Arc 4.1+4.2 (unicode)

12.7K 391 5
                                    

Arc 4.1
လင်းရှီန့ဲ ဝမ်လေ့ဟာ တချိန်တည်းမှာဘဲ အတူတူ သေဆုံးခဲ့ ကြတယ်။ရွာသားတွေဟာ သူတို့နှစ်ယောက်ကို တောထဲကရေကန်လေးဘေးမှာ မြှုပ်နှံပေးကြတယ်။ အ့ဲနေရာလေးမှာ သူတို့ကလေးဘဝကတည်းကနေ စပြီး အတူတူ ဆော့ခ့ဲပြီး ဘဝရဲ့အချိန်အများအပြားကို အ့ဲနေရာနားမှာဘဲ ကုန်ဆုံးခ့ဲ ကြလို့ဘဲ ဖြစ်တယ်။
"Host ပြန်လာတ့ဲအတွက် ကြိုဆိုပါတယ်"
System ဟာ စွမ်းအင်တွေအများအပြား စုပ်ယူနိုင်ခဲ့လို့ အရမ်းပျော်နေတယ်။ လင်းရှီကတော့ သူ့ချစ်သူကို ထားခ့ဲရတော့ စိတ်တွေက နွမ်းလျနေတယ်။ နောက်ဆုံးအချိန်တုန်းက သူဟာ သူ့ချစ်သူရဲ့ ဝိဉာဉ်ကို သူန့ဲအတူပါလာအောင် ကြိုးစားပေမ့ဲ သူမလုပ်နိုင်ခ့ဲဘူး။
သူဟာ သူ့ချစ်သူကို မှတ်မိဖို့ လက်စွပ်လေးဘဲရှိတယ်။
(TN~FOD မှာ ကျိုးယွင်ရှန့်က သူ့ချစ်သူကိုနမ်းရင် မှတ်မိတယ်။
Heroic Death system မှာ ရှန့်ခယ်က သူ့ချစ်သူရဲ့ မှဲ့လေးကို ကြည့်ပြီး မှတ်မိတယ်။ Chasing you မှာကျ Ains က လက်စွပ်လေးန့ဲ ကြည့်ပြီး မှတ်မိတယ်။ လင်းရှီန့ဲ တူတူဘဲ ။ ကျွန်တော်တောင် system ထဲ ဝင်ချင်သွားပြီ 🤧)
သူ့ရဲ့ ခေါင်းလေးကို ခါရင်း မကောင်းတ့ဲအတွေးတွေကို ဖယ်ပစ်လိုက်ပြီး အညိုရောင်အစေ့လေးကနေ အညွှန့်လေးတွေ အစိမ်းရောင် အရွက်လေးတွေ ထွက်နေတဲ့ system ကို ကြည့်လိုက်တယ်။

"Host ကျွန်တော် အခုဆိုရင် ဆေးဝါးတွေ ဆေးလုံးတွေ ထောက်ပ့ံပေးနိုင်ပြီ''
System ဟာသူ့ကိုယ်သူ သိပ်ဂုဏ်ယူသွားပြီး သူ့Host ဆီက ချီးကျူးစကားလေးကို စောင့်လိုက်ပေမ့ဲ အအော်ခံသာထိသွားတယ်။
"ငါအရင် ကမ္ဘာမှာ နာလို့ သေတော့မလိုဖြစ်နေတုန်း မင်းကဘယ်ရောက်နေတာတုံး ''
လင်းရှီဟာ system က ထမင်းဘူးလေးလိုဘဲ လို့ခံစားနေရတယ်။  တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ မျက်နှာမှာ အစားအသောက်တွေဘဲ ပြည့်သိပ်ထည့်ထားသလိုဘဲ။ ဒါပေမ့ဲ အ့ဲလူတွေက အသုံးမကျတ့ဲလူတွေ ဖြစ်မလာဘူး။ System ဟာ သူသွားတ့ဲကမ္ဘာတွေဆီက စွမ်းအင်တွေကိုရရှိနေပေမ့ဲ အခုထိ အသုံးကိုမကျသေးလေဘူး။
"Host စိတ်မဆိုးပါန့ဲ''
"ဒါဆို ငါက ပျော်နေရမှာလား'' လင်းရှီဟာ အပင်ပေါက်လေးကို စိုက်ကြည့်လိုက်တယ်။
"နောက်ကမ္ဘာကို သွားကြရအောင်'' လင်းရှီဟာ လက်စွပ်ကလေးကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
-------------------------
ဒီကမ္ဘာမှာတော့ လိင်အမျိုးအစားနှစ်မျိုးဘဲရှိတယ်။ ယောက်ျားန့ဲ ကော တွေ ဆိုပြီးတော့ပေါ့။ ကောတွေဟာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်တ့ဲ ယောက်ျားလေးတွေ ဖြစ်တယ်။ သူတို့ရဲ့ရုပ်ရည်ဟာ ယောက်ျားလေးတွေထက်နူးည့ံသိမ်မွေ့ပြီး သူတို့ခန္ဓာကိုယ်တစ်နေရာရာမှာ ကျူးရှာကျစ် လို့ခေါ်တ့ဲ မှဲ့အနီလေးတွေရှိတယ်။ အနီရောင်မှဲ့လေးက အရောင်ရင့်လေလေ သားဖွားနိုင်စွမ်း မြင့်လေပါဘဲ။
လင်းရှီဟာ ရှန်းရှစ်(Xian Shi) လို့ ခေါ်တ့ဲ ကောလေးတစ်ယောက် ကိုယ်ထဲ ရောက်လာခ့ဲတယ်။ ဒီကောငယ်လေးဟာ ရွှယ်မျိုးစုရဲ့ အကြီးအကဲရဲ့ သားအကြီး ရွှယ်လုံ (Xue Long) နဲ့ စေ့စပ်ထားလေတယ် ။ သူတို့ဟာ ရွှယ်မျိုးနွယ်စုထဲနေထိုင်ပြီး ရှန်းရှစ်လေးဟာ သူ့ခါးမှာ ကျူးရှာကျစ်အရောင်တောက်တောက် ကလေးန့ဲ မွေးလာခ့ဲတာကြောင့် ရွှယ်လုံန့ဲ စေ့စပ်ပေးဖို့ လူတိုင်းက သဘောတူခ့ဲ ကြလေတယ်။
သို့သော်လည်းဘဲ သူတို့မျိုးနွယ်စုဟာ တခြားမျိုးနွယ်စုန့ဲ စစ်ဖြစ်ခ့ဲကြတယ်။ မျိုးနွယ်စုတွေဟာ နယ်မြေတွေ ချဲ့ထွင်လာပြီး အာဏာကို တပ်မက်လာတဲ့အတွက်ကြောင့်ပေါ့။ ရွှယ်လုံဟာ အသက်ဆယ်နှစ်အရွယ်ကတည်းက သူ့အဖေန့ဲအတူ စစ်ထဲလိုက်ပါသွားတော့တယ်။ ပြီးတော့ သူ့ရဲ့ သတို့သားလောင်းလေးန့ဲ ပက်သတ်တာတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတော့တယ်။ စစ်ပွဲဟာ အဆုံးသတ်သွားပြီး ရွှယ်မျိုးနွယ်စုဟာ အနိုင်ရရှိခ့ဲတယ်။ ဒါပေမ့ဲ ရွှယ်လုံဟာ တိုက်ပွဲမှာ ဒဏ်ရာရခ့ဲပြီး လမ်းမှာ သူ့စစ်တပ်န့ဲ ကွဲသွားတယ်။
သူဟာ တောထဲမှာလဲကျနေပြီး ရှန်းရှစ်ကတွေ့တ့ဲအခါ ကယ်တင်လိုက်တယ်။ ရွှယ်လုံရဲ့ အမြင်တွေဟာ ဝေဝါးနေပြီး သူ့ကို ကယ်ခ့ဲသူဟာ ရှန်းရှစ်ရဲ့ အဖေတူသား လီချန်း (Li Qiang) လို့ ထင်သွားတယ်။
ဒီလို နားလည်မှုလွဲ ပြီး ရွှယ်လုံဟာ လီချန်ကို လိုက်ပိုးပန်းတော့တယ်၊ ရှန်းရှစ်န့ဲ ရွှယ်လုံဟာ ငယ်ငယ်တုန်းကတည်းက  စေ့စပ်ခ့ဲ ကြပေမ့ဲ သူတို့မိဘတွေဟာ စစ်ပွဲအတွင်းဆုံးပါးကုန်ပြီလေ။ ပြီးတော့ သူတို့ကိုယ်တိုင်ကလွဲပြီး သက်သေလဲ မကျန်တော့ဘူးလေ။ ဒါကြောင့်ရွှယ်လုံဟာ လွယ်လွယ်ဘဲ ရှန်းရှစ်န့ဲ စေ့စပ်ထားတာကို ဖျက်ပစ်လိုက်တယ်။
ရှန်းရှစ်မှာ သက်သေရှိနေပေမ့ဲ သူ့ကို ထောက်ခံပေးမယ့်တစ်စုံတစ်ယောက် လိုနေတယ်။ ပြီးတော့ သူ့ပထွေးရဲ့ အကွက်ချကြံစီမှုတွေကြောင့် သူဟာ ဘာမှမလုပ်နိုင်ခ့ဲဘူး။ နောက်ဆုံးမှာတော့ သူဟာ သူ့ပထွေးန့ဲ သူ့သားကြောင့်မို့ စိတ်ဆင်းရဲစွာ သေဆုံးခ့ဲရတယ်။
လင်းရှီဟာ ရှန်းရှစ်ရဲ့မှတ်ဉာဏ်တွေကို လက်ခံရရှိပြီးနောက်မှာ ရှန်းရှစ်ဟာ တကယ်တော့ ရွှယ်လုံကို မချစ်ဘူးဆိုတာသိလိုက်ရတယ်။ သူ့မိဘရင်းတွေသေဆုံးတော့ သူဟာ ဒီသားအဖနှစ်ယောက်တွဲရဲ့ နှောင့်ယှက်ခြင်းကိုခံခ့ဲရတယ်။ သူဟာ ဒီစေ့စပ်ထားတာကို သုံးပြီး သူတို့လက်က လွတ်မြောက်ချင်တာဘဲ ဖြစ်တယ်။ ဒါပေမ့ဲ ရွှယ်လုံဟာ သူ့ရဲ့ ကလိမ်ကကျစ် ညီ (အဖေတူ အမေကွဲ(ကော) ညီ) နဲ့ ချစ်သွားမယ်လို့ သူလုံးဝ မထင်မှတ်ထားခ့ဲဘူး။
လင်းရှီမျက်လုံးဖွင့်လိုက်တ့ဲအခါမှာ သူတောထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ ဒီကမ္ဘာမှာ ကောတွေဟာ မျိုးနွယ်စုအတွက် ဆေးပင်တွေ စားစရာတွေကို လိုက်လံရှာဖွေစုဆောင်ပေးရတယ်။ ယောက်ျားတွေက တော့ မျိုးနွယ်စုအတွက် အမဲလိုက်ပေးကြတယ်။ တိုက်ခိုက်ပေးကြတယ်။
ကောတွေဟာ ချက်ပြုတ်ရတယ်။ အိမ်သန့်ရှင်းရေးလုပ်ရတယ်။ အဝတ်အစားတွေ ချုပ်လုပ်ပေးရတယ်။ ဒါပေမဲ့ ရှန်းရှစ်ဟာ သူငယ်ငယ်လေးကတည်းက သူ့ရဲ့ ကောအဖေ သေဆုံးသွားခ့ဲလို့ ဒါတွေကို မသင်ခ့ဲရဘူး။ သူရဲ့ အဖေ ဟာ တခြား ကောတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုလိုက်တယ်။ သူတို့မှာ နောက်ထပ် လီချန်းလေးရရှိလာခ့ဲတယ်။ ဒါပေမ့ဲသူ့အဖေဟာ မျိုးနွယ်စုအတွက် စစ်ထွက်ခ့ဲရပြီး သူ့ကို ဒီကောအဖေန့ဲ ထားခ့ဲပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ သူ့အဖေ သေဆုံးသွားတော့ သူဟာ ဒီလူန့ဲ သူ့ညီ ဆိုတဲ့သူတို့န့ဲ တစ်မိုးအောက်ထဲနေခ့ဲရတယ်။ သူ့ပထွေးဟာ သူ့ရဲ့ စေ့စပ်ထားတ့ဲအကြောင်းကို သိနေခ့ဲတယ်။ ဒါပေမ့ဲ သူ့သားအရင်း လီချန်းကိုဘဲ ဖြစ်စေချင်တယ်။ ဒါကြောင့်သူဟာ ရှန်းရှစ်ကို ကောတွေတတ်သင့်တတ်ထိုက်တ့ဲ ပညာရပ်တွေကို ၁၆နှစ်အရွယ်ရောက်သည်အထိ တစ်ခုမှ မသင်ပြခ့ဲဘူး။ ဘယ်လိုချက်ပြုတ်ရမယ်၊ အိမ်ကိုဘယ်လိုသန့်ရှင်းရမယ် ဆိုတာတွေကောပေါ့။ သူဟာ ကမ္ဘာအစစ်က ဒီဇိုင်းနာတစ်ယောက်အနေန့ဲ အဝတ်တော့ချုပ်တတ်တယ်။ ဒါပေမ့ဲ ဒါကတော့......။
လင်းရှီဟာ သူ့ရဲ့ခါးက ကျူးရှာကျစ်ကို ရှာလိုက်တယ်။ အ့ဲဒါဟာ ပန်းရောင်ဖျော့ဖျော့လေးရှိနေတယ် သူမွေးဖွားလာတုန်းကနဲ့မတူဘဲပေါ့။ ရှန်းရှစ်ဟာ သူ့ပထွေးကို ပြောပြခ့ဲဖူးပေမ့ဲ သူ့ကို သံသယဖြစ်စရာ ဆေးတစ်ခွက်သောက်စေခ့ဲတယ်။ တကယ်တော့ အ့ဲဒီဆေးဆိုတာက သူ့ရဲ့ ကျူးရှာကျစ် ကို မှိန်စေပြီး ဉာဏ်ရည်နိမ့်ပါးသွားစေတ့ဲ အဆိပ်တစ်မျိုးသာ ဖြစ်တယ်။
သူ့ပထွေးဟာသူ့ကို ဒုက္ခအများကြီးပေးခ့ဲတယ်။ သူ့ရဲ့ ရွှယ်လုံန့ဲ စေ့စပ်ထားမှုကိုပျက်စီးစေရုံသာမက သူ့သားအရင်းရဲ့ အရောင်ဖျော့ဖျော့ ကျူးရှာကျစ် ကို အရောင်ရင့်အောင် အမျိုးမျိုးလုပ်တယ်။ လီချန်းမွေးတုန်းက သူ့သားရဲ့ကျူးရှာကျစ်ဟာ ရှန်းရှစ်န့ဲယှဉ်ရင် အများကြီး ဖျော့တော့တာကြောင့် အရမ်းဒေါသထွက်ခ့ဲတယ်။ ဒါကြောင့်အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ သူဟာ အစီအစဉ်ချခ့ဲတယ်။ သူ့သားအရင်းရဲ့ ကျူးရှာကျစ်ကို ပိုမိုတောက်ပလာစေပြီး ရှန်းရှစ်ကိုကျတော့ ပျက်စီးအောင် ဆေးတွေတိုက်တော့တယ်။
System 1314: Host ! Host ရဲ့တာဝန်က ရှန်းရှစ်အတွက် လက်စားချေပေးဖို့ရယ် ပြီးတော့ အဲ့ဒီလူရဲ့ အကြံအစည်ထဲက လွတ်မြောက်ဖို့န့ဲ ကိုယ်တကယ်ချစ်တ့ဲသူန့ဲ လက်ထပ်နိုင်ဖို့ ဘဲ ဖြစ်ပါတယ်။
လင်းရှီ: System ငါအခုမိနေတ့ဲ အဆိပ်ကို အရင်ဖြေပေးပါ။
System ဟာ ပန်းရောင်ဆေးလုံးလေးကို ပေးလိုက်ရင်း ပြောတယ်။
''Host, ကျွန်တော် အသုံးဝင်တယ် မဟုတ်လား''
လင်းရှီ: တစ်ခါထဲပါ..။
လင်းရှီဆေးကို သောက်လိုက်ပြီးနောက်မှာ သူ့ရဲ့ ကျူးရှာကျစ်လေးဟာ အရောင်ပြန်တောက်ပလာတော့တယ်။ သူဟာ အ့ဲဒါလေးကို သူ့အကျႌနဲ့ဖုံးလိုက်ပြီး ပြုံးလိုက်တယ်။ သူဒီနေရာလေးကို အုပ်ထားဖို့ တစ်ခုခု သုတ်လိမ်းထားရမယ်။ ဒါမှ သူ့ပထွေး သံသယမဝင်မှာ..။

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now