Zawgyi
"ကိုလွန်းက ဒီနေ့ တယ်မျှော်ပါလား..ဘယ်သူလာမှာမို့လို့လဲ"
ကိုယ့်အတွေးနှင့်ကိုယ်ဆိုပေမဲ့ လည်တဆန့်ဆန့်ဖြစ်နေတာကို ငတိုးကတော့ သတိထားမိပုံပါ။
"ငါကဘာမျှော်ရမှာလဲကွ..မင်းဘိုးအေကိုလား"
ရှက်ရမ်းရမ်းပြီး ပိတ်ဟောက်လိုက်ပေမဲ့ ငတိုးကတော့ဇက်ကလေးပုလျက် ငြိမ်သွားလေသည်။ကိုရှင်းခန့် မူးပြီးပြန်လာမှာကို လွန်းဆက်စိုးရိမ်နေပါသည်။ခုချိန်မှာ လွန်းဆက်က ဘာမှကို လုပ်ပေးနိုင်ခြင်းမရှိဘူးမဟုတ်လား။
"ဟာအကိုလေးလာတယ် ကိုလွန်း"
ငတိုးကပြောလည်းပြော ခြံတံခါးလည်း ပြေးဖွင့်သည်။ဆိုဖာပေါ်ကနေလှမ်းပြီးအကဲခတ်ရသလောက်တော့မူးလာပုံမပေါ်။တော်ပါသေးရဲ့။
"...."
လွန်းဆက်အတွေးမှားသွားလေပြီ။ငတိုးကို တွန်းဖယ်ပြီး သူ့ခြေလှမ်းတွေက လွန်းဆက်ဆီ တည့်တည့်မက်မက်။
"မာမီ....."
"အွတ်"
ပြေးဖက်ရင်း နူတ်ခမ်းပါးကလည်း လွန်းဆက်ပါးပြင်ထက် နွေးခနဲ။
"ဟေ့ကောင်...ရယ်မနေနဲ့..လာဆွဲဦးလေကွာ"
"အကိုလေးက ကျွန်တော်ကျမမေ့ဘူး..သူကကိုလွန်းနဲ့ကျမှလူမှားတော့တာ..အယ်..ဘယ်လိုလုပ်မလဲ..အိပ်သွားပြီ"
ဟုတ်ပါ့ဗျာ။လွန်းဆက်ကို ခွရက်သား တုပ်တုပ်မျှကို မလှုပ်တော့ပေ။
"ငတိုး..ငါ့ကိုနည်းနည်းကူပေး..ဒီလိုပဲ အိပ်နေလို့ကတော့သူလည်း သက်သက်သာသာမရှိဘူး။ငါလည်းမခံနိုင်ဘူး..ဆိုဖာပေါ်ကို သူ့ခြေထောက်တွေတင်ပေးလိုက်..ခေါင်းပဲ ငါ့ဘက်ထားပေး။"
ယောင်ပြီးမာမီခေါ်နမ်းချင်ရင်လွန်းဆက်လည်း ပြေးမသွားနိုင်ပေ။
"အားးကျွတ်ကျွတ်"
ပေးထားသည့်ခေါင်းအုံးကို ဖယ်ပြီး လွန်းဆက်ပေါင်ပေါ် ခေါင်းက ပစ်တင်လာသည်။ငတိုးကအခြေအနေကိုသိသွားဟန်ဖြင့်ပြေးလာပြီးခေါင်းကိုရွေ့ပေးဖို့လုပ်ပေမဲ့ လက်သာ ကာပြလိုက်၏။
YOU ARE READING
ချစ်သောဝိုင်နီ(ချစ်သောဝိုင်နီ)
Romanceအချစ်ဆိုတဲ့အရာဟာလေမမျှော်လင့်ထားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာတတ်တာမျိုးပါ....