Arc 4.7

5.8K 494 3
                                    


ရွှယ်လုံဟာ သူ့နှလုံးသားလေး သက်တောင့်သက်သာမရှိလှတဲ့ ရက်တွေကို အကြာကြီး ခံစားခဲ့ရတယ်။ သူ့မျက်လုံးတွေထဲမှာ သေးသွယ်ပြီး ပိန်ပါးတဲ့ပုံရိပ်လေးဟာ စိုးမိုးနေတယ်။ သူ့မှာတော့ ဒီကောင်လေးကို မကောင်းတဲ့ရန်ငြိုးတွေထားနေမိတာကို လုံးလုံးသည်းမခံနိုင်တော့ပါဘူး။ မျက်စိစပါးမွှေးစူးမိနေရာကနေ တပ်မက်လာမိတော့တယ်။ ဒါပေမဲ့ သူ့ရဲ့တပ်မက်လာမှုကို သူ့နှလုံးရဲ့ တစ်ဖက်ကနေ ဖိနှိပ်လိုက်ပြန်တယ်။ သူဟာ အေးစက်မှုတွေနဲ့ မဖုံးလွှမ်းသွားခင် သူဟာဒီကောငိလေးကို နက်နက်ရှိုင်းရှိုင်းချစ်ကြောင်း ထုတ်ဖော်ပြလိုက်မိတဲ့အတွက် သူ့အမြင်ဟာ တဖြည်းဖြည်းရှင်းလာတယ်။
သူဟာ သူ့အပေါ်တက်ခွနေတဲ့ကောင်လေးကို ပြန်သတိကပ်လာချိန်မှာ တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်းလဲ ဆုပ်ကိုင်ထားလေတယ်။
သူ့ရဲ့ ငိုင်တိုင်တိုင်ဖြစ်နေတဲ့ မျက်ဝန်းတွေအရ သူဘာတွေလုပ်နေလဲဆိုတာ သူ့ကိုယ်သူ သိပုံမရဘူး။ ရွှယ်လုံဟာ ကောင်လေးကိုကြည့်ပြီး သူဟာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ ရှန်းရှစ်သူ့အနားရောက်နေတာကို ရင်ထဲကမမုန်းနိုင်ဘူး။ အဲ့အစား သဘောတောင်ကျနေသေးတယ်။ ဓားကို မြှောက်လိုက်တာကိုမြင်ပြီး သူ့ကိုသတ်ဖို့ လက်တကမ်း အလိုမှာဆိုတာကိုသိလိုက်တယ်။
ဒါပေမဲ့ ရွှယ်လုံဟာ ခုခံတိုက်ခိုက်ဖို့ အစီအစဉ်မရှိလေဘူး။
သူဟာ ဘာကြောင့်လဲဆိုတာလဲ မသိဘူး။ သူဟာ ဒီကောင်လေးကျေနပ်သည်အထိ ဘာလုပ်လုပ်ခွင့်ပြုဖို့ ပြင်ဆင်ပြီးသား။ တကယ်လို့ သူ့ဘဝကို ဒီကောင်လေးလက်ထဲ ပေးရမယ်ဆိုရင်တောင်မှပေါ့။ ရွှယ်လုံဟာ ဒီချစ်စရာကောင်လေးကို ဆံချည်တစ်ပင်မျှတောင်ထိခိုက်စေချင်တာ မဟုတ်ဘူး။ သူ့ရဲ့ အရင်က အမုန်းတွေဟာ အချစ်တွေရဲ့ ဖိနှိပ်မှုကိုခံလိုက်ရတယ်။ ပြီးတော့ ဒီကောင်လေးကို ပိုပြီးနက်ရှိုင်းစွာ သံယောဇဉ်တွယ်လာပြီး ချစ်လာတယ်။
သူ့အတွေးမဆုံးသေးခင်မှာဘဲ သူ့မျက်နှာပေါ် မျက်ရည်တွေကျလာတာကို ခံစားမိလိုက်တယ်။ သူလက်ရှိကို ပြန်ရောက်လာတော့ ရွှယ်လုံဟာ မျက်ရည်ဥအကြီးကြီးတွေကျပြီး သူ့အပေါ်လောင်းချမတတ်ငိုနေတဲ့ ချစ်စရာကောင်လေးကိုတွေ့လိုက်ရတယ်။ သူဟာ လင်းရှီရဲ့ အငိုမျက်နှာလေးကိုတွေ့ပြီး သူ့ရင်တွေနာလာတယ်။ သူဟာ ကောင်လေးရဲ့ မျက်ဝန်းနားမှာ ကပ်ငြိနေဆဲ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။
"ဘေဘီ ဘာလို့ငိုနေရတာလဲကွာ..''
ရွှယ်လုံဟာ ချစ်ခင်မှုအပြည့်နဲ့မေးလိုက်တယ်။
ဓားကိုအဝေးကိုလွှင့်ပစ်လိုက်ပြီး လင်းရှီဟာ သူ့ချစ်သူကိုသူဘယ်လို သတ်ဖို့လုပ်ခဲ့ကြောင်းတွေးမိပြီး သူ့နှလုံးသားဟာ တစ်ဒိန်းဒိန်းခုန်နေတော့တယ်။ System သာသူ့ကို စိတ်လွတ်နေတဲ့အခြေအနေကနေ ရအောင်မပြောနိုင်ခဲ့ရင် သူတကယ် ရွှယ်လုံကို သတ်မိသွားတော့မှာ။
"ခင်..ခင်ဗျား ရူးနေလား။ ဘာလို့ကျွန်တော့ကိုမတားတာလဲ။ ကျွန်တော်က ခင်ဗျားကိုဓားနဲ့ထိုးဖို့ လုပ်နေတာကို။ ''
လင်းရှီဟာသူ့စိတ်သူ မထိန်းချုပ်နိုင်ခဲ့လို့ အလွန်တရာကို ဝမ်းနည်းနေလေတယ်။ ပြီးတော့ ရွှယ်လုံဟာ သူဘာလုပ်လုပ် ငြိမ်ခံနေမဲ့ပုံပေါ်နေတယ်။
"ဘေဘီရယ် ကိုယ်မင်းကိုဘယ်လိုလုပ် နာကျင်အောင်လုပ်ရမှာလဲ။ မင်းကကိုယ့်အတွက် တန်ဖိုးအကြီးဆုံးသူဘဲလေ''
ရွှယ်လုံဟာလင်းရှီကို သူ့ရင်ခွင်ထဲဆွဲထည့်လိုက်တယ်။ ပြီးတော့သူ့ချစ်သူလေး အငိုတိတ်သည်အထိ ကျောလေးကို ပွတ်ပြီးချော့နေတယ်။ သူ့အချစ်လေးငိုနေတာက သူ့ကိုရူးစေတယ်။ သူ့အချစ်လေး မပျော်တာက သူ့နှလုံးသားလေးကွဲကြေတော့မလိုဘဲ။
တကယ်လို့တစ်ယောက်ယောက်ကသာ သူ့အချစ်လေးကို ငိုအောင်လုပ်ခဲ့မယ်ဆိုရင် သူတို့သေဖို့မတောင်းဆိုမချင်း တတိတိနှိပ်စက်ပစ်မှာ။ ဒါပေမဲ့ ငိုအောင်လုပ်တဲ့သူက သူသာဖြစ်ခဲ့မယ်ဆိုရင် ခွင့်လွှတ်မှုကိုရအောင် တောင်းပန်ရမယ်လေ။
မျက်ရည်တွေကိုအနမ်းလေးနဲ့ နှစ်သိမ့်ပေးပြီး လင်းရှီရဲ့နှုတ်ခမ်းလေးကို ခဏခဏ နမ်းနေမိတယ်။
"ဘေဘီ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြနိုင်မလား။ ဒါ ဘေဘီဖြစ်စေချင်တဲ့ အစီအစဉ်ထဲကတစ်ခုလား" ရွှယ်လုံဟာ စိုးရိမ်စွာမေးလိုက်တယ်။
"ကျွန်တော် သူတို့ဆေးခပ်ဖို့ စီစဉ်နေတာကိုသိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို မပြောပြမိဘူး"
ရွှယ်လုံဟာ ဒီကောင်လေးကို အပြစ်ပေးချင်လာတယ်။ ဒါပေမဲ့လဲ မလုပ်ရက်ဘူး။ (နှုတ်ခမ်းနဲ့သာ နာနာရိုက်လိုက် 😂)
သူဟာ ကောင်လေးရဲ့ခါးကို ဖျစ်ညစ်လိုက်တယ်။
"Oh! ဘာလို့ကိုယ့်ကို မပြောပြတာလဲ"
လင်းရှီဟာ သူ့ခါးကို ရစ်ပတ်ထားတဲ့လက်ကို ကိုင်လိုက်ရင်း
"ကျွန်တော်တို့က လီချန်းနဲ့ ရွှယ်ထောင်ကို အမှန်တကယ်ယုံအောင် လုပ်ဆောင်ရမယ်လေ။ သူတို့သာ သံသယဝင်သွားခဲ့ရင် ခင်ဗျား ကြိုးစားခဲ့တာတွေက အလကားဖြစ်သွားလိမ့်မယ်။ ရွှယ်ထောင်က ခုထိ ခင်ဗျားကို ဆန့်ကျင်နေပြီး နလိန်းပိန်းတုန်းဖြစ်နေတုန်းဘဲ။ သူက အခုလောလောဆယ် ကျွန်တော်တို့ ဆေးမိနေတုန်းဘဲလို့ ထင်အုန်းမှာ ပြီးတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သတ်မှာကိုစောင့်နေမှာ။ အဲ့တာမှ သူ့လက် သွေးမစွန်းမှာလေ။''
သူ့ရဲ့လက်ကို လင်းရှီက ဆွဲကိုင်ထားပေမဲ့ ရွှယ်လုံဟာလင်းရှီရဲ့ခါးလေးကိုဘဲ အာရုံစိုက်ပြီး ခံစားနေတယ်။

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now