ယုန်မြင်ချင်လို့ ထွင်တဲ့ချုံ(+Unicode)

34K 3.2K 165
                                    

"ယွီပင်း. . မင်းငါ့ကို အဲ့လိုရှောင်နေလို့ လွတ်မှာတဲ့လား"

သူ့ရဲ့ အစောင် တစ်ရာမြောက် ခြိမ်းခြောက် မတ်ဆေ့ခ်ျကို seen လေးတောင်မပြ။

သူငယ်ချင်းကို ကျီးထိုးထိုး ခွေးစားစား ရေစက်ချလှူလိုက်ပြီး အခုမှ သွေးကြောင်နေပြီတဲ့လား။ ရှောင်းကျန့်တဲ့ တကျန့်ထဲရှိတယ်။ ဒါမျိုးတော့မလာစမ်းနဲ့. ..

"အဟမ်း"

တစ်ရာ့တစ်စောင်မြောက် မတ်ဆေ့ခ်ျပို့မလို့ပြင်နေချိန် နောက်က ချောင်းဟန့်သံကြောင့် လက်ထဲက ဖုန်းက ကချော်ကချွတ်နဲ့ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး ဖုန်းမျက်နှာပြင်မှာ ပင့်ကူအိမ်လှလှလေးနဲ့ တန်ဆာဆင်ပြိးဖြစ်သွားသည်။

သွားရှာပေဦးတော့ iPhone လေးရေ။

သွားရှာပေဦးတော့ ငါ့အိတ်ထဲက ပိုက်ဆံလေးတွေရေ. .

"အဲ. . "
ဖုန်းမှန်အကွဲလေးကို မျက်နှာငယ်နဲ့ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် လာရင်းကိစ္စပြောဖို့တောင် ဝမ်ကျိုးချန် မေ့သွားသည်။

"ရှောင်းကျန့်အဆင်ပြေရဲ့လား"

". . . . "
ခေါင်းသာငြိမ့်ပြရတယ် ရင်ထဲမှာ ငိုနေပါပြီ။

"ဒီညနေ အိုဗာတိုင်ဆင်းလို့ရမလား။ sportshub မဂ္ဂဇင်းက deadline နီးနေပြီ"

ရင်ထဲမှာ နှစ်ဆငိုနေပါပြီ။

သူ့အပြစ်လုံးလုံးလျားလျားမဟုတ်ပေမယ့် ဝမ်ကျိုးချန် စိတ်ထဲ မလုံသလိုခံစားရသည်၊ သူခေါ်လိုက်လို့ ရှောင်းကျန့်ကလန့်ပြီး ဖုန်းလွတ်ကျသွားတာမလား။ ဒါပေမယ့် အလျော်ပေးရအောင်အထိကျလဲ ကပ်စေးနဲတဲ့ သူ့စိတ်ကခွင့်မပြု။

အလုပ်အချိန်အတွင်းမှာ ဖုန်းကြီးပဲကြည့်မနေသင့်တာ။ ဒါသူ့အမှားပဲ။

ဒီလိုတွေးမှ နည်းနည်းစိတ်သက်သာသွားသည်။

အိုဗာတိုင်က ရှောင်းကျန်ရယ် ကျီလိရယ်။ ဒါရှောင်းကျန့် တာဝန်ယူထားတဲ့ ပရောဂျက်မဟုတ်ပေမယ့် ကျီလိက အဆုံးမသတ်နိုင်လို့ဝင်ကူရတာပဲ။

ကျီလိ မင်းဟော့ဒီက ကောင်လေးကို သနားရင် အခုလိုညစာတင်မကဘူး တစ်ပတ်လောက်ထမင်းကျွေးထားသင့်တယ်။

Di Di Ai Ni!!Where stories live. Discover now