ချစ်စရာ ဒိဒီးလေး (+Unicode)

33.1K 3K 197
                                    


(Zawgyi)


အခန်းအရောင်က အပြာဖျော့ဖျော့နဲ့ အဖြူစပ်ကြား တည်တည်ငြိမ်ငြိမ်အရောင်။ ကျယ်ဝန်းလှတဲ့အခန်းထဲ အလုပ်စားပွဲကြီးရယ် ဆိုဖာတွေရယ် အပြင် ဂေါ့ဖ်ကွင်းအသေးလေးလဲ ရှိသေးသည်။

ဘော့စိရုံးခန်းဆိုတော့လည်း ဒီလောက်တော့ရှိတာပေါ့။ ပုံမှန်အချိန်သာဆို သူလိုသာမာန်ဝန်ထမ်းလေးရောက်ဖို့ခက်ခဲတဲ့ ရုံးခန်းမို့ စပ်စုမိဦးမှာ။ အခုတော့ အခြေအနေအရ ခေါင်းလေးငုံ့ပြီးထိုင်နေရသည်။

"ရှောင်းကျန့် ကော်ဖီသောက်မလား။ ရေနွေးသောက်မလား။"

"ခညာ"

အလုပ်ထွက်မလား အလုပ်ဖြုတ်ရမလား မေးတာမဟုတ်တော့ ရှောင်းကျန့်ကကြောင်တောင်တောင်လေး မော့ကြည့်သည်။ သူ့ကို သူဌေးက ပြုံးပြုံးကြီးပြန်ငုံ့ကြည့်နေသည်။ အလုပ်မထုတ်ခင် စိတ်ငြိမ်အောင် ကော်ဖီတိုက်နေတာမဟုတ်ပါစေနဲ့ ဘုရား။

"ရေ. . .ရေဆိုရပါပြီ"

သူဌေးက ခေါင်းလေးငြိတ်ပြီးပြန်လှည့်ထွက်သွားတော့ မှ ရှောင်းကျန့်လန့်ပြီးထအော်မိသည်။

"အာ. . သူဌေး မဟုတ်ဘူး မသောက်ဘူး. . အလကားပြောတာ. . .ကျွန်တော်မှားပြောတာ"

ရှောင်းကျန့်ရေ သေတော့မှာပဲ မင်းကတော့ သူဌေးကို ရေခပ်ခိုင်းတာတဲ့။ မင်းရဲ့သူဌေးကို မင်းက ရေခပ်ခိုင်းတာတဲ့။ သူဌေးက မင်းကိုအလုပ်ဖြုတ်ပြီးရင် ဒီ ဆယ်လွှာကနေ ကန်ချသင့်တယ်မလား။

သူဌေး ဝမ်ဟိုင်ခွမ်း ခမျာလဲ သွားရမလို ပြန်လှည့်ရမလိုနဲ့။ ဘေးက ဆိုဖာမှာ မင်းသားစတိုင်နဲ့ ခြေချိတ်ထိုင်နေတဲ့ ရိပေါ်က. .

"ကျန့်ကော ဘာဖြစ်နေတာလဲ။ အေးအေးနေစမ်းပါ။ ကော သူက Green tea သောက်တာ"

"အော်အေး. . အေး"

သူဌေးလှည့်ထွက်သွားတော့ ရှောင်းကျန့် ဝမ်ရိပေါ်ကို မျက်မှောင်တွေကျုံ့ အစွယ်ဖြဲ လက်သီးထောင်ပြပြီး ဆူမိသည်။ သူ့ရုံးခန်းထဲ မွှေရတာ အားမရလို့ သူဌေးရုံးခန်းအထိ လိုက်မွှေတာလား။

"ဘာဖြစ်နေတာလဲ"

ရိပေါ်က သူ့ကိုပြန်ဟောက်တာတဲ့။ ရှောင်းကျန့် ရဲ့ ကျနေတဲ့ သွေးပေါင်တွေတောင် နတ်ပြည်အထိထောင်တက်ချင်သွားသည်။ အဲ့ဒါတွေပဲ မတည့်ဘူးဆိုတာ။ ဝေးနေတုန်းသာ ချစ်ဖို့ကောင်းသလိုလိုရှိတာ အနားနီးရင် အဆင်မပြေဘူးပဲ။ ရှောင်းကျန့်ရေ မင်း က ကောင်းကွက်လေးတွေတင် ကွက်တွေးပြီး လွမ်းနေတာလေ အခုတော့ သူအချိုးမပြေတာလေးတွေ  သတိရပြီမလားလို့ ကိုယ့်ကိုယ်ကို ပြန်အော်ဆူမိသည်။

Di Di Ai Ni!!Where stories live. Discover now