Zawgyi
ဖေကြီးကကားမောင်းပြီး လွန်းဆက်နှင့်မေကြီးက နောက်ခန်းမှာထိုင်လို့ ဟိုဟိုဒီဒီမျက်စိကစားနေပါသည်။မေဟာ လွန်းဆက်ကို တစ်ဦးတည်းသောသားလေးဖြစ်သလို ခက်ခက်ခဲခဲမွေးထားရသူမို့ မျက်စိအောက်ကတောင် အပျောက်မခံချင်သူဖြစ်သည်။ခုတောင် မတတ်သာ၍ ရေမြေခြားပြီး လွှတ်ထားရခြင်းသာ။
"မေ့ အဲ့ဒါဘာလုပ်ကြတာလဲ"
လမ်းမဘေးတစ်ဖက်တစ်ချက်စီမှာ ပိုစတာတွေ အပြိုင်အဆိုင်ထောင်ထားပြီး လူတွေဆိုတာလည်း အုံခဲနေခြင်းကြောင့် လွန်းဆက်စပ်စုလိုက်ပါသည်။မေကအပြင်ကိုတစ်ချက်လှမ်းကြည့်ရင်း
"အဲ့ဒါ ရှောင်ကျန့်တို့အတွက်လုပ်တဲ့fan meetingလေ။"
"ရှောင်ကျန့်ကဘယ်သူတုန်း"
မေကသူ့ဖုန်းကိုဖွင့်လိုက်ပြီး..
"ဒီမှာလေ.. ဒီကားထဲကတရုတ်မင်းသားလေးတွေလာတာ..မေတောင်သွားချင်တာ မကြီးမငယ်နဲ့ဆိုပြီးသူများပြောမှာစိုးလို့"
မေကပြောတော့ဖေကြီးကခပ်ဟဟရယ်ပါသည်။ကားကိုလည်း ဘေးနားချရပ်ထားလိုက်ပြီး..
"မင်းမေကြီး အဲ့ကားစွဲလမ်းချက်က ဖေကြီးကိုတောင်ထမင်းကျွေးဖို့မေ့ပါတယ်ကွာ"
"ဟား...အဲ့လောက်ကောင်းတာလား။ရုပ်ရှင်သေချာမကြည့်တဲ့မေတောင်စွဲတယ်ဆိုတော့လေ"
မေကလွန်းဆက်တို့သားအဖပြောနေတာကိုကြားဟန်တောငိမရှိ။ဟိုးကအပြင်အဆင်တွေကိုသာမျက်တောငိမခတ်တမ်းလှမ်းကြည့်နေသည်။
တော်တော်ကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ထားခြင်းဖြစ်ပြီးလမ်းမပေါ်ကboardတွေမှာမှအစထိုမင်းသားတွေပုံဖြစ်ပုံရသည်။
"ကဲ သွားသွားဖေကြီး..ထပ်ကြည့်ရင်မေတော့ဒီထဲဝင်ချင်လာပြီနော်။"
"ဟားဟား အေးပါ မေရာ။ကဲသားငယ်ရေ ကြားတယ်နော်"
လွန်းဆက်လည်း ဖေကြီးနှင့် မေကိုကြည့်ပြီးရယ်မိသည်။တကယ်ကိုနှစ်သက်လို့လက်ထပ်ထားကြသူတွေဆိုတာသူတို့နှစ်ယောက်ရဲ့အသွင်အပြင်ကိုကြည့်တာနဲ့တင်သိနိုင်ပါ၏။
BẠN ĐANG ĐỌC
ချစ်သောဝိုင်နီ(ချစ်သောဝိုင်နီ)
Lãng mạnအချစ်ဆိုတဲ့အရာဟာလေမမျှော်လင့်ထားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာတတ်တာမျိုးပါ....