ဘေးနားက တိတ်တိတ်လေးကျိတ်လှောင်ရီသံ။ ခပ်ကျယ်ကျယ် ဟားတိုက်သံတွေကြောင့် ရှောင်းကျန့် ခေါင်းထဲမှာပါချာချာလည်လာသည်။ ရှက်စိတ်ကို မပေါ်အောင်ဖုံးဖိရင်း ဘာမှမဖြစ်သလို ခပ်အေးအေး အပြုံးချိုချိုကို ထိန်းထားရင်း သူ့လက်ထဲက စာရွက်လေးကိုသေချာပြန်ခေါက်ပြီး အရှေ့မှာ မျက်နှာသေလေးနဲ့ရပ်နေတဲ့ ချာတိတ်လက်ထဲ ပြန်ထည့်ပေးရင်း သူနားရွက်လောက်သာ အရပ်ရှည်တဲ့ ချာတိတ်ကလေးရဲ့ ဆံပင်တွေကို ဖွလိုက်သည်။
"ဒီဒီးလေး ကောကောကို ချစ်တာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကောကောက ယောကျာ်းလေး ဒီဒီးကလည်း ယောကျာ်းလေး။"
ချာတိတ်ကလေးက ရှစ်ခေါက်ချိုးမျက်နှာနဲ့ သူ့ကိုမော့ကြည့်သည်။ သနားစိတ်ကို ရှက်စိတ်နဲ့ ဇွတ်မြိုသိပ်ရင်း
"ယောကျာ်းလေးချင်း ကြိုက်လို့မရဘူး"
ချာတိတ်လေးရဲ့ မျက်လုံးတွေထဲ ဝိုင်းလာတဲ့ မျက်ရည်တွေကို ကြည့်ပြီး သနားစိတ်တော့ဖြစ်မလာပဲ ကျောချမ်းလာတာနဲ့ အပြေးတပိုင်း ကျောခိုင်းထွက်လာခဲ့သည့် ရှောင်းကျန့် နောက်ကျောကနေ
"ကောကော ကို ဒီဒီး တကယ်ချစ်တာ" (哥哥 . . . 弟弟真的爱你)
အဲ့ဒါပဲ. .
အဲ့ဒီက စတာပဲ. .
ရှောင်းကျန့် ဘဝရဲ့ ကျိန်စာတွေပေါ့. .၁၈ နှစ်မှာ ယောကျာ်းချင်းမကြိုက်ပါဘူးလို့ ငြင်းခဲ့မိတာ နောက် ၁၀ နှစ်အကြာ အသက် ၂၈ နှစ်အထိ ကြိုက်မယ့် ယောကျာ်းကို မရှိတော့ဘူး။ ကိုယ့် sexual orientation အရ ကွေးမှန်းသိသွားလို့ လက်ခံလိုက်တာတောင် ကျိန်စာတွေ သင့်ပြီး ဘဝက ခြောက်ကပ်လိုက်တာ အခုအချိန် လူပျိုစစ်စစ်ကို သိန်းတစ်ထောင်ပေးမယ်ဆိုရင် ရှောင်းကျန့်ဟာ ဘီလီယံနာပဲ။
ကိုယ့်ဘဝကိုယ် မကျေမနပ်နဲ့ အရက်တစ်ခွက်လုံး ကုန်အောင် မော့ချပစ်လိုက်သည်။
"အဟွတ် ဟွတ် ဟွတ်"
"ဟယ် ကျန့်ကျန့်. . ဖြေးဖြေးသောက်ပါ သီးနေမယ်"
သူ့ကို စိတ်ပူပြီး ကျောကိုပုတ်ပေးနေတဲ့ ကျဲကျဲ ရင်ထဲ ခေါင်းထိုးပြီးသာ ငိုလိုက်ချင်တယ်။ << ဒီမယ် အမကြီး ခင်ဗျား ရည်းစားအသစ်စက်စက်ဟာ ကျုပ်နောက်ဆုံး crush ဗျလို့>>
![](https://img.wattpad.com/cover/201602439-288-k470825.jpg)
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .