Arc 4.9

5.5K 451 7
                                    


ရွှယ်လုံဟာ ဒေါသတွေကြောင့် မျက်ဝန်းက ကျဉ်းမြောင်းသွားပြီး သူ့ညီကို ကော်လံကနေ ဆွဲမလိုက်တယ်။
"မင်းခုနကပြောတာကဘာလဲ"
ရွှယ်ထောင်ဟာ ရယ်လိုက်ပြီး ပြန်ပြောတယ်။ "သူဘယ်တော့မှ ကလေးမွေးပေးနိုင်မှာမဟုတ်ဘူး" သူဟာ ပြုံးပြီး ပြောနေတယ်။ သူဟာ သူ့အကိုဆီမှာ အမွေဆက်ခံနိုင်မဲ့သူကို မွေးနိုင်မဲ့အခွင့်အရေးကို ဖျက်စီးခဲ့ရလို့်ကျေနပ်နေတယ်။ သူတကယ်လို့ အကြီးအကဲဖြစ်ခဲ့ရင်တောင် ရွာသားတွေက သူ့ကို ရှန်းရှစ်နဲ့လုံးဝသဘောတူကြမှာ မဟုတ်ဘူး။
သူဟာ ရှန်းရှစ်ကို ကိုယ်ဝန်မရနိုင်တော့အောင် လပ်ဖက်ရည်ထဲမှာ အခြားအဆိပ်တစ်မျိုးကိုပါ လီချန်းကို ထည့်စေခဲ့တာဖြစ်တယ်။ ရွှယ်ထောင်ဟာ လီချန်းလဲ သူ့ကို အဲ့ဆေး ထည့်စေချင်တယ်လို့ ထင်တဲ့အတွက်ကြောင့်လဲ ဖြစ်တယ်။
----------------
ရွှယ်ထောင်မသိပေမဲ့ မနေ့က လီချန်းဟာ ရွှယ်ယန်ကို ဓားနဲ့ ထိုးပြီးတဲ့နောက် သူဟာ အိမ်ပြန်လာပြီး သူ့အဖေရှေ့လဲရောက်ရော လဲပြိုသွားတော့တယ်။ သူ့အဖေဟာ လီချန်းကိုယ်ပေါ်မှာ သွေးစက်တွေပေနေပြီး အိမ်ကို သွေးမရှိတဲ့မျက်နှာနဲ့ ပြန်လာတာလဲ မြင်ရော အရမ်းကို ထိတ်လန့်သွားတယ်။
"ဘာတွေဖြစ်ခဲ့တာလဲ" ကောအဖေဟာ သူ့သားကို အိမ်ထဲဆွဲသွင်းပြီး လီချမ်းဟာ တုန်လှုပ်နေကြောင်း သတိပြုမိလိုက်တယ်။
လီချန်းဟာ ထိတ်လန့်နေဆဲဘဲ။ သူဟာ သူ့ဘဝမှတစ်ခါမှ လူမသတ်ဖူးလေးဘူး။ သူဟာ ရွှယ်ယန်ကို ဓားနဲ့ထိုးပြီးပြီချင်း ခေါင်းတွေ မူးလာသလို ခံစားလိုက်ရတယ်။ ရွှယ်ယန်ရဲ့ ဒဏ်ရာက သွေးတွေ အဆက်မပြတ်ထွက်လာတာကို မြင်တော့ သူ့သွေးတွေဆူပွက်လာတယ်။ သူ့ရဲ့အသားတွေဟာလဲ အေးစက်လာတယ်။
သူ့ရင်ဘက်ကနေ သည်းခြေရည်တွေ ထွက်မလို ခံစားနေရတာကြောင့် ဒီနေရာကနေ အမြန်ထွက်ပြေးလိုက်တော့တယ်။ သူ့စိတ်တွေဟာ ဟာနေပြီး နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့တယ်။ သူဟာ သူ့အဖေအသံကိုကြားမှ လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာတော့တယ်။
"တောင်းပန်ပါတယ်။တောင်းပန်ပါတယ်" သူ့အဖေက သူ့ကို နှစ်သိမ့်ပေးနေတာတောင် သူဟာ အဲ့စကားကို ထပ်ထပ်ပြီးပြောနေတော့တယ်။
ဘန်း....။
တံခါးဟာ ရိုက်ပွင့်သွားပြီး စစ်သားတွေ အများကြီး ဝင်လာခဲ့တယ်။ ပြီးတော် အဖေနဲ့ သားနဲ့ကိ မြေကြီးပေါ်မှာ ချုပ်ကိုင်လိုက်ကြတယ်။
"ခင်ဗျားတို့ ဘာလုပ်ကြတာလဲ။ ငါ့ကို မကိုင်နဲ့"
ရွှယ်လုံဟာ ဝင်လာပြီး သူ့ကို ကန့်ကွက်ပြောဆိုနေတာတွေကို လျစ်လျူရှုထားတယ်။ သူဟာ သူတို့ကို ငုံကြည့်နေတယ်၊ တကယ်လို့ ဒီသားအဖသာ ပုရွက်ဆိတ်တွေဆိုရင် သူဖိသတ်ပြီးနေပြီ။
"ရွှယ်လုံ မင်းဒါဘာလုပ်တာလဲ"
သူ့ကိုပြန်မဖြေဘဲ၊ ရွှယ်လုံဟာ သူ့စစ်သားတွေကို အမိန့်ပေးလိုက်တယ်။
"သူတို့ကို ထောင်ထဲထည့်ထားလိုက်"
စစ်သားတွေဟာ သူတို့ကို မှောင်ပြီး ညစ်ပတ်တဲ့အခန်းသေးသေးလေးထဲ ထည့်လိုက်တယ်။ အဲ့အခန်းအနံ့အသက်ဟာ လူတွေပုပ်သိုးနေတဲ့ အနံ့အသက်တောင်ရနေပြီ။ သွေးညှီနဲ့တွေနဲ့ ပုပ်နေတဲ့အနံ့တွေဟာ ရောထွေးနေတယ်။
လီချန်းဟာ သရဲတစ်ကောင်လို ဖြူဖျော့နေပြီး တဆတ်ဆတ် တုန်နေလေတယ်။ သူ့အဖေဟာ သူ့သားကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးနေကာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ချော့မေးတော့တယ်။  လီချန်းဟာ နောက်ဆုံးတော့ ပြိုလဲသွားပြီး ရွှယ်ထောင်နဲ့အတူတူ လုပ်ခဲ့တာတွေကို ဝန်ခံတော့တယ်။
သူ့အဖေဟာ နောက်ဆုံးတော့ ပြောစရာမဲ့သလိုခံစားလိုက်ရတယ်။ သူဟာ သူ့သားကို ဒီလောက်ထိ ယုတ်မာရက်စက်တတ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလေ။ သူဟာ သူ့သားလေးကို သန့်သန့်စင်စင်နဲ့ ဖြူဖြူစင်စင်လေးသာ နေသွားစေချင်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒါဟာ သူ့အမှားကြောငိ့ ဒီလို ဖြစ်သွားခဲ့တာဆိုတာလဲ သူသိတယ်။ ရွာသားတွေဟာ သူ့သားကို ရှန်းရှစ်နဲ့ နှိုင်းယှဉ်ပြီး အမြဲပျက်ရယ်ပြုခဲ့တာကြောင့် သူဟာ သူ့သားကို အားလုံးထက်သာအောင် နည်းမျိုးပေါင်းစုံ သုံးခဲ့တာဖြစ်တယ်။ သူ့ရဲ့အမြင်တွေဟာ သူ့သားလီချန်းရဲ့ အနာဂတ်ကို ဖျက်စီးပစ်နေလေမှန်း အခုမှသိလိုက်ရတော့တယ်။
ရွှယ်လုံ ထောင်ထဲလာတဲ့အခါမှာ သူ့သားအစား သူသာအပြစ်ခံဖို့ ဆုံးဖြတ်လိုက်တယ်။
"နေပါဦး။ ငါ့သားလေးက ဖြူစင်တယ်။ ငါက ဒါတွေအားလုံးကို စီစဉ်ခဲ့တာဘဲ"
ရွှယ်လုံဟာ နှာတစ်ချက်မှုတ်လိုက်ပြီး အေးစက်စွာပြောတယ်။ "လီချန်းက ငါနဲ့ ရှန်းရှစ်သောက်မဲ့ လက်ဘက်ရည်ထဲ အဆိပ်ထည့်ခဲ့တဲ့သူ ဖြစ်တယ်။ ပြီးတော့ ငါ့ညီရွှယ်ယန်ကိုလဲ သတ်ဖို့ ကြိုးစားခဲ့သေးတယ်။ သူ့အစား ဝန်ခံမနေနဲ့။ မနက်ဖြန်နေ့လည်ခင်းကျရင် ရွာရဲ့အလယ်လူတွေရှေ့မှာ သူ့ကိုကွပ်မျက်ရလိမ့်မယ်။"
--------------
နောက်တစ်နေ့မှာ ရွှယ်လုံဟာ သူ့ညီနဲ့ထိပ်တိုက်ပြောပြီး သူ့ကို ထောင်ထဲဆွဲသွင်းပစ်လိုက်တယ်။ သူဟာ သူကိုယ်တိုင်ထောင်ထဲထိသွားကာ ရှန်းရှစ်ကို ခတ်ထားတဲ့အဆိပ်အကြောင်း အားလုံးမပြောပြမချင်း နှိပ်စက်တော့တယ်။
ထောငိခန်းတွေထဲမှာ အော်ဟစ်ညီးညူသံတွေ ပဲ့တင်ထပ်နေတယ်။ လီချန်းနဲ့ သူ့အဖေဟာ မနေ့ကကတည်းက ထောင်ထဲရောက်နေတာဖြစ်လို့ ဒီအော်သံတွေကိုကြားနေရတယ်။ ရွှယ်ထောင်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက စစ်ထွက်သွားခဲ့တဲ့သူ့အကိုကို လုံးလုံးမခုခံနိုင်ပါဘဒ။ သူ့အကို ဓားထုတ်လိုက်တာလဲ မြင်ရော သူဟာ တဆက်ဆက် တုန်လာပါတော့တယ်။ သူဟာ နောက်ဆုံးတော့ အားလုံးကိုဝန်ခံလိုက်တော့တယ်။ သူတို့ပေးခဲ့တဲ့အဆိပ်က ရှန်းရှစ်အတွက် ဖြေဆေးလုံးဝမရှိဘူးလို့ကြားတော့ ရွှယ်လုံဟာ ပေါက်ကွဲတော့တယ်။ သူ့ညီကတော့ မြေပေါ်မှာ အရိုက်ခံထားရပြီး သွေးတွေနဲ့ပေလူးနေပြီ။ ဒါဟာ သူ့ဘီလိမ်နေတာမဟုတ်တာ သေချာနေပြီ။
"သူ့ကိုသတ်လိုက်။ တစ်ခါကို ကိုယ်အင်္ဂါတစ်ခုစီဖြတ်လိုက်။ အဲ့လိုလုပ်နေတုန်း သူမမေ့အောင်သေချာလုပ်"
သူဟာ သူ့စစ်သားတွေကို ခံစားချက်မဲ့မျက်နှာနဲ့ အမိန့်ပေးလိုက်တယ်။ သူဟာ ဒီလူကို သူ့ညီအရင်းဆိုတာတောင် မေ့ထားလိုက်ပုံဘဲ။
ရွှယ်ထောင်ဟာ ဒီစကားတွေလဲ ကြားရော သတိလစ်သွားတယ်။ ဒါပေမဲ့သူ့ကို ရေအေးတွေနဲ့ပက်ပြီး နှိုးလိုက်ကြပြန်တယ်။
လီချန်းတို့သားအဖဟာ ဒီစကားတွေကို အကုန်ုကြားလိုက်ရတာကြောင့် တုန်လှုပ်နေကြပါပြီ။ တစ်ခါကို တစ်ချက်စီနဲ့ လှီးဖြတ်ပြီး သေဒဏ်စီရင်တာက အရမ်းကို ကြောက်စရာကောင်းလှတဲ့ သေဒဏ်စီရင်ခြင်းပါဘဲ။ အဲ့လူဟာ ခနအတွင်း သွေးတွေဆုံးရှုံးလို့ မသေခဲ့သေးရင်တောင်မှ နာကျင်မှုကြောင့် သေမှာဘဲ။ သူတို့ဟာ နာရီအနည်းငယ်လောက်ထိ အော်သံတွေကြားနေရပြီး နောက်ဆုံးသွေးညှီနံတွေရလာကာ သူသေဆုံးသွားသံကို ကြားပြီး တုန်ခါနေတော့တယ်။
----------
ရွှယ်လုံဟာ ထောင်ကိုပစ်ထားခဲ့ပြီး ရှန်းရှစ်ဆီကို တွန်းတိုက်ပြီးကို သွားတော့တယ်။ သူဟာ ဆရာဝန်ကိုခေါ်ပြီး သူ့သတို့သားလေးကို စစ်ဆေးကြည့်ခိုင်းတော့တယ်။ သူဟာ ရွှယ်ထောင်ရဲ့စကားတွေကြောင့် စိတ်လှုပ်ရှားနေတယ်။ သူ့သတို့သားလေးဟာ ကလေးမမွေးပေးနိုင်တော့ဘူးတဲ့။ ရွှယ်လုံဟာ ရှန်းရှစ်ကို အရမ်းချစ်တယ်။ ဒါပေမဲ့ကောတွေအတွက် ကိုယ်ဝန်ရတာက သူတို့ရဲ့ ဘဝမှာအပျော်ဆုံးဘဲ ဆိုတာကို ရွှယ်လုံသိတယ်လေ။ သူဟာ ရှန်းရှစ်ရဲ့အပျော်တွေကို ဒီသတင်းတွေနဲ့ မဖျကိစီးစေချင်ဘူး။
လင်းရှီဟာ တခြားတစ်ဖက်မှာ သူ့ချစ်သူရဲ့ အပြုအမူတွေကြောင့် ပြုံးနေတယ်။ System ဟာ ရွှယ်လုံနဲ့ ရွှယ်ထောင်ပြောခဲ့တဲ့စကားတွေကို သူ့ကို ပြန်တင်ပြထားတယ်။ Systemဟာ သူ့အတွက် အဆိပ်ဖြေဆေးလဲ ပေးထားပြီးနေပါပြီ။ ဒါကြောင့်သူဟာ လုံးလုံး ကောင်းနေပါပြီ။ ဒါပေမဲ့သူ့ချစ်သူ စိုးရိမ်နေတာကို သူအရမ်းပျော်နေပါတယ်။
ဒေါက်တာဟာ ရွှယ်လုံ သူ့ကိုစိုက်ကြည့်နေလို့ သွေးအခုန်လွန်ပြီး ကြောက်ဒူးတုန်နေပါပြီ။ သူသာ ရှန်းရှစ်ရဲ့ အခြေအနေမကောင်းတာလေးများသာ ပြောမိလိုက်ရင် သူ့ကိုရွှယ်လုံဟာ သတ်ဖို့အဆင်သင့်ဖြစ်နေပြီဘဲ။ ခဏကြာတော့မှာ ဒေါက်တာဟာ စိတ်သက်သာစွာပြုံးလိုက်နိုင်တော့တယ်။ ရှန်းရှစ်ဟာ လုံးဝကောင်းနေတယ်ဆိုတာ သေချာတယ်။
ရွှယ်လုံဟာ စိတ်လှုပ်ရှားစွာနဲ့သူ့လက်တွေဟာ လင်းရှီပခုံးပေါ်မှာ ရှိနေပေမဲ့ ဒေါက်တာကို စိုက်ကြည့်နေခဲ့တာဖြစ်တယ်။
"မင်းစိုးရိမ်စရာမလိုပါဘူး။ သူဘာမှမဖြစ်ပါဘူး"
ဒေါက်တာကဒီလိုပြောတော့မှာ ရွှယ်လုံဟာ စိတ်သက်သာစွာနဲ့ သက်ပြင်းမှုတ်ထုတ်နိုင်တော့တယ်။ ဒါပေမဲ့သူဟာဒေါက်တာကို အဆိပ်နဲ့ပတ်သက်တဲ့အကြောင်းတစ်ခုမှ မမေးဘူး။ ဒါပေမဲ့လဲ သူဟာ ရှန်းရှစ်အဆင်ပြေကြောင်း သိမှ စိတ်ကိုလျော့ချလိုက်တယ်။
"တကယ်လို့ ကျွန်တော်က ကိုယ်ဝန်မဆောင်နိုင်ခဲ့ရင် ခင်ဗျားဘယ်လို လုပ်မှာလဲ။ ခင်ဗျား ကျွန်တော့်ကို ဆက်ပြီး လက်ထပ်ချင်ဦးမှာလား" လင်းရှီဟာ မေးလိုက်တယ့်။
ရွှယ်လုံဟာ လင်းရှီကို လက်မနဲနဲလေးသာ ခြားအောင်ဆွဲဖက်လိုက်တယ်။ သူသာ သူ့အချစ်လေးနဲ့မျက်လုံးဆုံစေလိုက်တယ်။ အဲ့မျက်ဝန်းတွေဟာ သူ့ရဲ့အချစ်တွေအပြည့်ဘဲ။
"ကိုယ်မင်းကို ဆက်ချစ်နေမှာ။ မင်းကလွဲပြီး ဘယ်သူနဲ့မှ ကိုယ်လက်မထပ်နိုင်ဘူး"
သူ့ချစ်သူရဲ့အဖြေကို အရမ်းတွေ ကျေနပ်သွားပြီး ဆွဲကာ နက်နက်ရှိုင်းရှိုင်း နမ်းလိုက်တော့တယ်။ သူတို့ဟာ တံခါးခေါက်သံကြားမှ ရပ်လိုက်ကြတော့တယ်။
"တပ်မှူးချုပ် အခု နေ့လည်ရောက်ပါပြီ။ အခု ကွပ်မျက်ရမဲ့အချိန်ရောက်ပါပြီ"
သူတို့ဟာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခွာလိုက်ကြပြီး မျိုးနွယ်စုရဲ့ အလယ်ကို သွားလိုက်ကြတယ်။ လီချန်းဟာ ခေါင်းဖြတ်မဲ့သူရဲ့  အောက်မှာ ရှိနေပြီး သူ့အဖေကို စစ်သားတွေက ချုပ်ထားကြတယ်။ နာရီဟာ ၁၂ အတိကို ရောက်သွားတော့ ကွပ်မျက်မဲ့သူဟာ အဆင်သင့်ပြင်လိုက်တယ်။ ရုတ်တရက် ကောအဖေဟာ စစ်သားတွေဆီက အတင်းရုံးကာ သူ့သားဆီပြေးတော့တယ်။ သူဟာ သူ့သားသေမှာကို မမြင်ချင်ဘူး။ ခုနက ကြက်သေသေသွားတဲ့အစောင့်တွေဟာ သူတို့လက်နက်တွေကို ချက်ချင်းထုတ်လိုက်ကြတယ်။ သူတို့ဟာ ကွပိမျက်ခြင်းအစီအစဉ် မအောင်မြင်မှာကို မလိုလားကြဘူးလေ။
စီစဉ်တဲ့သူဟာ အမှားမရှိအောင် သေချာစီစဉ်ထားတယ်။ ဒီသားအဖဟာ သူတို့ အကြီးအကဲလောင်းရဲ့ သတို့သားလေးကို ထိခိုက်အောင် လုပ်ခဲ့ကြတယ်။ ဒါကြောင့် သူဟာ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။
ကောအဖေဟာ လွတ်မြောက်ဖို့ကြိုးစားနေပေမဲ့ စစ်သားတွေဟာ သူတို့ရဲ့ တပ်မှူးချုပ်ဆီကိုကြညိ့ပြီး လက်နက်အသုံးပြုခွင့်တောင်းခံလိုက်တယ်။ ခွင့်ပြုချက်လဲရရော အကြမ်းပတမ်း လက်နက်တွေကို ကောအဖေဆီ ပစ်လွှတ်လိုက်ကြတော့တယ်။
သွေးတွေဟာ သူ့ကိုလာစင်နေပေမဲ့ လင်းရှီဟာ မကြောက်လန့်သွားဘူး။ ရွှယ်လုံဟာ သူ့သတို့သားလောင်းလေးရဲ့ သူ့အဖေနဲ့ သူ့ညီ သေဆုံးမှုအပေါ်ဘာမှ မခံစားရမှန်းသေချာအောင် ကြည့်ရှုစစ်ဆေးလိုက်တယ်။
System 1314: Host, host ရဲ့တာဝန်ပြီးဆုံးသွားပါပြီ။
လင်းရှီ: Mhmm...
လင်းရှီဟာ သူ့ချစ်သူကိုပြုံးပြလိုက်ပြီး နားနားတိုးတိုးကပ်ပြောလိုက်တယ်။
"ကို......အရမ်းကျေးဇူးတင်ပါတယ်" နူးညံ့တဲ့အသံလေးကိုကြားပြီး ရွှယ်လုံရဲ့ ညီငယ်လေးဟာ တင်းလာခဲ့တယ်။ သူဟာ မြန်မြန်ဘဲ သူ့ချစ်သူလေးကို အခန်းထဲဆွဲခေါ်သွားတော့တယ်။
---------------------TBC
3057 words.
Thanks for reading my translation 🤗🤗

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now