Arc 4.6

6.4K 512 6
                                    


လင်းရှီဟာ လဲဘဲရုန်းကန်နေရတယ်။ ဘာလို့လဲဆိုတော့ သူဟာ သူ့ချစ်သူရဲ့ မျက်နှာကို စိတ်ထဲက မထိန်းသိမ်းထားနိုင်လေဘူး။ သူရဲ့ ဦးနှောက်ရဲ့ တစ်ချို့နေရာတွေမှာတော့ သူ့ကို အရူးအမူးချစ်နေလေတယ်။ ဒါပေမဲ့ ဆေးအစွမ်းဟာ ပိုပြီး လွှမ်းမိုးလာတာနဲ့အမျှ အမုန်းတွေဟာ တိုးပွားလာပြီး ရူးရူးမူးမူး ချစ်နေတဲ့အရာဟာ တစ်စတစ်စ ပျောက်ကွယ်လာခဲ့တယ်။ ရွှယ်လုံရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်တိုင်း လင်းရှီဟာ သတ်ဖြတ်ချင်တော့တာဘဲ သိတော့တယ်..။
လင်းရှီဟာ ဆေးရဲ့သက်ရောက်မှုကိုလဲသိနေတယ်။ ဘယ်သူဟာ သူ့ရဲ့ချစ်သူဖြစ်တယ်ဆိုတာလဲ သိတယ်။ သူ့ချစ်သူဟာ ကမ္ဘာတိုင်း သူ့နောက်လိုက်လာတဲ့သူ ဆိုတာလဲသိတယ်။ သူဒါတွေအားလုံးကို သိနေတယ်။ ဒါပေမဲ့ ဘာကြောင့်လဲ?????
သူဟာ ဘာကြောင့်မို့လို့ ဆေးကို ထိန်းချုပ်ခွင့်ပေးလိုက်မိတာလဲ...။ ဒါမှမဟုတ် သူသတိမထားမိတဲ့ စိတ်က သူ့ချစ်သူ နောက်ဘဝကို သူ့နောက်ဆက်မလိုက်လာမှာ ကြောက်နေလို့များလား..။
သူဟာ ရွှယ်လုံတခြားတစ်ယောက်ကို ချစ်ကျွမ်းဝင်သွားပြီး သူ့ကိုထားခဲ့နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို ခံစားပြီးလဲ ကြောက်ရွံနေတယ်။ သူရဲ့ အတွေးတွေဟာ ကြောက်လန့်စရာတွေ ဖြစ်လာတယ်။ အဲ့အတွေးတွေကဘဲ သူ့အမုန်းတွေပေါ်ထပ်ဆင့်လောင်းကာ ရွံရှာမုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေလေတယ်။ သူဟာ မကောင်းတဲ့အတွေးတွေကို တွေးမိနေရင်း လင်းရှီဟာ အမုန်းတရားတွေသာ ခံစားဖြစ်ပေါ်လာနေတယ်။ သူ့ရဲ့ ကြောက်ရွံစိတ်ဟာ အမုန်းတရားတွေရဲ့ မီးစာလိုဘဲ၊ (original writer က ရိက္ခာလို့ သုံးထားပါတယ်။ အဲ့တော့ မီးစာပေါ့ 😁😁)
သူဟာ သူ့ချစ်သူကို သူမဟုတ်တဲ့အခြားတစ်ယောက်နဲ့ တွဲပြီး မြင်ကြည့်လိုက်တယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး ရင်းနှီးဖူးခဲ့သလို ချစ်ခင်စွာ စကားတွေပြောနေကြတယ် လို့ ပုံဖော်ကြည့်လိုက်တယ်။ သူတို့စကားပြောနေတုန်း မျက်ဝန်းတွေက အကြင်နာတရားတွေ ပြည့်လျှံနေကြတယ်။ လင်းရှီဟာ သူတို့ကို တားဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ သူ့ချစ်သူဟာ သူ့ကို စိတ်ပျက်စွာ ကြည့်နေလေတယ်။ သူ့ရဲ့အရာအားလုံး တစ်စစီကျေမွသွားသလိုဘဲ။
သူဟာ ဘဝပေါင်းများစွာ ကမ္ဘာမှာ ဝင်စားတဲ့အဓိကအကြောင်းအရင်းက သူ့ချစ်သူကို ပြန်ရှာတွေ့ဖို့နဲ့ သူနဲ့အချိန်ကြာကြာနေရဖို့ ဘဲဖြစ်တယ်။ သူဟာ ဘယ်ကမ္ဘာရဲ့ အချိန်ကမဆို တိုတောင်းလွန်းတယ်လို့ခံစားနေရတယ်။ သူဟာ ဒီလူနဲ့ ထာဝရ မခွဲအတူ ရှိချင်တာ။ သူ့ချစ်သူမရှိတော့တဲ့ ဘဝဟာ လင်းရှီအတွက် မှောင်မိုက်ပြီး ပျင်းရိဖွယ်ဘဲ။ သူ့ချစ်သူက သူ့ရဲ့ မှောင်မဲနေတဲ့ ဘဝရဲ့ အလင်းရောင်ခြည်လေးဘဲ။
(ဒါကတကယ်မဟုတ်ပါဘူး။ လင်းရှီက စိတ်ကူးထဲ ပုံဖော်ပြီး တကယ်ခံစားနေရတာပါ)
--------------------
လီချန်းဟာ ရှန်းရှစ်ကို အရင်ရက်တွေကတည်းက စောင့်ကြည့်နေပြီး သူ့အကိုရဲ့အခြေအနေဟာ တစ်နေ့တခြားဆိုးရွားသထက် ဆိုးရွားလာတာကို မြင်လိုက်ရတယ်။ ဆေး(အဆိပ်)ဟာ သူ့ကို လုံးလုံး လွှမ်းမိုးသွားတာဘဲ...။
ရှန်းရှစ်(လင်းရှီ)ရဲ့ နဂိုမူလ အေးအေးဆေးဆေးနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ အပြုအမူတွေဟာလဲ ပြောင်းလဲလာတယ်။ ရွှယ်လုံရဲ့နာမည်ကို လွှတ်ခနဲ ကြားမိလိုက်တာနဲ့ သူ့ရဲ့ ဒေါသတွေဟာ ပွင့်ထွက်လာပြီး မီးဖိုခန်းထဲကက ပစ္စည်းတွေနဲ့ ပန်းကန်တွေကို ပေါက်ခွဲပစ်တယ်။
ပြီးတော့ လင်းရှီဟာ မီးဖိုခန်းထဲ ဓားတွေကို ပုံမှန်မဟုတ်ဘဲ စိုက်ကြည့်နေတတ်သေးတယ်။ သူဒီလို ကြည့်တိုင်း အချိန်အတိုင်းအတာ တစ်ခုထိကြာနေတတ်တယ်။

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now