Arc 4.1

38.2K 797 16
                                    


လင်းရှီနဲ့ ဝမ်လေ့ဟာ တချိန်တည်းမှာဘဲ အတူတူ သေဆုံးခဲ့ ကြတယ်။ရွာသားတွေဟာ သူတို့နှစ်ယောက်ကို တောထဲကရေကန်လေးဘေးမှာ မြှုပ်နှံပေးကြတယ်။ အဲ့နေရာလေးမှာ သူတို့ကလေးဘဝကတည်းကနေ စပြီး အတူတူ ဆော့ခဲ့ပြီး ဘဝရဲ့အချိန်အများအပြားကို အဲ့နေရာနားမှာဘဲ ကုန်ဆုံးခဲ့ ကြလို့ဘဲ ဖြစ်တယ်။
"Host ပြန်လာတဲ့အတွက် ကြိုဆိုပါတယ်"
System ဟာ စွမ်းအင်တွေအများအပြား စုပ်ယူနိုင်ခဲ့လို့ အရမ်းပျော်နေတယ်။ လင်းရှီကတော့ သူ့ချစ်သူကို ထားခဲ့ရတော့ စိတ်တွေက နွမ်းလျနေတယ်။ နောက်ဆုံးအချိန်တုန်းက သူဟာ သူ့ချစ်သူရဲ့ ဝိဥာဉ်ကို သူနဲ့အတူပါလာအောင် ကြိုးစားပေမဲ့ သူမလုပ်နိုင်ခဲ့ဘူး။
သူဟာ သူ့ချစ်သူကို မှတ်မိဖို့ လက်စွပ်လေးဘဲရှိတယ်။
(TN~FOD မှာ ကျိုးယွင်ရှန့်က သူ့ချစ်သူကိုနမ်းရင် မှတ်မိတယ်။
Heroic Death system မှာ ရှန့်ခယ်က သူ့ချစ်သူရဲ့ မှဲ့လေးကို ကြည့်ပြီး မှတ်မိတယ်။ Chasing you မှာကျ Ains က လက်စွပ်လေးနဲ့ ကြည့်ပြီး မှတ်မိတယ်။ လင်းရှီနဲ့ တူတူဘဲ ။ ကျွန်တော်တောင် system ထဲ ဝင်ချင်သွားပြီ 🤧)
သူ့ရဲ့ ခေါင်းလေးကို ခါရင်း မကောင်းတဲ့အတွေးတွေကို ဖယ်ပစ်လိုက်ပြီး အညိုရောင်အစေ့လေးကနေ အညွှန့်လေးတွေ အစိမ်းရောင် အရွက်လေးတွေ ထွက်နေတဲ့ system ကို ကြည့်လိုက်တယ်။

"Host ကျွန်တော် အခုဆိုရင် ဆေးဝါးတွေ ဆေးလုံးတွေ ထောက်ပံ့ပေးနိုင်ပြီ''
System ဟာသူ့ကိုယ်သူ သိပ်ဂုဏ်ယူသွားပြီး သူ့Host ဆီက ချီးကျူးစကားလေးကို စောင့်လိုက်ပေမဲ့ အအော်ခံသာထိသွားတယ်။
"ငါအရင် ကမ္ဘာမှာ နာလို့ သေတော့မလိုဖြစ်နေတုန်း မင်းကဘယ်ရောက်နေတာတုံး ''
လင်းရှီဟာ system က ထမင်းဘူးလေးလိုဘဲ လို့ခံစားနေရတယ်။  တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ မျက်နှာမှာ အစားအသောက်တွေဘဲ ပြည့်သိပ်ထည့်ထားသလိုဘဲ။ ဒါပေမဲ့ အဲ့လူတွေက အသုံးမကျတဲ့လူတွေ ဖြစ်မလာဘူး။ System ဟာ သူသွားတဲ့ကမ္ဘာတွေဆီက စွမ်းအင်တွေကိုရရှိနေပေမဲ့ အခုထိ အသုံးကိုမကျသေးလေဘူး။
"Host စိတ်မဆိုးပါနဲ့''
"ဒါဆို ငါက ပျော်နေရမှာလား'' လင်းရှီဟာ အပင်ပေါက်လေးကို စိုက်ကြည့်လိုက်တယ်။
"နောက်ကမ္ဘာကို သွားကြရအောင်'' လင်းရှီဟာ လက်စွပ်ကလေးကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
-------------------------
ဒီကမ္ဘာမှာတော့ လိင်အမျိုးအစားနှစ်မျိုးဘဲရှိတယ်။ ယောက်ျားနဲ့ ကော တွေ ဆိုပြီးတော့ပေါ့။ ကောတွေဟာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်တဲ့ ယောက်ျားလေးတွေ ဖြစ်တယ်။ သူတို့ရဲ့ရုပ်ရည်ဟာ ယောက်ျားလေးတွေထက်နူးညံ့သိမ်မွေ့ပြီး သူတို့ခန္ဓာကိုယ်တစ်နေရာရာမှာ ကျူးရှာကျစ် လို့ခေါ်တဲ့ မှဲ့အနီလေးတွေရှိတယ်။ အနီရောင်မှဲ့လေးက အရောင်ရင့်လေလေ သားဖွားနိုင်စွမ်း မြင့်လေပါဘဲ။
လင်းရှီဟာ ရှန်းရှစ်(Xian Shi) လို့ ခေါ်တဲ့ ကောလေးတစ်ယောက် ကိုယ်ထဲ ရောက်လာခဲ့တယ်။ ဒီကောငယ်လေးဟာ ရွှယ်မျိုးစုရဲ့ အကြီးအကဲရဲ့ သားအကြီး ရွှယ်လုံ (Xue Long) နဲ့ စေ့စပ်ထားလေတယ် ။ သူတို့ဟာ ရွှယ်မျိုးနွယ်စုထဲနေထိုင်ပြီး ရှန်းရှစ်လေးဟာ သူ့ခါးမှာ ကျူးရှာကျစ်အရောင်တောက်တောက် ကလေးနဲ့ မွေးလာခဲ့တာကြောင့် ရွှယ်လုံနဲ့ စေ့စပ်ပေးဖို့ လူတိုင်းက သဘောတူခဲ့ ကြလေတယ်။
သို့သော်လည်းဘဲ သူတို့မျိုးနွယ်စုဟာ တခြားမျိုးနွယ်စုနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ မျိုးနွယ်စုတွေဟာ နယ်မြေတွေ ချဲ့ထွင်လာပြီး အာဏာကို တပ်မက်လာတဲ့အတွက်ကြောင့်ပေါ့။ ရွှယ်လုံဟာ အသက်ဆယ်နှစ်အရွယ်ကတည်းက သူ့အဖေနဲ့အတူ စစ်ထဲလိုက်ပါသွားတော့တယ်။ ပြီးတော့ သူ့ရဲ့ သတို့သားလောင်းလေးနဲ့ ပက်သတ်တာတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတော့တယ်။ စစ်ပွဲဟာ အဆုံးသတ်သွားပြီး ရွှယ်မျိုးနွယ်စုဟာ အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ ရွှယ်လုံဟာ တိုက်ပွဲမှာ ဒဏ်ရာရခဲ့ပြီး လမ်းမှာ သူ့စစ်တပ်နဲ့ ကွဲသွားတယ်။
သူဟာ တောထဲမှာလဲကျနေပြီး ရှန်းရှစ်ကတွေ့တဲ့အခါ ကယ်တင်လိုက်တယ်။ ရွှယ်လုံရဲ့ အမြင်တွေဟာ ဝေဝါးနေပြီး သူ့ကို ကယ်ခဲ့သူဟာ ရှန်းရှစ်ရဲ့ အဖေတူသား လီချန်း (Li Qiang) လို့ ထင်သွားတယ်။
ဒီလို နားလည်မှုလွဲ ပြီး ရွှယ်လုံဟာ လီချန်ကို လိုက်ပိုးပန်းတော့တယ်၊ ရှန်းရှစ်နဲ့ ရွှယ်လုံဟာ ငယ်ငယ်တုန်းကတည်းက  စေ့စပ်ခဲ့ ကြပေမဲ့ သူတို့မိဘတွေဟာ စစ်ပွဲအတွင်းဆုံးပါးကုန်ပြီလေ။ ပြီးတော့ သူတို့ကိုယ်တိုင်ကလွဲပြီး သက်သေလဲ မကျန်တော့ဘူးလေ။ ဒါကြောင့်ရွှယ်လုံဟာ လွယ်လွယ်ဘဲ ရှန်းရှစ်နဲ့ စေ့စပ်ထားတာကို ဖျက်ပစ်လိုက်တယ်။
ရှန်းရှစ်မှာ သက်သေရှိနေပေမဲ့ သူ့ကို ထောက်ခံပေးမယ့်တစ်စုံတစ်ယောက် လိုနေတယ်။ ပြီးတော့ သူ့ပထွေးရဲ့ အကွက်ချကြံစီမှုတွေကြောင့် သူဟာ ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ သူဟာ သူ့ပထွေးနဲ့ သူ့သားကြောင့်မို့ စိတ်ဆင်းရဲစွာ သေဆုံးခဲ့ရတယ်။
လင်းရှီဟာ ရှန်းရှစ်ရဲ့မှတ်ဉာဏ်တွေကို လက်ခံရရှိပြီးနောက်မှာ ရှန်းရှစ်ဟာ တကယ်တော့ ရွှယ်လုံကို မချစ်ဘူးဆိုတာသိလိုက်ရတယ်။ သူ့မိဘရင်းတွေသေဆုံးတော့ သူဟာ ဒီသားအဖနှစ်ယောက်တွဲရဲ့ နှောင့်ယှက်ခြင်းကိုခံခဲ့ရတယ်။ သူဟာ ဒီစေ့စပ်ထားတာကို သုံးပြီး သူတို့လက်က လွတ်မြောက်ချင်တာဘဲ ဖြစ်တယ်။ ဒါပေမဲ့ ရွှယ်လုံဟာ သူ့ရဲ့ ကလိမ်ကကျစ် ညီ (အဖေတူ အမေကွဲ(ကော) ညီ) နဲ့ ချစ်သွားမယ်လို့ သူလုံးဝ မထင်မှတ်ထားခဲ့ဘူး။
လင်းရှီမျက်လုံးဖွင့်လိုက်တဲ့အခါမှာ သူတောထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ ဒီကမ္ဘာမှာ ကောတွေဟာ မျိုးနွယ်စုအတွက် ဆေးပင်တွေ စားစရာတွေကို လိုက်လံရှာဖွေစုဆောင်ပေးရတယ်။ ယောက်ျားတွေက တော့ မျိုးနွယ်စုအတွက် အမဲလိုက်ပေးကြတယ်။ တိုက်ခိုက်ပေးကြတယ်။
ကောတွေဟာ ချက်ပြုတ်ရတယ်။ အိမ်သန့်ရှင်းရေးလုပ်ရတယ်။ အဝတ်အစားတွေ ချုပ်လုပ်ပေးရတယ်။ ဒါပေမဲ့ ရှန်းရှစ်ဟာ သူငယ်ငယ်လေးကတည်းက သူ့ရဲ့ ကောအဖေ သေဆုံးသွားခဲ့လို့ ဒါတွေကို မသင်ခဲ့ရဘူး။ သူရဲ့ အဖေ ဟာ တခြား ကောတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုလိုက်တယ်။ သူတို့မှာ နောက်ထပ် လီချန်းလေးရရှိလာခဲ့တယ်။ ဒါပေမဲ့သူ့အဖေဟာ မျိုးနွယ်စုအတွက် စစ်ထွက်ခဲ့ရပြီး သူ့ကို ဒီကောအဖေနဲ့ ထားခဲ့ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ သူ့အဖေ သေဆုံးသွားတော့ သူဟာ ဒီလူနဲ့ သူ့ညီ ဆိုတဲ့သူတို့နဲ့ တစ်မိုးအောက်ထဲနေခဲ့ရတယ်။ သူ့ပထွေးဟာ သူ့ရဲ့ စေ့စပ်ထားတဲ့အကြောင်းကို သိနေခဲ့တယ်။ ဒါပေမဲ့ သူ့သားအရင်း လီချန်းကိုဘဲ ဖြစ်စေချင်တယ်။ ဒါကြောင့်သူဟာ ရှန်းရှစ်ကို ကောတွေတတ်သင့်တတ်ထိုက်တဲ့ ပညာရပ်တွေကို ၁၆နှစ်အရွယ်ရောက်သည်အထိ တစ်ခုမှ မသင်ပြခဲ့ဘူး။ ဘယ်လိုချက်ပြုတ်ရမယ်၊ အိမ်ကိုဘယ်လိုသန့်ရှင်းရမယ် ဆိုတာတွေကောပေါ့။ သူဟာ ကမ္ဘာအစစ်က ဒီဇိုင်းနာတစ်ယောက်အနေနဲ့ အဝတ်တော့ချုပ်တတ်တယ်။ ဒါပေမဲ့ ဒါကတော့......။
လင်းရှီဟာ သူ့ရဲ့ခါးက ကျူးရှာကျစ်ကို ရှာလိုက်တယ်။ အဲ့ဒါဟာ ပန်းရောင်ဖျော့ဖျော့လေးရှိနေတယ် သူမွေးဖွားလာတုန်းကနဲ့မတူဘဲပေါ့။ ရှန်းရှစ်ဟာ သူ့ပထွေးကို ပြောပြခဲ့ဖူးပေမဲ့ သူ့ကို သံသယဖြစ်စရာ ဆေးတစ်ခွက်သောက်စေခဲ့တယ်။ တကယ်တော့ အဲ့ဒီဆေးဆိုတာက သူ့ရဲ့ ကျူးရှာကျစ် ကို မှိန်စေပြီး ဉာဏ်ရည်နိမ့်ပါးသွားစေတဲ့ အဆိပ်တစ်မျိုးသာ ဖြစ်တယ်။
သူ့ပထွေးဟာသူ့ကို ဒုက္ခအများကြီးပေးခဲ့တယ်။ သူ့ရဲ့ ရွှယ်လုံနဲ့ စေ့စပ်ထားမှုကိုပျက်စီးစေရုံသာမက သူ့သားအရင်းရဲ့ အရောင်ဖျော့ဖျော့ ကျူးရှာကျစ် ကို အရောင်ရင့်အောင် အမျိုးမျိုးလုပ်တယ်။ လီချန်းမွေးတုန်းက သူ့သားရဲ့ကျူးရှာကျစ်ဟာ ရှန်းရှစ်နဲ့ယှဉ်ရင် အများကြီး ဖျော့တော့တာကြောင့် အရမ်းဒေါသထွက်ခဲ့တယ်။ ဒါကြောင့်အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ သူဟာ အစီအစဉ်ချခဲ့တယ်။ သူ့သားအရင်းရဲ့ ကျူးရှာကျစ်ကို ပိုမိုတောက်ပလာစေပြီး ရှန်းရှစ်ကိုကျတော့ ပျက်စီးအောင် ဆေးတွေတိုက်တော့တယ်။
System 1314: Host ! Host ရဲ့တာဝန်က ရှန်းရှစ်အတွက် လက်စားချေပေးဖို့ရယ် ပြီးတော့ အဲ့ဒီလူရဲ့ အကြံအစည်ထဲက လွတ်မြောက်ဖို့နဲ့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ လက်ထပ်နိုင်ဖို့ ဘဲ ဖြစ်ပါတယ်။
လင်းရှီ: System ငါအခုမိနေတဲ့ အဆိပ်ကို အရင်ဖြေပေးပါ။
System ဟာ ပန်းရောင်ဆေးလုံးလေးကို ပေးလိုက်ရင်း ပြောတယ်။
''Host, ကျွန်တော် အသုံးဝင်တယ် မဟုတ်လား''
လင်းရှီ: တစ်ခါထဲပါ..။
လင်းရှီဆေးကို သောက်လိုက်ပြီးနောက်မှာ သူ့ရဲ့ ကျူးရှာကျစ်လေးဟာ အရောင်ပြန်တောက်ပလာတော့တယ်။ သူဟာ အဲ့ဒါလေးကို သူ့အင်္ကျီနဲ့ဖုံးလိုက်ပြီး ပြုံးလိုက်တယ်။ သူဒီနေရာလေးကို အုပ်ထားဖို့ တစ်ခုခု သုတ်လိမ်းထားရမယ်။ ဒါမှ သူ့ပထွေး သံသယမဝင်မှာ..။

သူဒီနေရာကထွက်သွားဖို့ ပြင်လိုက်တဲ့အခါ ခြေသံတစ်ချို့ကိုကြားလိုက်ရပြီး သူဟာ သစ်ပင်အနောက်ထဲ ဝင်ပုန်းလိုက်တယ်။ သူဟာ လဲကျတဲ့အသံကို ကြားလိုက်ရပြီး ဘာအသံမှထပ်မကြား ရတော့ဘူး။ သူချောင်းကြည့်တဲ့အခါ လဲကျနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ မြေပြင်ပေါ်မှာလဲ သွေးတွေ တစ်တောက်တောက်ကျနေဆဲ လူတစ်ယောက်ပေါ့။
လင်းရှီဟာ သတိထားပြီးချဉ်းကပ်ကြည့်တဲ့အခါ ဒီလူဟာ ရွှယ်လုံ ဖြစ်ကြောင်းသိလိုက်ရတယ်။ သူ့လက်စွပ်ဟာ ပူမလာပါဘူး။ ဒါပေမဲ့ သေချာအောင်လို့ သူ့ကိုယ်အနှံ့ရှာကြည့်လိုက်တယ်။ သူ့မှာလက်စွပ်မရှိပေမဲ့ လင်းရှီကို သွားရည် တမြားမြားကျသွားအောင် ဆွဲဆောင်နေတဲ့ ချောကလက်တုံးတွေတော့ရှိတယ်။ (abs XD)
သူဟာ လက်ကလေးနဲ့ ဒီလူ့ရင်အုပ်ကို ပွတ်သပ်လိုက်မိတယ်။ ထိုလူက သူ့ခါးကို မဆွဲမိလိုက်ခင်ထိ သူသတိမပြုမိသေးဘူး။

"မင်း ဘာလုပ်နေတာလဲ'' လင်းရှီဟာ ရွှယ်လုံ နိုးလာမှန်းသိလိုက်ရတယ်။ သူဟာ လင်းရှီကို စိုက်ကြည့်နေပြီး မေးလိုက်တယ်လေ။
သူ့ကို လျစ်လျူရှုပစ်လိုက်ပြီး သူ့လက်ထဲကရုန်းထွက်လိုက်ကာ ရွှယ်လုံရဲ့ မျက်နှာချောချောကို ကန်ပစ်လိုက်တယ်။ ဒါနဲ့ရွှယ်လုံဟာ မေ့မြောသွားပါတော့တယ်။
ဒီဟာ ရှန်းရှစ်အတွက် လက်စားချေတာဘဲ....။
လင်းရှီဟာ နောက်ထပ်လေတိုးသံကို ကြားပြီး ချက်ချင်းပြန်ပုန်းလိုက်ပြန်တယ်။ ပြီးတဲ့နောက်မှာ သူဟာ ပင့်သက်ရှိုက်တဲ့အသံကို ကြားလိုက်ရတယ်။

"ခင်ဗျား အဆင်ပြေရဲ့လား'' ဒါဟာ လီချန်းရဲ့အသံပါဘဲ။ သူ့ညီဝမ်းကွဲဟာ စိတ်ပူနေသလို သရုပ်ဆောင်နေတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေဟာ လောဘတွေနဲ့ ပြည့်နေတယ်။
(TN~ တကယ်တော့ အဖေတူ အမေကွဲ၊ ဒီမှာတော့ အဖေတူ ဖေဖေကွဲခေါ်မလားဘဲ။ သူ့ရဲ့ ညီလို့ တိုက်ရိုက်မရေးချင်လို့။ ဝမ်းကွဲလို့ သုံးပါ့မယ်နော်။ တစ်ဗိုက်ထဲက ထွက်လာတာမှမဟုတ်ဘဲ။ ဝမ်းကွဲလို့ဘဲ သုံးမယ်နော် 😁 ok??)

ရွှယ်လုံဟာ ဒဏ်ရာရပြီး မေ့မြောနေပေမဲ့ သူ့ဝတ်ပုံစားပုံအရ ချမ်းသာပြီး အာဏာရှိသူဖြစ်ပုံရတယ်။ လီချန်းဟာ တစ်ချက်ကြည့်လိုက်ပြီး သူ့အဝတ်အစားမှာ ရွှယ်မျိုးနွယ်စု သင်္ကေတကို တွေ့လိုက်ရတယ်။ ဒါဟာ သူတို့ရွာကဘဲ။ သူဟာချက်ချင်းဘဲ ရွှယ်လုံကို သယ်ပြန်ဖို့လုပ်တော့တယ်။
------------------------ TBC
2958 words
Thanks for reading my translation 🤗🤗

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now