ်င္ရင္ဝယ္သာကပ္လိုက္ေနာ္။"
အျမင္အာ႐ုံမဖြင့္ရေသးခင္မွာအၾကားအာ႐ုံထဲဝင္ေရာက္လာသည့္အသံေၾကာင့္အိပ္ရာမွလူးလဲထရင္းဝရံတာဆီေျပးၾကည့္မိသည္။တစ္ဖက္မွၿခံရွင္ျဖစ္ၿပီး လက္ထဲက ဆြဲအိတ္တစ္ခုကိုၾကည့္လွ်င္ ခရီးတစ္ခုခုသြားမည့္ဟန္ပင္။ၾကားေနက်အသံမ်ားႏွင့္ကြဲျပားစြာ ၾကည္လင္ေနသည့္အသံက နားထဲစြဲလြယ္ေနသည္။တစ္လေလာက္ၾကာၿပီးမွ ၾကားခြင့္ရသည့္အသံမဟုတ္လား။
ခဏေနေတာ့ ကားအနီေလးက ၿခံဝန္းထဲမွ ထြက္ခြာသြားေလၿပီ။တစ္ခါမွ ရင္းႏွီးဖူးတာလည္းမဟုတ္ပါဘဲ သူ႕ရင္ထဲ တစ္ခုခုလစ္ဟာသြားသလိုလို။ဘယ္လိုခံစားခ်က္ႀကီးပါလိမ့္။
#
Unicode
ဒီနေ့အဖို့ဆိုက်ထဲလည်းဆင်းစရာမလိုဘဲအိမ်မှာထိုင်ပြီးဒီဇိုင်းဆွဲရုံသာမို့ပျင်းပျင်းရှိသည်နှင့်တစ်ဖက်ခြံကိုအပေါ်ထပ်ဝရံတာမှလှမ်းကြည့်နေမိသည်။အမှန်တော့စိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတစ်ခုကြောင့်ဆိုပိုမှန်လိမ့်မည်။
နောက်ကျောပေးထားတဲ့လူတစ်ယောက်။တီရှပ်ပွပွတစ်ထည်ကိုချည်ဘောင်းဘီအပျော့လေးနဲ့တွဲဝတ်ထားပြီးရုပ်သွင်ကိုသေချာမမြင်ရပေမဲ့နှင်းဆီပန်းပင်တွေကြားအလုပ်ရှုပ်နေတဲ့သူ့လက်ကလေးတွေကတော့အရမ်းလှသည်ဟုသတ်မှတ်လို့ရသည်။အသားဖြူဥဥမှာသွေးကြောစိမ်းလေးတွေကယှက်ဖြာနေ၏။
သူ့ခြံမှာ ပန်းခင်းကြီးနှင့် လှပနေသလောက် ကိုယ့်ခြံကိုယ်ကြည့်မိတော့ ဟက်ခနဲတောင် ရယ်မိတော့တာပင်။
အပင်ဆိုလို့ခြံထောင့််တွေမှာမေမေစိုက်ထားသည့်စိန်ပန်းပင်နှင့်မချစ်စုသရက်ပင်၂ပင်သာရှိလေသည်။##
မနေ့ကဒီဇိုင်းဆွဲရင်း ညည့်နက်သွား၍ နေမြင့်သည့်တိုင် သူမထနိုင်သေး။
"ကြီးမေရေကျွန်တော်မရှိတုန်းပန်းတွေမခူးနဲ့နော်။ကျွန်တော်လာမှခူးပေးမယ်။ဒီကြားထဲဘုရားပန်းဘာညာကပ်ချင်ရင်ဝယ်သာကပ်လိုက်နော်။"
အမြင်အာရုံမဖွင့်ရသေးခင်မှာအကြားအာရုံထဲဝင်ရောက်လာသည့်အသံကြောင့်အိပ်ရာမှလူးလဲထရင်းဝရံတာဆီပြေးကြည့်မိသည်။တစ်ဖက်မှခြံရှင်ဖြစ်ပြီး လက်ထဲက ဆွဲအိတ်တစ်ခုကိုကြည့်လျှင် ခရီးတစ်ခုခုသွားမည့်ဟန်ပင်။ကြားနေကျအသံများနှင့်ကွဲပြားစွာ ကြည်လင်နေသည့်အသံက နားထဲစွဲလွယ်နေသည်။တစ်လလောက်ကြာပြီးမှ ကြားခွင့်ရသည့်အသံမဟုတ်လား။
ခဏနေတော့ ကားအနီလေးက ခြံဝန်းထဲမှ ထွက်ခွာသွားလေပြီ။တစ်ခါမှ ရင်းနှီးဖူးတာလည်းမဟုတ်ပါဘဲ သူ့ရင်ထဲ တစ်ခုခုလစ်ဟာသွားသလိုလို။ဘယ်လိုခံစားချက်ကြီးပါလိမ့်။
#
YOU ARE READING
ခ်စ္ေသာဝိုင္နီ(ချစ်သောဝိုင်နီ)
Romanceအခ်စ္ဆိုတဲဲ့အရာဟာေလမေမ်ွာ္လင့္ထားတဲ့အခ်ိန္မွာမထင္မွတ္ထားတဲ့ပံုစံမ်ိဳးနဲ႔ကိုယ့္ဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ဝင္ေရာက္လာတတ္တာမ်ိဳးပါ....