(၄)

6.3K 721 12
                                    

Unicode

"ကိုကိုရေ"

သောလျှံခအခန်းထဲသို့ ခေါင်းလေးပြူကြည့်ကာ ဝင်လာသော ဘရဏီ....

သောလျှံခက စာကြည့်စားပွဲမှာ စာထိုင်ဖတ်နေတာမြင်တော့ သောလျှံခနားကိုသွားကာ လည်ပင်းကိုဖက်လိုက်၏။

"ဘာတုန်း ချီးထုပ်"

"အိုပါး...အိုမားက မုန့်ဖိုးမပေးတော့ဘူးတဲ့...ညီမလေး showလျှောက်ဖို့ အဝတ်စားဝယ်ရဦးမယ်"

"အဲ့တော့...."

သောလျှံခ မသိချင်ယောင်ဆောင်ပြီး စာအုပ်ကိုပဲ ကြည့်နေလိုက်သည်။ ညီမတော်လေးက အစ်ကိုဆီမုန့်ဖိုးလာလှည့်တောင်းတာ မသိဘဲနေမလား။

"ဘာအဲ့တော့လဲ ကိုကိုကလည်း...."

ဘရဏီ မသိချင်ယောင်ဆောင်နေသော သောလျှံခ၏ လက်ကိုရိုက်ရင်းပြောလိုက်သည်။

"Show လျှောက်ဖို့ လေ့ကျင့်ခန်းလုပ်တယ်...gymသွားတယ်။ တစ်နေရာမှ တိုးတက်လာတာလည်းမတွေ့ဘူး။ မေမေက အဲ့ဒါကြောင့် မုန့်ဖိုးမပေးလိုက်တာနေမှာပေါ့"

"အံမယ်...ဒီမှာ ကိတ်ထွက်လာတာတွေ မမြင်လို့လား"

ဘရဏီက စိတ်မရှည်စွာနဲ့ သောလျှံခကို ဆွဲလှည့်ပြီး သူ့တစ်ကိုယ်လုံးကို လှည့်ပတ်ပြသည်။

"နဂိုတည်းက ကိတ်နေတာမဟုတ်ဘူးလား...ဝလုံးမရဲ့"
"ဟာ...ကိုကိုနော်"

သောလျှံခက ဆက်ပြီးမသိချင်ယောင်ဆောင်နေတော့ မျက်နှာနားကိုအတင်းကပ်သွားပြီး ချစ်စရာကောင်းတဲ့မျက်နှာအမူယာလေးနဲ့....

"ကိုကိုကလည်း ဒီညီမလေးတစ်ယောက်ပဲ ရှိတာကို ကိုကိုက ပစ်ထားလို့ ဘယ်ဖြစ်မလဲ။ ကိုကိုက ညီမလေးကိုမချစ်ဘူးလား....ကိုကိုရေ...ကိုကိုရေ"

သောလျှံခ ဆက်ပြီးမသိချင်ယောင်မဆောင်နိုင်တော့....ရယ်မိတော့သည်။

"ကဲ..ပြော...ပြော...ဘယ်လောက်လိုချင်တာလဲ...အများကြီးတော့မရဘူးနော်"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Nơi câu chuyện tồn tại. Hãy khám phá bây giờ