(၂)

9.9K 912 9
                                    

Unicode

သံရိုက်နှိက်သံများနှင့် ဆူညံနေသည့်ဆိုင်ငယ်လေးတစ်ဆိုင်....ထိုဆိုင်လေး အရှေ့ဘက်တွင်တော့ WOODYဆိုသည့် သစ်သားဆိုင်းဘုတ်လေးအား ချိတ်ဆွဲထားသည်။ ဆိုင်လေးက အရမ်းလည်းမသေးသလို အရမ်းလည်းမကြီး....မြို့ထဲတစ်နေရာချောင်ကျသည့်နေရာလေးတွင် ထိုဆိုင်လေးတည်ရှိသည်။

ဆိုင်ထဲတွင် သစ်သားနှင့်ဖန်တီးထားသည့် လက်မှုအနုပညာများရှိသည်။ သစ်သားတိုင်ကပ်နာရီ၊ ကုလားထိုင်၊ စားပွဲခုံစသဖြင့် စီစီရီရီ ခင်းကျင်းပြသထားသည့် ထိုဆိုင်ကလေး....ခမ်းခမ်းနားနားပြင်ဆင်ထားတာမဟုတ်ပေမယ့် ထိုဆိုင်ကလေးထဲဝင်သွားလျှင်တော့ သစ်သားရနံ့လေးများ သင်းပျံ့နေပြီး စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။

ထိုဆိုင်ပိုင်ရှင်ကတော့ ဆိုင်၏ အနောက်ဘက်ကျသည့် နေရာ၌ ပြီးလတ်စ သစ်သားခုံအသေးစားလေးအား သံချောင်းများဖြင့် ထုရိုက်နှက်ကာ အချောသတ်နေ၏။ ထိုသူမှာ ချွေးတရွှဲရွှဲဖြင့် တူကိုင်သည့်လက်နှင့် သူ့နဖူးကို သူပြန်သုတ်နေသော သောလျှံခပင်ဖြစ်သည်။

ဒီနေ့ဖောက်သည်က သူ့ကလေးထိုင်ဖို့အတွက် သစ်သားခုံလေးမှာထားတာကို လာယူမည်ဖြစ်သည်။ မနေ့က အပြီးသတ်ဖို့စဉ်းစားထားသော်လည်း အိမ်ကညီမတော် အတင်းလိုက်ကပ်ပူဆာသမျှ လုပ်ပေးနေရတာနဲ့တင် ဆိုင်ဘက်ကို ခြေဦးမလှည့်ဖြစ်၍ အပြီးမသတ်လိုက်ရခြင်းပင်။

သူဒီဆိုင်လေးဖွင့်ထားရခြင်းရည်ရွယ်ချက်က ရှင်းသည်။ သူကလက်မှုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါသူဖြစ်သည့်အတွက်ကြောင့် အိမ်ကသူများနှင့်အတိုက်ခံဖြစ်ပြီးကို ဝါသနာပါရာ လုပ်နေခြင်းဖြစ်သည်။ သောလျှံခဆိုသူသည် အနေရိုးရိုးဖြင့် ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသည်။ သူ့အဖေဖြစ်သူပိုင်ဆိုင်သည့် Hotelအကြီးစားလုပ်ငန်းရှိသော်လည်း ဝင်ရောက်လုပ်ကိုင်ခြင်းမရှိ။ သို့ပေမယ့် ဦးစီးလုပ်ဆောင်နိုင်သည့် အရည်ချင်းအပြည့်ရှိသည့်အပြင် နိုင်ငံခြားတွင်လည်း လေးနှစ်နေထိုင်ပြီး ပညာသင်ကြားလာသူဖြစ်သည်။

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)जहाँ कहानियाँ रहती हैं। अभी खोजें