အပိုင်း ၁၄(Z & U)

3.3K 360 13
                                    

Zawgyi

"ငတိုး  ....ငတိုး"

"ဗျာ... လာပြီအကိုလေး"

ငတိုးကအပြေးအလွှားတံခါးလာဖွင့်ပေးရင်း လွန်းဆက်ကိုပါတွေ့တော့အံ့သြသွားဟန်ဖြင့်

"ဟာ ကိုလွန်း...ပြန်လာပြီ။အကိုလေးက ကိုလွန်းကို သွားကြိုလာတာလား"

"အားအား ယားယား ငါကသွားကြိုစရာလား။ကဲ ဖွင့်စမ်းပါအမြန်.. ငါနားချင်နေပြီ"

ငတိုးဆိုသည့် လျှာရှည်ကောင်က ထိုအခါမှခပ်သွက်သွက်လုပ်သည်။သူကြောက်တာဒီလောကထဲရိုးရှင်းခန့်ဘဲရှိပုံရ၏။

" မင်း သယ်ပေးလိုက်..သူဒီည ဒီမှာအိပ်မှာ"

ထိုအခါမှ လွန်းဆက်အိတ်ကို သူသယ်လာပေးမှန်းသတိထားမိသည်။ကိုယ့်ဟာကိုယ်က ဗျာများနေ၍ အထုတ်ကို ခြံရှေ့ချထားခဲ့တာပင်။တစ်အိမ်လုံးတိတ်ဆိတ်နေပုံရရင် ကြီးကြီးရော ဆွေဇင်မရော အိပ်သွားကြပြီထင်ရဲ့။

"အကိုလေး....ကိုလွန်းကိုဘယ်မှာသိပ်ရမလဲ"

လှေကားတက်နေရာမှ တုံ့ခနဲ ရပ်သွားပါသည်။

"ဧည့်သည်ခန်းထဲမှာ သိပ်လေ"

"အဲ့အခန်းက ကြိုမရှင်းထားတော့ဖုန်တစ်လုံးလုံးဖြစ်နေမှာ..ကိုလွန်း ဘယ်လိုအိပ်မလဲ"

ခဏတာ ငြိမ်သက်သွားပုံက သူစဉ်းစားနေကြောင်း ပြနေဟန်ပါ။

"ပေး... အဲ့အထုတ်ငါ့ကို..ကိုယ့်အခန်းထဲလိုက်ခဲ့...."

"ဗျာ"

ငတိုးအိမ်မက်မက်နေတာများလား။သူစိမ်းနှင့် အတူအိပ်ဖို့ဆိုတာထား။ဆွေဇင်မအခန်းဝင်ရှင်းပေးတာတောင်မတတ်သာလို့လက်ခံနေရသည့် ရှင်းခန့်ဆို‌သော လူကလွန်းဆက်ကိုကျမှကုတင်ပေါ်ပါခေါ်သိပ်တယ်ဆိုတော့.......

##

"မင်း ရေချိုးဦးလေ"

ကုတင်ပေါ်တက်ရန်ပြင်နေသော ခြေလှမ်းများက လေထဲတင် ပျောက်သွားရပါသည်။လူက ဟန်မဆောင်နိုင်အောင် ပင်ပန်းနေလေပြီ။

"ကျွန်တော် အိပ်ချင်နေပြီ"

"ရေတော့ချိုးပါကွာ..မင်းဟာကလည်း"

ချစ်သောဝိုင်နီ(ချစ်သောဝိုင်နီ)Dove le storie prendono vita. Scoprilo ora