(၁၄)

3.8K 550 9
                                    

Unicode

ဂျူနို သက်သာပြီး ဆေးရုံပြန်ဆင်းသည့် နေ့တွင်မှ သောလျှံခလည်း အိမ်သို့ပြန်ရောက်တော့သည်။ သို့သော် အိမ်ပြန်ရောက်သည်နှင့်မကြာပါ...သောလျှံခအတွက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပေါ်ဖို့ အကြောင်းဖန်လာတော့သည်။

"ကိုကိုရေ..."

ခေါ်သံနှင့်အတူ အခန်းထဲသို့ခေါင်းလေးပြူကာ ဝင်လာသည့် ဘရဏီ...။

"လာလေ...ဘာဖြစ်လို့တုန်း အမွှေစိန်လေး"

"ဖေဖေ ခေါ်နေတယ်လို့ လာပြောတာ...ကိုကို ဘယ်မှာသွားနေနေတာလဲ...ညီမလေးphဆက်တာလည်းမကိုင်ဘူး...phတောင်ပိတ်ထားလိုက်သေးတယ်"

"ကိုကို့မှာ အရေးကြီးကိစ္စလေးရှိနေလို့ပါ"

"ဒါနဲ့ ကိုကို့မှာ တကယ်ကောင်မလေးရှိနေတာလားဟင်"

"ဘယ်လိုထင်နေလို့တုန်း ညီမလေးက"

ဘရဏီတစ်ယောက် အခန်းဝမှာ မတ်တပ်ရပ်နေရင်းကနေ အခန်းထဲဝင်လာကာ ကုတင်ပေါ်ထိုင်ချလိုက်ပြီး...

"မယုံလို့...ကိုကိုက ရည်းစားရှိတဲ့ပုံလည်းပေါက်မနေဘူး...မဒီ့ကို လက်မထပ်ချင်လို့ ညာပြောတာမလား"

"တကယ်ရှိတယ်ဆိုရင်ရော...ပြီးတော့ ကိုကိုချစ်နေတာက ကောင်မလေးမဟုတ်ပဲ ကောင်လေးတစ်ယောက်ဆိုရင်ရော"

ဘရဏီပါးစပ်အဟောင်းသားဖြစ်သွားကာ အရမ်းကိုထိတ်လန့်သွားသည့် မျက်နှာလေးဖြစ်သွားသည်။

"ဟင်...ကောင်လေး...ကိုကိုက ကောင်လေးတစ်ယောက်ကို..."

သောလျှံခ သက်ပြင်းတစ်ချက်ချရင်း ဘရဏီကို ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် ဘရဏီသည် ထိတ်လန့်သည့် မျက်နှာထားမှ ရုတ်ချည်းဆိုသလို ရယ်လိုက်သည်။

"အိုမို..အိုမို...သူကချောလား...ချစ်ဖို့ကောင်းလား...သူက ukeလေးပဲ ဖြစ်မှာပါ...ကိုကိုကsemeကြီးမလား...အား...သေပါပြီ...တကယ်သေပြီ"

ဒီတစ်ခါ အမှန်တကယ်လန့်သွားသူက သောလျှံခ...ဘရဏီပြောနေသည့် စကားများကို သူလိုက်မမှီ...ဘယ်လိုဖြစ်လို့လည်း အဲ့လောက်ထပျော်နေမှန်းမသိ။

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Where stories live. Discover now