Arc 4.5 (unicode)

3.7K 240 1
                                    

Arc 4.5
တခြားတစ်ဖက်မှာ ရွှယ်လုံဟာ အိမ်ကိုပြန်ပြီး သူ့ညီကို ရှာနေတယ်။ သူ့ညီ ရွှယ်ထောင်ဟာလဲ သူ့ကိုစောင့်နေလေတယ်။
"အကို ပြန်လာပြီဘဲ။ ကျွန်တော့မှာ သတင်းတစ်ချို့ရှိတယ်။ အကို့ကို လုပ်ကြံတ့ဲတရားခံကို ကျွန်တော့တွေ့ထားတယ်။ ပြောရမှာတော့ ဝမ်းနည်းတယ်။ သူက ကျွန်တော်တို့ ညီအငယ်ဆုံးလေး ရွှယ်ယန် (Xue Yan) ဘဲ။ '' ရွှယ်ထောင်ဟာ မချိတင်ကဲပြောလိုက်တယ်။
ရွှယ်လုံဟာ သူသရုပ်ဆောင်နေတာကို လွယ်လွယ်ကူကူ သိလေတယ်။ ဒါပေမ့ဲ သူပါရေလိုက်ငါးလိုက် အလိုက်သင့်နေပေးလိုက်တယ်။
"အငယ်ဆုံးညီလေး၊ သူငါ့ကို လုပ်ကြံမယ်လို့ ငါမထင်ထားခ့ဲဘူး''
ရွှယ်လုံဟာ သူ့ဒုတိယညီကိုကြည့်ပြီး ဟားတိုက်ရယ်ပစ်လိုက်ချင်တယ်။ သူ့ညီအငယ်ဆုံးလေးဟာ တကယ်တော့ သူနဲ့ အနီးကပ်ဆုံး လူလဲဟုတ်တယ်။ သူတို့ဖခင်သေဆုံးတော့ သူဟာ ဒီညီအငယ်ဆုံးလေးကို ကိုယ်တိုင် ပျိုးထောင်လာခ့ဲပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်ကြတယ်။ ရွှယ်ယန်ဟာ သူန့ဲခွဲနေရမယ်ဆိုတော့ မျက်ရည်တွေဝဲပြီး ကလေးလေးလို အကျႌန့ဲတောင်မျက်ရည်တွေ သုတ်နေခ့ဲသေးတာ..။ သူ့မျက်လုံးတွေဟာ သူ့အကိုကြီးန့ဲမခွဲချင်မှန်း သိသာနေတယ်။ ဒါကြောင်မို့ ရွှယ်လုံဟာ သူ့ညီငယ် ရွှယ်ယန်ကို သူန့ဲလိုက်ဖို့ ခွင့်ပြုခ့ဲတယ်။ ဒါပေမ့ဲ အ့ဲဒါက သူ့အပေါ်လုံးဝမလွယ်ကူခ့ဲဘူး။ သူ့ညီလေးကို စစ်ရဲ့ ဘယ်လိုကြောက်စရာကောင်းကြောင်း သက်သေပြပြီးတော့ ရွှယ်ယန်ဟာ တကယ့်လက်တွေ့ဘဝဟာ ဘယ်လောက်တောင်ခက်ခဲကြောင်း သိလာခဲ့တော့တယ်။
ရွှယ်ယန်ဟာ ကလေးလေးလို မျက်နှာလေးရှိနေပေမ့ဲ သူရဲ့ နှလုံးသားဟာအေးစက်တယ်။ တစ်စုံတစ်ယောက်ကိုလဲ အကြောင်းပြချက် မရှိဘဲ မယုံကြည်တတ်ဘူး။ ရွှယ်လုံဟာ ရွှယ်ယန်ကို သူငယ်ငယ်လေးကတည်းက ပျိုးထောင်ခ့ဲတယ်။ သူ့ကိုကာကွယ်ပေးခ့ဲတယ်။ ဒါကြောင့် ရွှယ်ယန်ဟာ သူ့ပုံစံအမှန်ကို ရွှယ်လုံဆီမှာသာ ဖွင့်ဟပြသလေတယ်။ ရွှယ်လုံအတွက် သူ့ကိုယ်သူ ယဇ်ပူဇော်ရမယ်ဆိုရင်တောင် နောက်ဆုတ်မ့ဲ သူမျိုး မဟုတ်လေဘူး။
သူ့ဆီလာနေတ့ဲ မြားကို ကြားကခံပြီး သူ့ကိုတွန်းထုတ်ခ့ဲဖူးတ့ဲညီငယ်ဟာ သူ့အတွက် အသက်စွန့်ဝံ့မှန်း သူသိခ့ဲရတယ်။ ဒါကြောင့် ရွှယ်ယန်ဟာ သူ့နောက်ကျောကို ဓားန့ဲထိုးမဲ့သူမျိုးမဟုတ်ဘူးဆိုတာ သူသိနေတယ်။ ရွှယ်ထောင်ဟာ ဒါတွေကို လုံးဝမသိလေဘူး။ သူဟာစစ်ထွက်မတိုက်ဘဲ အိမ်မှာဘဲနေခ့ဲတာကြောင့်ဖြစ်တယ်။ သူဟာ ရွှယ်ယန်ကို သူ့ရဲ့ ဓားစာခံ ဖြစ်စေချင်တယ်။ သူတို့ ညီအငယ်ဆုံးဟာ စစ်ပွဲတွေဖြစ်တော့ အဖြူစင်ဆုံးနဲ့ အန္တာရာယ်မရှိဆုံး လူတစ်ယောက်မို့ ဖြစ်တယ်။
"ညီလေး အကိုဆီမှာလဲ သတင်းကောင်းရှိတယ်။ အဖေက မင်းအတွက်လဲ စာတစ်စောင် ပေးခ့ဲတယ်။ အကို နည်းနည်း ဖတ်ပြီးသွားပြီ။ အကို့လိုဘဲ မင်းမှာလဲ သတို့သားလောင်းရှိတယ်''
ရွှယ်လုံဟာ သူ့ညီ ရွှယ်ထောင်ကို စာတစ်စောင်ပေးလိုက်တယ်။
ရွှယ်ထောင်ဟာ စိတ်ရှုပ်သွားတယ်။ သူ့အဖေဟာ တစ်ခါမှ ဒီအကြောင်းတွေမပြောပြဖူးဘူး။ သူစစ်မထွက်ခင်အထိလေ..။ ရွှယ်ထောင်ဟာ စာကိုဖတ်ကြည့်ပြီး ရှော့ရနေတယ်။ သူန့ဲ သူ့သတို့သားလောင်းမှာလဲ ဆင်တူလက်စွပ်ရှိနေကြောင်း ပြောပြထားတာဖြစ်တယ်။ သူ့အဖေဟာ လက်စွပ်ကို သူ့အခန်းထဲ ဖွက်ထားခ့ဲ ပြီး နောက်ဆုံးတော့ သူရှာတွေ့သွားတယိ။
ရွှယ်လုံဟာ ဒီမြင်ကွင်းကို စောင့်ကြည့်နေတာ ဖြစ်တယ်။ ပြီးတော့ သူ့ချစ်သူလေးရဲ့ နည်းဗျူဟာကို သဘောကျပြီး ပြုံးလိုက်မိတယ်။
နောက်နေ့မှာ လီချန်းဟာ ဘေးအိမ်ကို ခပ်မြန်မြန်သွားလိုက်တယ်။ သူဟာ ရွှယ်လုံကို သူ့ရဲ့ အသစ်ရထားတဲ့ ရတနာလေးကို ပြသချင်နေတယ်။ မထင်မှတ်ထားဘဲ သူဟာ ရွှယ်လုံကို လက်စွပ်ကိုပြသနေတ့ဲအချိန်မှာ ရွှယ်လုံဟာ ရယ်မောလိုက်ပြီး သူ့ညီ ရွှယ်ထောင်ကို ခေါ်လိုက်တယ်။ သူတို့ဟာ ဆင်တူလက်စွပ်ကို မမြင်ခင်အထိ ရှုပ်ထွေးနေကြတယိ။
"ဂုဏ်ယူပါတယ်ကွာ..''
ရွှယ်လုံဟာ သူ့အခန်းထဲမှာ ပျော်ရွှင်နေလေတယ်။
ရွှယ်ထောင်ဟာ သူ့အပေါ်မှီခိုနေမ့ဲ ကောတစ်ယောက်ကို အကြီးအကဲနေရာမရမချင်း မလိုချင်လေဘူး။ လီချန်းဟာ ဒီလက်စွပ်ကို ခိုးလိုက်လို့ အရင် အကြီးအကဲရဲ့ ဒုတိယသားန့ဲ စေ့စပ်ပြီးသားဖြစ်သွားမယ်လို့ မထင်ခ့ဲလေဘူး။ ရွှယ်ထောင်ဟာ အ့ဲနေရာကိုရဖို့ ဒုတိယနေရာမှာရှိပေမ့ဲ သူဟာ ချောတယ်။ ဒါပေမဲ့သူ့အကို ရွှယ်လုံလိုတော့ လီချန်းကို ရင်မခုံစေဘူး။ လီချန်းဟာ ဒီစေ့စပ်မှုကို ချက်ချင်းလက်ခံတယ်။ ဒီလူဟာ ချမ်းသာပြီး အာဏာလဲရှိသေးတယ်လေ။
ရွှယ်လုံဟာ သူတို့နီးကပ်သွားအောင်တွေ့ပေးလိုက်တ့ဲ သဘောသာ ဖြစ်တယ်။ သူ့ခန့်မှန်းချက်အရ ရွှယ်ထောင်ဟာ သူ့အစီအစဉ်ကို ကိုယ်တိုင်ဖော်ထုတ်မိမှာ အသေချာဘဲ။
"နားထောင်..။ ငါ သတို့သားလောင်းလဲ မလိုဘူး။ ငါ့ရဲ့ အစီအစဉ်က အကြီးအကဲနေရာကို.ယူဖို့ဘဲ။ ငါအပိုဝန်ထုပ်တွေကို မလိုချင်ဘူး'' ရွှယ်ထောင်ဟာ ရိုင်းပြစွာ စေ့စပ်ထားတာကို ငြင်းလိုက်တယ်။
"နေပါဦး ကျွန်တော်ခင်ဗျားကို ကူညီမယ်'' လီချန်းဟာ ဒီကောင်းမွန်တ့ဲအခွင့်အရေးကို အလွဲချော် မခံနိုင်ဘူး။ သူဟာ ချမ်းသာမှုနဲ့ အာဏာကို အမြဲတမ်းလိုချင်ခ့ဲတာ ဖြစ်တယ်။ သူ့အကို ရမ့ဲအရာတွေ သူဘဲပိုင်ဆိုင်ရမယ်လို့ ယုံကြည်တယ်။ သူ့အဖေ(ကော) ဟာ သူန့ဲပတ်သက်ပြီး နေ့တိုင်းခံစားနေရပြီး သူဟာလဲ မပြည့်စုံတ့ဲကောဖြစ်နေတ့ဲအတွက် လူတိုင်းရဲ့ ပြက်ရယ်ပြုချင်းကို ခံခ့ဲရတာဖြစ်တယ်။
သူငယ်ငယ်တုန်းက သူ့အပေါ်ရွာသားတွေန့ဲ တခြားကောတွေကြည့်တဲ့ အကြည့်ကို နားမလည်ခ့ဲဘူး။ သူဟာ သူ့အကို အရာအားလုံးကို ရရှိနေတာကို သဘောမကျခ့ဲဘူး။ သူ့အကိုဟာ ပြည့်စုံပြီး တောက်ပတဲ့ ကျူးရှာကျစ် လဲရှိတယ်။ လှပမှုကလဲ ပြောစရာကိုမလိုဘူး။ သူဟာအမြဲတမ်း သူ့အကိုနဲ့ အနှိုင်းယှဉ်ခံခ့ဲရတယ်။ သူ့အကိုဟာ သူလိုချင်တဲ့ ဘယ်အရာမဆို ရခ့ဲတာဖြစ်တယ်။
ရွှယ်ထောင်ဟာ လီချန်းကို မယုံသလိုကြည့်နေတယ်။
" ကျွန်တော့်အကို ရှန်းရှစ်က ခင်ဗျားအကို ရွှယ်လုံရဲ့ သတို့သားလောင်းဆိုတာ ကျွန်တော်သိတယ်။ တကယ်လို့ သူ့ကို အသုံးချနိုင်ရင် ခင်ဗျားအကိုကို အနိုင်ယူနိုင်ပြီ'' လီချနိးဟာ သူ့မျက်ဝန်းတွေထဲက မကောင်းဆိုးဝါးတစ်ကောင်လို ပုံစံမျိုးနဲ့ ပြောလိုက်တယ်။
သူဟာ ရွှယ်လုံကို သဘောကျပေမဲ့ ဒီလူဟာ သူ့အကိုကို ချစ်နေတာ သိသာနေတာဘဲ။ ဒါကြောင့်သူတို့ကို ခွဲဖို့ ခက်လိမ့်မယ်။ အ့ဲဒီအစား ရွှယ်ထောင်ကို ကူညီပြီး သူ့ကို လက်ထပ်ကာ အကျိုးအမြတ် ယူလိုက်တာကမှ ပို အကျိုးရှိလိမ့်မယ်။
လီချနိးဟာ.ဆက်ပြောတယ်။ ''ကျွန်တော် ရှန်းရှစ်ကို အချစ်ကနေ အမုန်းကို ပြောင်းလဲနိုင်တ့ဲ အဆိပ်ခပ်ပေးနိုင်တယ်''
လီချန်းရဲ့ သေချာတဲ့ မျက်ဝန်းကို ကြည့်ပြီးတော့ ရွှယ်ထောင်ဟာ အကြီးအကဲနေရာရဖို့ ဒီကောင်လေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။
System ဟာ သူတို့စကားပြောနေတာကို record လုပ်ထားပြီး သစ္စာရှိစွာတင်ပြလေတယ်။ လင်းရှီဟာ ချက်ချင်း တစ်ဖက်အိမ်ကို သွားပြီးပြောပြကာ ရယ်မောနေလိုက်တော့တယ်။
------------------------
"ရှန်းရှစ် မင်းက ငါ့အကိုနဲ့ စေ့စပ်ထားမယ်လို့ကို ငါမထင်ထားခ့ဲဘူး" ရွှယ်ထောင်ဟာ ရင်းနှီးတ့ဲလေသံန့ဲပြောလိုက်တယ်။
ရွှယ်လုံနဲ့ ရှန်းရှစ်ရဲ့ လက်မှာ တူညီတ့ဲလက်စွပ်ကို မြင်လိုက်တော့ လီချန်းဟာဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူဟာ အပြုံးလေးကို ဆက်ဖန်တီးထားလေတယ်။
"သိပ်ဟုတ်တာပေါ့။ ငါ့ရဲ့သတို့သားလောင်းလေးက ဘယ်သူ့ကို လက်ထပ်မှာတ့ဲလဲ'' ရွှယ်လုံဟာ သူ့လက်ကို လင်းရှီရဲ့ခါးမှာ ပိုင်စိုးပိုင်နင်း ကိုင်ထားလေတယ်။ ရွှယ်ထောင်ရယ်တ့ဲအခါမှာ လင်းရှီဟာ အကူညီမဲ့ဟာ ခေါင်းညိမ့်နေရတော့တယ်။
" အချစ်လေး လက်ဖက်ရည်လေး သွားလုပ်လိုက်ပါလား။ '' ရွှယ်ထောင်ဟာ လီချန်းရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်တယ်။
လင်းရှီဟာ show တစ်ခုကို ကြည့်နေရသလို ပြုံးနေလိုက်တယ်။ လီချန်းက မီးဖိုချောင်ထဲကနေ ပြန်လာကာ စားပွဲပေါ်မှာ လက်ဖက်ရည် လေးခွက်ကို ချထားလိုက်လေတယ်။ ရွှယ်ထောင်န့ဲ လီချန်းဟာ ရွှယ်လုံန့ဲ လင်းရှီ သောက်တာ သေချာလား ကြည့်လို့နေလေတယ်။ ရွှယ်လုံဟာ သံသယမရှိဘဲ တစ်ငုံသောက်လိုက်လေတယ်။ လင်းရှီဟာ အမြှုပ်တွေထနေကို မြင်လိုက်ပြီး လေန့ဲပါလာတ့ဲအနံ့ကို ရလိုက်တယ်။
အရင်ကမ္ဘာက အတွေ့အကြုံကြောင့်မို့ လင်းရှီရဲ့နှာခေါင်းဟာ အာရုံခံနိုင်စွမ်း မြင့်မားပြီး ဘာဆေးပင်တွေပါလဲ ဘယ်ဆေးပင်က အဆိပ်မျိုးလဲဆိုတာ အတတ်သိလေတယ်။ အဲ့အထဲမှာ ရှားပါးလွန်းပြီး အန္တရာယ်အနည်းငယ်ပေးတဲ့ ဆေးတော့ပါဝင်နေတယ်။ ဒီဟာက သူ့တို့ရဲ့ အမူအရာ အပြုအမူတွေပေါ်ကို သက်ရောက်စေမှာဖြစ်တယ်။ သူတို့ရဲ့ အချစ်ကနေ နက်ရှိုင်းတဲ့ အမုန်းအဖြစ် ပြောင်းနိုင်စွမ်းလဲရှိလေတယ်။
လင်းရှီဟာ သူ့ချစ်သူကို ဒီအကြောင်းတော့ ပြောပြမထားလေဘူး။ သူဟာ စာတစ်စောင် န့ဲ လက်စွပ်ကို systemကို လုပ်ခိုင်းခ့ဲတယ်။ သူဟာ အ့ဲဒါကို သူ့စားပွဲပေါ်တင်ပြီး ရွှယ်လုံန့ဲစေ့စပ်ထားတ့ဲ လက်စွပ်ဖြစ်ကြောင်း လီချန်းကို ထင်စေလိုက်တယ်။ သူ့ရဲ့ ညီဝမ်းကွဲဟာ အာဏာရူးနေတဲ့သူဆိုတော့ ရွှယ်ထောင်န့ဲပေါင်းပြီး သူတို့ကို ဖျက်စီးဖို့စီစဉ်မှာ အသေချာဘဲ။
ဒါတွေကို သိထားပေမ့ဲ လင်းရှီဟာ အ့ဲအဆိပ်ကို သောက်ပြီး သူတို့န့ဲအတူ ပြဇာတ်ဝင်ကဖို့ဆုံးဖြတ်လိုက်လေတယ်။
System 1314: Host ကျွန်တော့မှာ ဖြေဆေးရှိတယ်။
လင်းရှီ: မလိုဘူး သူတို့ငါတို့လုံးဝ အဆိပ်မိနေကြောင်း ယုံမှဖြစ်မှာ။ တကယ်လို့ ငါ ရွှယ်လုံကို သတ်ဖို့ ကြိုးစားတဲ့ အချိန်မှာ အ့ဲဆေးကို ပေးပါ။
System 1314: နားလည်ပါပြီ။
ရွှယ်ထောင်ဟာ သူ့အကိုနဲ့ ရှန်းရှစ် သောက်လိုက်တာ သေချာတော့မှ ရလဒ်ကို ကြည့်ဖို့ စောင့်နေလိုက်တယ်။ ဒီဆေးဟာ သူတို့ရဲ့ အချစ်ကို အမုန်းအဖြစ် ပြောင်းလဲနိုင်လေတယ်။ အချစ်တွေဟာ နက်ရှိုင်းလေလေ အမုန်းတွေဟာ ပိုတိုးလေဘဲ။
ရွှယ်လုံဟာ ဆေးအစွမ်းကို အရင်ခံစားလာရပြီး သူ့အမြင်ဟာ ပြောင်းလဲလာတယ်။ ဒါဟာ သူ့ရင်ဘတ်ထဲက ထွက်ပေါ်လာတ့ဲ ရုတ်တရက် ခံစားချက်သာဖြစ်တယ်။ အထင်သေးလာတ့ဲခံစားချက်န့ဲ ရန်ငြိုးရှိသလို ခံစားနေရမှုဟာ သူ့ဦးနှောက်ထဲက လာနေတယိ။ သူဟာ သူ့ဘေးက လူန့ဲ ပတ်သတ်ပြီး ခံစားချက်တွေဟာ ရှုပ်ထွေးလာတယ်။ သူဟာ ဒီကောင်လေးက သူ့သတို့သားလောင်းမှန်း သိတယ်။ သူချစ်သင့်တဲ့ လူတစ်ယောက်။ ဒါပေမ့ဲ သူ့အပေါ် သဘောမကျမှုဟာ သားရဲတစ်ကောင်အလား သူ့ကို ထင်မှတ်နေစေတယ်။
ခင်ဗျားရဲ့ အေးစက်တဲ့ အကြည့်တွေက ကျွန်တော့နှလုံးသားကို ဖောက်နေသလိုဘဲ။ သူသွားတဲ့ ကမ္ဘာတိုင်း လိုက်ပါနေတ့ဲ သူချစ်သူဟာ သူ့ကို ရွံရှာမုန်းတီးစွာကြည့်နေလေတယ်။ လင်းရှီဟာ ဆေးရဲ့ အစွမ်းသူ့ဆီ မသက်ရောက်ခင် တကယ်ကို ငိုချင်သွားတယ်။ ဆေးအစွမ်းဟာ တဖြည်းဖြည်းချင်း သက်ရောက်တာမဟုတ်လေဘူး။သူ့ကို တချက်ထဲန့ဲ ထိသွားစေတယ်။ အမုန်းတရားတွေ မနှစ်မြို့ခြင်းတွေက တစ်ချိန်တည်း ဖြစ်ပေါ်လာတော့တယ်။ သူ့မှာ သူ့ချစ်သူန့ဲ ပတ်သက်သမျှ အမှတ်တရတွေကို သိနေတယ်။ သူအဆိပ်မိနေတာကိုလဲ သိနေတယ်။ ဒါပေမ့ဲ သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။
ဒါကြောင့် ဒီချစ်လွန်းလှတ့ဲ အတွဲဟာ ချက်ချင်းဘဲ ရန်လိုစိတ်တွေ ဖြစ်လာတော့တယ်။ သူတို့ မျက်လုံးတွေဟာ မလိုမုန်းတီးစိတ်တွေန့ဲ ပြည့်နှက်သွားပြီး ဘယ်သူမဆို သူတို့တွေ မုန်းနေကြတာ သိသိသာသာ မြင်နေရလေတယ်။ အခုသူတို့လက်ထဲမှာသာ လက်နက်တွေ ရှိနေခ့ဲရင် ထပြီး ထိုးသတ်တော့မှာ အသေချာလိုဘဲ။

လီချန်းနဲ့ ရွှယ်ထောင်ကတော့ ဒီဟာကို ကြည့်ပြီး အရမ်းတွေကျေနပ်နေတော့တယ်။ သူတို့ဟာ အမုန်းတွေတဖြည်းဖြည်း များလာပြီး တစ်ယောက်န့ဲတစ်ယောက် သတ်ဖြတ်လာတော့မဲ့ အချိန်ကို စောင့်နေဖို့ဘဲ လိုတော့တယ်လေ။ ဒါဆို သူတို့လက် သွေးမစွန်းတော့ဘူးပေါ့။
လင်းရှီ အိမ်ပြန်လာတ့ဲအခါမှာ လီချန်းဟာ သူ့ကို ရွှယ်လုံအကြောင်း သိမ်သိမ်မွေ့မွေ့ န့ဲမေးလိုက်တယ်။
"အကို ရွှယ်လုံကို ဘယ်လိုမြင်လဲ" လီချန်းဟာ ရွှယ်လုံနာမည်ကို ခေါ်လိုက်တာန့ဲ ရှန်းရှစ်ရဲ့ မျက်နှာဟာ အထင်သေးခြင်းတွေန့ဲ ရှုံတွလာတယ်။ လီချန်းဟာ သူ့ရဲ့ အမူအယာကို ကြည့်ပြီး ပြုံးလိုက်တယ်။ သူဟာ ဆက်မပြောတော့ဘူး။
အခြားတစ်ဖက်မှာလဲ ရွှယ်ထောင်ဟာ သူ့အကိုကို ရှန်းရှစ်အကြောင်းမေးတော့ ခုနကလိုအမုန်းတရားတွေသာ ထွက်လာပါတယ်။ ရွှယ်လုံဟာ ရှန်းရှစ်ဆိုတဲ့ နာမည်ကြားလိုက်တာန့ဲ လူသတ်ငွေ့တွေကို ထွက်နေပါပြီ..။
ရွှယ်လုံဟာ သူတို့ ပထဆုံးတွေ့ခ့ဲတာတွေ ကောင်လေးကို သူပိုင်ချင်တာတွေကို သတိရပါတယ်။ ရှန်းရှစ်ဟာ သူ့ကို ဆွဲဆောင်ခ့ဲတာဘဲ..။ အခုတော့ သူ့အကြောင်းကြားတာန့ဲ လူက ရှုံမဲ့နေတာပါဘဲ။ အကြောင်းအရာတစ်ချို့ဟာ သူဒီကောင်လေးကို သဘောမကျတော့ပါဘူး။ သူ့မျက်နှာ၊ သူ့အမူအယာ၊ သူလှုပ်ရှားသမျှန့ဲ သူနဲ့ပတ်သက်တာအကုန်ဟာ ရွှယ်လုံကို ခေါင်းခဲစေပါတယ်။
သူ့ခေါင်းကို ကိုင်ကာ သူတို့ပထမဦးဆုံးစတင်တွေ့ခ့ဲတဲ့ တောထဲကို လျှောက်သွားလိုက်တယ်။ ကောင်လေးဟာ သူ့ရဲ့ ရင်အုပ်ကို ကိုင်နေတာကို မှတ်မိနေတယ်။ သူတို့မျက်လုံးချင်းလဲ ဆုံခ့ဲသေးတယ်။ အ့ဲအချိန်တုန်းက သူ့နှလုံးသားဟာ တစ်စုံတစ်ယောက်အတွက် စတင်ခုန်လာခ့ဲတယ်။ အ့ဲအချိန်သူတွေးလိုက်မိတာက မင်းဟာ ငါ့အတွက်မွေးဖွားလာတ့ဲသူဘဲ..။
ဒါပေမ့ဲလည်း အခု ရှန်းရှစ်အကြောင်းတွေးလိုက်မိတာန့ဲ သူ့နှလုံးသားနဲ့ ဦးနှောက်ဟာ ကြိုးဆွဲနေသလိုဘဲ။ တစ်ခု သဘော တစ်ခုက မတူလေဘူး။ သူ့ချစ်သူအကြောင်း တွေးလေလေ သူ့အမုန်းတွေဟာ ပိုပြီး ကြီးထွားလာလေလေဘဲ ဖြစ်နေတော့တယ်။
သူ့ရဲ့ လက်ချောင်းပေါ်က လက်စွပ်လေးကို ပွတ်သပ်နေရင်း သူဟာ စိတ်လျော့နေရတယ်။
ဒီလက်စွပ်ဟာ သူတို့ရဲ့ စေ့စပ်ခြင်းသငေ်္ကတ ပြီးတော့ အ့ဲတာက အရေးကြီးတဲ့ တစ်စုံတစ်ခုလို့ စိတ်ထဲ ခံစားနေရတယ်။ သူန့ဲ တစ်ချိန်လုံး သိမ်းထားရမ့ဲ တစ်စုံတစ်ခု....။ ဒါပေမ့ဲ ဘာကြောင့်လဲ....????
ဒီလက်စွပ်သာ မရှိတော့ဘူးဆို သူ့ဘဝကြီးက အဓိပ္ပါယ်မရှိနိုင်တော့ဘူးလို့ ဘာလို့ ထင်နေရတာလဲ။
ဒီလက်စွပ်ကကော ဘာလို့ အရေးကြီးနေရတာလဲ...။
-----------------------TBC

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now