ရှောင်းကျန့်အတွက် ရိပေါ်ပေးခဲ့တဲ့ မှတ်မှတ်ရရလက်ဆောင်ဆိုတာ အရှက်ကွဲခြင်းပင်။
လွန်ခဲ့တဲ့ ဆယ်နှစ်က တစ်ခါ။
အခုတစ်ခါ။
အချိန်စာရင်းနဲ့များ ကလန်ဒါကျ ပြန်လာသလားမှတ်ရအောင်။
လွန်ခဲ့တဲ့ ဆယ်နှစ်က လူလည်ကောင်မှာ ယောကျာ်းလေးချင်းရည်းစားစာပေးခံရသည်။ အဲ့ဒီတုန်းက ရှောင်းကျန့်က သူ့တိမ်းညွတ်မှုကို အတွင်းမှာသိနေပေမယ့် အပြင်မှာ ဘယ်သူ့ကိုမှ ဖွင့်မပြောရသေးသလို လက်မခံနိုင်ခဲ့သေးတော့ အတော်ကို ရှက်ခဲ့ရတာ။
အခုတစ်ခါကျ. . . . .
"အဟမ်း"
Green tea ဘူးကိုကိုင်ရင်း ငိုင်နေတဲ့ ရှောင်းကျန့် တစ်ယောက် ချောင်းဟန့်သံကြောင့် အတွေးထဲက လန့်နိုးသွားတော့ သူ့ရှေ့မှာ ဝမ်ကျိုးချန်။
နှုတ်ဆက်ပြီး ရူးချင်ယောင်ဆောင် ရှောင်ထွက်သွားချင်ပေမယ့် ကျိုးချန်က သူ့ကို တစ်ခုခု ပြောချင်နေပုံရသည်။
"ဟိုနေ့ညက ကိစ္စတောင်းပန်ပါတယ်။ ဌာနမှူးဝမ် ရဲ့ ကား ပျက်စီးသွားတာကို ကျွန်တော်ပြန်လျော်ပေးပါ့မယ်။"
ရှောင်းကျန့်ပဲ အရင်စပြောလိုက်သည်။ ဘာဖြစ်ဖြစ် သူမျက်နှာပူပြီးမနေချင်။ တစ်ဌာနထဲအတူတူ အလုပ်လုပ်ရမယ့်သူတွေဆိုတော့ အကြာကြီးလဲရှောင်လို့မှမရတာ။
ကျိုးချန် ဘာပြန်ပြောရမှန်းမသိ နှုတ်ခမ်းကိုက်ပြီး စဉ်းစားနေမိသည်။ တောင်းပန်ရအောင် အဲ့ဒီညက သူကတော့ ဘာမှမထိခိုက်။ သူ့ကားကတော့ ဆေးပွန်းသွားသည်။ ဘန်ပါ ချိုင့်သွားသည်။ ဒါပေမယ့် အာမခံရှိတော့ သူ့အပူမဟုတ်။
ဒါပေမယ့် ပြဿ နာက ရှောင်းကျန့်။ မနေနိုင်စွာနဲ့ပဲ
"ရှောင်းကျန့်. .. စပ်စုတယ် မထင်ပါနဲ့။ ကျွန်တော် မနေနိုင်လို့ မေးတာပါ။"
". . . . . . . . . . . "
"အဲ့ဒါက ညီလေးမဟုတ်ဘူးပေါ့"
ရှောင်းကျန့် မျက်နှာပူပူနဲ့ပဲ ခေါင်းငုံ့လိုက်မိသည်။ စဉ်းစားပေါ့ ဝမ်းကျိုးချန်ရယ် ဘယ်ညီက သူ့အကိုကို အဲ့လိုနမ်းမလဲ။
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .