(Zawgyi)စောင်ကလေးလေး: ကော ဂျပန်ကျ ဘာစားချင်လဲ
ချစ်ကောကော: ဘာမှမစားချင်ဘူး
စောင်ကလေးလေး: အဲ့ဒါဆို ကျွန်တော့်ကိုစား
ချစ်ကောကော: ချီးတောင်မစားဘူး
စောင်ကလေးလေး: ကျွန်တော်ကလဲ ချီးတော့မကျွေးပါဘူး
ချစ်ကောကော: ငါအလုပ်လုပ်ရမှာ မင်းပါးစပ်ပိတ်
စောင်ကလေးလေး: ကျွန်တော်နဲ့ အလုပ် ဘယ်ဟာ ပိုအရေးကြီးလဲ
ချစ်ကောကော: မင်းနဲ့ ဂျပန်လိုက်ဖို့ ခွင့်ယူရမှာလေ အဲ့မတိုင်ခင် အလုပ်တွေအပြီးဖြတ်ရမယ်
စောင်ကလေးလေး: အာ့ဆိုလဲ ပြီးရော. . ကောကိုလွမ်းတယ်. . ညဆို အိပ်လို့တောင်မပျော်ဘူး
ချစ်ကောကော: စောက်ပိုတွေပြောပြန်ပြီ
စောင်ကလေးလေး: တကယ် အိမ်ပြန်လာပြီး ကောကို ဖက်အိပ်ချင်တာ. . . နည်းပြက ပေးမပြန်လို့ရယ်. .
စာရိုက်နေရင်း ရှောင်းကျန့် ပါးတွေတောင် နီရဲပြီး ပူလာတယ်။ ငါအလုပ်ထဲကနေ message ခိုးပို့နေတာလေ ဒီလို ရှက်စရာတွေ ပြောရလား။
ချစ်ကောကော: အင်းလေ ပြိုင်ပွဲပြီးမှ ပြန်လာခဲ့လို့ရတာပဲ. .
"ဟယ်"
လှည့်ကြည့်လိုက်တော့ အနောက်ကနေ ပြုံးပြုံးကြီး ရပ်ကြည့်နေတဲ့ ကျဲကျဲ။
အား. . .
ဂွပ်ခနဲ chat box ကို ကောက်ပိတ်ချပစ်တာ ရင်တွေတောင်တုန်တယ်။
"အဆင်ပြေသွားပြီလား. . "
ကျဲကျဲက သူ့ပုခုံးကိုပုတ်ပြီး ရီကျဲကျဲနဲ့ မေးတော့ ခေါင်းပဲ ငြိတ်ပြလိုက်သည်။ အရမ်းကြီး မကြွားရဲပါဘူး။ အဆင်ပြေတယ်ဆိုရုံပဲရှိသေးတာ။ အခုထိ ရည်းစား စကားကို နှစ်ယောက်လုံး မျက်နှာချင်းဆိုင်မပြောရသေးဘူး။
ရိပေါ်ကလေးလည်း သနားပါတယ်။ ပြိုင်ပွဲနားနီးနေတော့ နေ့မနား ညမနား လေ့ကျင့်နေရတာ။ သူ့အချိန်စာရင်းတွေ ဖောက်မှာစိုးလို့ဆိုပြီး နည်းပြက ရှောင်းကျန့်အိမ်ပေးမပြန်ဘူး။ ရိပေါ်ကလဲ ရိပေါ်ပဲ သူတို့အဖွဲ့ထဲ ဆိုရိုးတောင်တွင်တယ် ဝမ်ရိပေါ် သူ့ကျန့်ကောအိမ်သွားရင် ဇောင်းထဲလွှတ်လိုက်တဲ့ မြင်းလို မြန်သလောက် ပြန်လာရရင်တော့ လေဖြတ်နေတဲ့ လိပ်လိုပဲ နှေးတယ်တဲ့။
BẠN ĐANG ĐỌC
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .