(Zawgyi)
ကမ္ဘာဦးအစမှ စပြီး လူသားတို့ ပြုကျင့်လာသည်က အိပ် စား ကာမ ဒီသုံးဝပင်။ လူတစ်ယောက် အသက်ရှင်ဖို့ဆိုတာလည်း စားဝတ်နေရေး လို့ အမှတ်အသားပြုကြတာမို့ အိပ်တာက ပြီးလျင် စားတာက လူသားတို့အတွက် အရေးအကြီးဆုံးအရာပင်ပဲ။
ဒါကြောင့်လဲ ဆေးရုံကကျွေးတဲ့ ပေါ့ရွှတ်ရွှတ်အရသာတွေကို သည်းမခံနိုင်တဲ့အဆုံး ဆေးရုံကန်တင်းကို ခိုးထွက်လာ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုသလို တစ်ထွာလောက်ပဲ ကျယ်ပေမယ့် သမုဒ္ဒရာလောက်နီးနီးဝင်ဆံ့တဲ့ သူ့ဗိုက်ကလေးကို ပြည့်နေအောင် ဖြည့်ပြီးတော့ ထိခိုက်ဒဏ်ရာ လူနာသီးသန့်ခန်းဘက်ကို ပြန်ဦးတည်လာခဲ့သည်။
ဒါပေမယ့် လူနာခန်းတံခါးဖွင့်လိုက်တာနဲ့ သူ့အတွက် အိပ်စားကာမ ထက်ကော စားဝတ်နေရေးထက်ကော သမုဒ္ဒရာဝမ်းတစ်ထွာထက်ပါ အရေးပါသည့် လူသားတစ်ယောက်က ကြိုနေသည်။
ရိုးရိုးတော့မဟုတ်. .
ကြမ်းပြင်ထက်မှာ ခွေခွေလေး ထိုင်ပြီး ပုခုံးတွေလှုပ်အောင် အသံထွက်ငိုလို့. .
ဘေးမှာ သူ့ဘော်ဒါက ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနဲ့ ကြောင်ကြည့်နေသည်။
"ကျန့်ကော!"
သူ့ရဲ့ အာမေဋိတ်သံမှာ မော့ကြည့်လာတဲ့ ရှောင်းကျန့်မျက်နှာလေးက နီရဲဖူးအစ်နေပြီး မျက်ရည်တွေစိုရွှဲလို့။
"ဝှတ် သယ် ဖာ့ခ်"
ရှောင်းကျန့်က သူ့ကိုမယုံနိုင်သလို မျက်လုံးအပြူးသားလေးနဲ့ ကြောင်ကြည့်နေသည်။ မျက်ရည်တွေက စီးကျလာတာ မရပ်သေး။
"ရိ. . ပေါ်. . . . "
ရှောင်းကျန့်ငိုနေတာရပ်ချင်ပေမယ့် ရပ်လို့မရတော့။
ရိပေါ်က သူ့ဘေးမှာ ဒူးထောက်ထိုင်လာပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ ဝမ်ရိပေါ်ပုခုံးပေါ် မျက်နှာအပ်ရင်း ဆက်ငိုနေမိသည်။
"သူဘာဖြစ်တာလဲ"
ရိပေါ်က ကိုရီးယားလိုမေးတော့ သူ့သူငယ်ချင်း ကိုရီးယားသား တရုတ်ဖြစ်ချင်စိန်လေး ချိုဆွန်ယွန်း က ပုခုံးတွန့်ပြီး..
"မသိဘူး ငါကမင်း ထမင်းသွားစားတယ်ပြောတာ။ သူကငိုသွားတာပဲ။ သူထမင်းမစားရသေးလို့များလား"
STAI LEGGENDO
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .