Zawgyi
"ကိုလွန်း။ဒီအလုံး..ဒီအလုံး"
"အေးပါမိဇင်ရ..ငါလည်းခူးပေးနေတာပဲ..တံချူကသိပ်မမီဘူးလေ..နင်မမြင်ဘူးလား"
"ဟဲ့....ငတိုး..သားငယ်လေးအောက်ကခုံကိုဝိုင်းကိုင်ပေးထားဦးဟဲ့..ငါကြည့်ရတာအသည်းတွေတယားယားရှိလိုက်တာဟဲ့"
"ဟုတ်ကဲ့ပါကြီးကြီး..မိဆွေမ..နင်အာပြဲနဲ့ပဲအော်မနေနဲ့။ခူးပေးထားတဲ့ဟာတွေလာကောက်ဦး"
မိုးလင်းတာမှမကြာသေးဘူး။ခြံထဲမှာကမ္ဘာပျက်နေလေပြီ။ဘယ်လိုတွေတောင်ဖြစ်နေရတာလဲမသိ။ညကအလုပ်ကိစ္စအရေးကြီးလို့ ထိုင်လုပ်ရတာနဲ့အိပ်တာညဥ့်နက်ပါတယ်ဆိုမှ။
ရှင်းခန့်အပြောကမလွန်ပါ။ကြည့်ပါဦး။သရက်ပင်တစ်ပင်ကို အမဲဖျက်သလို ခူးသူကခူး၊ကောက်သူကကောက်နှင့်။အမယ်..ကြီးကြီးကပါခြင်းလေးကိုင်လို့။သရက်သီးလိုက်ကောက်နေတာ။ငါလေ....မပြောချင်ဘူးတကယ်။ဝယ်မစားနိုင်တာလည်းဟုတ်။ဒီသရက်သီးကိုပဲအပင်ပေါ်ကမို့ပိုကောင်းမယ်ဆိုပြီးမျှော်မျှော်နေတာ...
ခုတော့ခြံပိုင်ရှင်နဲ့ဘယ်လိုတွေတောင်မိတ်ဖွဲ့ထားတယ်မသိ၊ဟိုကခုံအဆင့်ဆင့်နဲ့တံချူပါထပ်ဆင့်ပြီးခူးပေးနေတာဗျာ။အောက်ကကိုင်ပေးတဲ့ငတိုးကလည်းပျာတာတာရယ်။ပြုတ်ပျက်ကြကုန်မှဖြင့်...
ဟောဟော...ပြောရင်းဆိုရင်းခုံကစောင်းစောင်း
"ဟေ့ကောင်ငတိုး...ခုံကိုကိုင်လေ ...ကိုင်"
"အမယ်လေးဗျ"
ရှင်းခန့်အော်ပေမဲ့မမီတော့ပေ။ခူးနေသည့်အိမ်ရှင်ကောင်လေးက မြေပေါ်ခွေခွေလေးလဲပြီး ရှင်းခန့်တစ်ယောက်ကလည်း ထိုနေရာသို့မည်သို့ပြေးဆင်းသွားမိသည်မသိ။
"ငတိုး...ဆွဲထူလိုက်လေ"
ငတိုးထူနေပေမဲ့ ထိုကောင်လေးခမျာမထနိုင်ပေ။ဘောင်းဘီတိုလေးအောက်က ဒူးခေါင်းမှာ ဟက်တက်ကွဲပြီး သွေးတွေထွက်လာသလို ခြေကျင်းဝတ်မှာလည်း ချက်ချင်းကို ညိုတက်လာပါသည်။
"ကျွန်တော်မထနိုင်ဘူး။ခဏလေးခဏလေး။...အား...ကျွတ်ကျွတ်"
"ရှင်းလေးရယ်။မင်းပွေ့ခေါ်လိုက်ပါလားသားငယ်လေးကို။ငတိုးကလည်းနိုင်မှာမဟုတ်ဘူး။"
YOU ARE READING
ချစ်သောဝိုင်နီ(ချစ်သောဝိုင်နီ)
Romanceအချစ်ဆိုတဲ့အရာဟာလေမမျှော်လင့်ထားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာတတ်တာမျိုးပါ....