(၁၉)

4.3K 572 30
                                    

တစ်ညလုံး ခွဲစိတ်ခန်းနဲ့ ဓာတ်ကင်ရမည့် အခန်းထဲတွင် အချိန်ကုန်သွားသောကြောင့် ဂျူနိုတစ်ယောက် ယနေ့မနက် ၁၀နာရီထိုးသည့်တိုင် မနှိုးသေး။ ဓာတ်ကင်၍နားပြီး နှစ်နာရီအကြာ ခွဲစိတ်ခန်းဝင်ရသည်။ ဂျူနိုခေါင်းပေါ်တွင် ချုပ်ရိုးကြောင်းကို ဆေးထည့်ထားခြင်းကြောင့် ပလာစတာများ၊ ဂွမ်းစများက နေရာယူထားသည်။

ချုပ်ရိုးအနေထားကြောင့် ဂျူနို့ခမျာ ပက်လက်အိပ်၍မရ...ဘေးကသူတစ်ယောက်က စောင့်ကြည့်နေရသည်...ပက်လက်အိပ်မိလျှင် ချုပ်ရိုးကြောင်းထိသွားမည်စိုး၍ ဘေးတစောင်းအနေအထားသို့ ပြန်ပြန်တည့်ပေးရသည်။ ထိုတာဝန်ကတော့ သောလျှံခ အပြည့်အဝ တာဝန်ခံထားသည်။ ယခုလည်း ကျောက်ရုပ်ကြီးသဖွယ် မေးထောက်ကာ ဘေးတွင် ချစ်ရသူကိုကြည့်လျက် တုပ်တုပ်မလှုပ်ထိုင်နေသည်။ 

မျက်လုံးထဲတွင် အဖြူ အမည်းရောလျက် ဂျူနို့အတွေးများသည် စမ်းတဝါးဝါးဖြစ်နေသည်။ သို့သော် ထိုအဖြူအမည်းများကို သူပျောက်ကွယ်သွားစေချင်သည်။ သူမျက်လုံးဖွင့်ကြည့်ရမည်...ဟုတ်တယ်....မျက်လုံးဖွင့်ရမည်။

လှုပ်တုပ်တုပ်ဖြစ်လာသော ဂျူနို့မျက်လုံးလေးများကို မြင်တော့ သောလျှံခ ပြုံးသွားရသည်။ နောက်တော့ တဖြည်းဖြည်း ထိုမျက်လုံးလေးများက ပွင့်လာသည်။ တဖြည်းဖြည်းတော့ အဖြူအမည်း သည်းကွဲလာသည်။

"ဂျူနိုလေး....နိုးပြီလား"

"ခ'လား"

ဂျူနို့ဆီက စကားသံထွက်လာ၍ ပျော်မိသော်လည်း ယခုမေးလိုက်သည့် မေးခွန်းက ဘယ်လိုကြီးလဲ...ဘဝင်မကျပါ။

"အင်း...ကိုယ်လေ...ဂျူနို့ဘေးမှာ ကိုယ်ရှိနေတယ်နော်"

ဂျူနိုသည် သူ့လက်တစ်ဖက်ကို အားယူမြှောက်လျက် သောလျှံခ မျက်နှာကို ထိကိုင်ကြည့်သည်။

"နီးနီးလေးပဲ"

"ဂျူနို...ဘာဖြစ်လို့လဲ...တစ်ခုခုဖြစ်နေရင် ကိုယ့်ကိုပြော"

"ကျွန်တော့်မျက်နှာနားကို တိုးလာခဲ့ပါလား"

ဂျူနိုပြောသည့်အတိုင်း သောလျှံခက မျက်နှာချင်းအပ်လိုက်တော့ ဂျူနိုကပြုံးသည်။ သောလျှံခ မျက်နှာကို ထိကိုင်တာထားလည်း မလွှတ်သေး...။

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Wo Geschichten leben. Entdecke jetzt