(၅.၁)

5.5K 642 4
                                    

Unicode

သောလျှံခ ညကlimitကျော်ပြီး သောက်မိထားသောကြောင့် ဒီမနက် ခေါင်းထူဖို့အရေး အတော်အားယူနေရသည်။ မနက်၉နာရီဆိုင်ဖွင့်တာ မှီဖို့အရေး ဒီနေ့မှအတော်ကြိုးစားနေရသည်။

ဒေါက်...ဒေါက်(အခန်းတံခါးခေါက်သံ)

သောလျှံခ အခန်းတံခါးခေါက်သံကြားတော့ ဘရဏီဟု ထင်မိလိုက်ပြီး....

"လာလေ"

သို့သော် ဘရဏီမဟုတ်ပဲ မဒီဖြစ်နေ၏။ ဖြစ်မှဖြစ်ရလေ...သူ့အိမ်မှာ မဒီရောက်နေမှန်း သူမေ့သွားခြင်းပင်။

မဒီက ပြုံးရွှင်နေသောမျက်နှာဖြင့် သောလျှံခ အိပ်ယာဘေးကို လျှောက်လာသည်။ တစ်ခါတလေ မဒီကို သောလျှံခက သတိထားနေရ၏။ နိုင်ငံခြားမှာ နေလာတာက ကြာနေပြီဖြစ်သောကြောင့် ယဉ်ကျေးမှုက သူ့ဆီမှာ၂မျိုးရောယှက်နေလေသည်။ အပြစ်ပြောခြင်းတော့မဟုတ်ပေမယ့် တစ်ခါတလေ လက်ရဲဇတ်ရဲရှိလွန်းတာကို သောလျှံခ သဘောသိပ်မတွေ့လှပါ။

"အမူးသမားလေး...ညက ကိုရဲ ပြန်လိုက်ပို့ရတယ်...သွားသောက်မယ်ဆိုလည်း မဒီ့ကို ခေါ်မသွားဘူး...မဒီလည်း youနဲ့အတူ မသောက်ရတာကြာပြီ"

"မထင်မှတ်ဘဲတွေ့ကြလို့ပါ...အပြင်ထွက်မယ့်အချိန်မှာလည်း မဒီ့ကိုမမြင်မိတာနဲ့လေ"

"ဒီနေ့ youရဲ့ ဆိုင်လေးကိုသွားမှာမလား"

"အင်း...သွားရမယ်"

"မဒီပါလိုက်မယ်...အတူ အချိန်လိုက်ဖြုန်းတာပေါ့"

နဂိုက WOODYဆိုင်လေးကိုလာလည်ဖို့ခေါ်ရင် ဟိုရွေ့သည်ရွေ့နဲ့ လုပ်နေသူက အထူးအဆန်းလိုက်မယ်တဲ့။ ဆိုင်ပိတ်ပြီးတဲ့အထိ နေရင်ဒုက္ခပဲ...ဒီနေ့ ဂျူနိုလေးကို သွားတွေ့ချင်သေးတယ်။ တွေ့ရဖို့ မသေချာပေမယ့်လို့ပေါ့။

"အာ...ဟုတ်ပြီ...လိုက်ခဲ့ပေါ့"

"ကဲ..ထတော့ ဒါဆိုလည်း...မဒီမနက်စာအတူစားဖို့စောင့်နေပေးမယ်"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Donde viven las historias. Descúbrelo ahora