မျက်ခုံးနက်နက် တဖက်ကပင့်လို့
မျက်ပေတုံးနဲ့ မျက်လုံးတွေက အရိပ်အကဲဖမ်းမရ။နှာတံ လုံးလုံးက ပွစိပွစိနဲ့ နှာရှုံ့နေသည်။
နှုတ်ခမ်းပါးပါးက ထောင့်တဖက်ဆွဲပြီး ရီချင်စိတ်ကို မနည်းပိတ်ထားရသလိုလို. .အဲ့ဒီ မျက်နှာကိုကြည့်ပြီး ရှောင်းကျန့်မှာ ပြောစရာစကားပျောက်ရှနေသည်။ ဘယ်က စမေးရမလဲဆိုတာ တနေကုန် စာစီနေခဲ့တာပဲ။ ပြောလေ။ မေးလေ၊
"ပေါ်တိ. . ညီငယ်လေး. . ညက အကိုတို့. . . . "
သူဘာဆက်ပြောရမှန်းမသိ။ နားတွေဂုတ်တွေနီရဲလာလို့ အကြည့်ကိုအောက်လွှဲလိုက်မှ ပိုဆိုး။ ဖြူဝင်း ပြားချပ်နေတဲ့ ရင်ဘတ်မှာ ပန်းရောင် မူလီနှစ်လုံးကထင်းလို့။ အဲ့အောက်မှာ အဆီခပ်ပါးပါးတလွှာစုနေတဲ့ ခြောက်ပတ် မဖြစ်တစ်ဖြစ်လေးက အရာလေးတော့ နည်းနည်းရှိတယ်. .
ခဏလေး.
နေပါဦး. . .
Hold a second. . .
ဘောက်ဆာအောက်က ညီလေးက နှုတ်ဆက်နေတာလား. . ဖုဖောင်းနေတာက. . အဲ့ဒါက. ."ကျန့်ကော. . အရမ်းနှာဘူးလာတယ်နော်"
"ဟမ်"
ရိပေါ်က လူကိုခပ်မတ်မတ်ပြင်ထိုင်ရင်း ဘောက်ဆာအနားကို ဆွဲဆန့်လိုက်တော့ ဖောင်းနေတာလေးပျောက်သွားသည်။
ငါတကယ်ပဲ နှာဘူးလာတာလား။
အတွေးတွေမှောင်မိုက်နေတာလား။"မင်းများ ဘာကြည့်စရာရှိလို့ ငါက ကြည့်ရမှာလဲ"
ပြောရင်းနဲ့ ကူရှင်နဲ့ ရိုက်ချပစ်လိုက်တယ်။ လအောင်ကုလေး ငါ့ကိုများ. .
"ဘာမရှိရမှာတုန်း. .ဒါရှိတယ်လေ ဒါ. . . "
ပြောလေ ကဲလေ မန်းလေ ပြဲလေ ဆိုတာ ဝမ်ရိပေါ်မှ အစစ်။ ဒါ.. ဒါ.. ဆိုပြီး ခါးကို ကော့ကော့ပြတာ။
"ဆစ်ပတ် ဟော့ဒီမှာ. . ကျန့်ကောမှာ ရှိလို့လား"
သူကတော့ သူ့ ဆစ်ပတ်မဖြစ်တဖြစ်ကိုကြွားတာပဲ။
.ရှောင်းကျန့်ကတော့ ရှက်လွန်းလို့ ဖြစ်နိုင်ရင် မျက်နှာကိုဖြုတ်ပြီး ပြတင်းပေါက်ကနေတောင် လွှင့်ပစ်လိုက်ချင်သေးသည်။"ညက ကိစ္စပြောမယ်. . . "
ရိပေါ်က ရုပ်တည်နဲ့ပြောလာတာမို့ ရှောင်းကျန့်ငြိမ်ပြီးနားထောင်နေလိုက်သည်။ သူမပြောရတော့ ရှက်ရတာသက်သာတာပေါ့။
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .