သြော်. . ဘဝ. . ဘဝ
ဘယ့်နှယ် ဟာများပါလိမ့်။ သူများပျော်လို့မပျော်နိုင် ချိန်ပါမို့လို့မှိုင်လို့ ပြောရမလား။
ကိုယ်က ချိန်တာတောင်မဟုတ်သေးဘူး စက်ကွင်းလေး ဟိုနားဒီနားရွှေ့ရင်း ယောင်ယမ်းဝင်လာရင်တောင် ပါသွားတတ်တဲ့ဘဝလား။
အခုလဲ ညစာစားပွဲမှာ သူဌေးက ဌာနမှူးဝမ်ကို သိသိသာသာကို မျက်နှာသာပေးနေတာ။ သူဌေးနဲ့ပြိုင်ပြီးတော့ ဒီ ဒီဇိုင်နာလေးမှာ အားငယ်မိပါတယ်။ ဒီတည စားကြ သောက်ကြတာ ပြီးဦးမှာလား။
"ကျန့်ကျန့် အသံတိတ်လှချည်လား၊ သောက်လေ"
ကျဲကျဲက ထပ်ငှဲ့လာပေးတာကို အားနာပါနားနဲ့ ယူသောက်လိုက်တော့ ဆော်ဒါတောင် အချိုးမကျအောင်ရောထားတဲ့ အရက်က ရင်ဘတ်ထဲပူဆင်းသွားသည်။
"အား. . . "
အသံတိတ်အော်တာပါ။ ရှက်တတ်တဲ့ရှောင်းကျန့်က မျက်နှာကြီးပဲ နီရဲလာတာ ဘာသံထွက်ရဲမှာလဲ။
"ရှောင်းကျန့် မျက်နှာကြီးရဲနေပြီ"
သတိပေးတာ ကျေးဇူးပါသူဌေး။ အားလုံးက ဝိုင်းကြည့်နေကြတော့ ရှက်ရှက်နဲ့ ရှေ့က အသားကင်ဖတ်ကို တူနဲ့လှမ်းအညှပ် မူးပြီး လိုရာမရောက်နေတဲ့ လက်က အရက်ခွက်ကို လှမ်းလိုက်တဲ့ မျက်နှာချင်းဆိုင်က ဌာနမှူးဝမ် လက်ကို တူနဲ့ချော်ထိုးမိသည်။
" ဟာ "
လန့်ပြီး တူကိုပြန်ရုတ်လိုက်တာ ဘေးကထိုင်နေတဲ့ ကျိလီ သောက်မယ့်ခွက်ကို တံတောင်နဲ့တိုက်မိပြီး သူ့ပေါင်ပေါ်မှောက်ကျကာ ရွှဲရွှဲစိုကုန်သည်။
မရတော့ဘူး ငါမူးစပြုနေပြီ။
အားလုံးကိုခွင့်တောင်းပြီး အိမ်သာဘက်ပြေးထွက်ခဲ့သည်။ ရေဆေးရမယ် ဘောင်းဘီကို အနံ့တွေအရမ်းမထွက်ခင်။ ဟော့ဒီ ဈေးကြီးကြီး Tom Ford ဘောင်းဘီပေါ်မှာ အစွန်းကွက်ကြီးမဖြစ်ခင်
"ငှယ်"
သူ့အနောက်အိမ်သာခန်းထဲက ထွက်လာတာ ယွီပင်း
"ဗြန်း"
သူ့အရိပ်မြင်တာနဲ့ အိမ်သာထဲ ပြန်ပြေးဝင်တာ။ ဒါမျိုးတော့ ဘာရမလဲ လျင်ပြီးသားပဲ။ ဂုတ်ကနေဆွဲပြီး အိမ်သာနံရံနဲ့ ညှပ်ထားလိုက်တယ်။
![](https://img.wattpad.com/cover/201602439-288-k470825.jpg)
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .