(၆)

4.9K 584 9
                                    

Unicode

'ပြန်..တွေ့..မယ်' တဲ့။

သူသေချာပြောသွားသည့် စကားလုံး သုံးလုံးတည်းပါ။ ဒါပေမယ့် ဒီနေ့နဲ့ဆို ပြန်မတွေ့ခဲ့တာ တစ်ပတ်တိတိရှိသွားခဲ့ပြီ။ တကယ်တွေ့ချင်တယ်...အရမ်းကိုပဲ...အဲ့စိတ်နဲ့ပဲ ကျွန်တော်ရူးတော့မယ်။ ရင်ထဲမှာ ပူနေတာ အတော်ကြာနေခဲ့ပြီ။

သူပြောပြီး နောက်နေ့ သွားစောင့်နေမိသေးတယ်။ ဟုတ်ပြီ...အဲ့နေ့ကမတွေ့တော့ နောက်နေ့ဆိုပြီး ထပ်စောင့်တယ်။ သူပေါ်မလာခဲ့ဘူး။ ကျွန်တော် ဘာလုပ်လုပ် အဆင်မပြေနေခဲ့ဘူး။ အိပ်ရေးတွေလည်းပျက်ထားလို့ လူက လူရုပ်တောင်ပျောက်နေတယ်။ ခဏလေးပဲ သိကျွမ်းခဲ့တဲ့ ကောင်လေးတစ်ယောက်က ကျွန်တော့်စိတ်ကို အဲ့လောက်ဒုက္ခရောက်စေခဲ့တာ...ဒုက္ခလို့တော့မပြောချင်ပါဘူး...ကျွန်တော့်ဘက်က အရမ်းတွေ့ချင်ပြီး စိုးရိမ်စိတ်တွေ များနေခဲ့တာပါ။

ဒီကောင်လေး ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖုံးကွယ်နေလဲ။ ဘာတွေဝမ်းနည်းနေတာလဲ။ ဂျူနိုလေးရေ...မင်းကတော့ ငါ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်တည်နေမှန်းမသိ ဖြစ်နေပြီ။ ငါကိုယ်တိုင်တောင် သတိမထားမိချိန်မှာဘဲ မင်းကိုဘာလို့ ဒီလောက်ထိ ချစ်မိသွားရတာလဲ။ ငါတွေ့နေကြနေရာမှာပဲ စောင့်နေသေးတာမို့ အမြန်ပြန်လာတွေ့ပါ။ ကျေးဇူးပြုပြီး ပြန်လာတွေ့ပါကွာ။

သောလျှံခ ဂျူနိုနဲ့ တွေ့နေကြနေရာမှာ ထိုင်ရင်း သောက်နေမိသော ဆေးလိပ်များက ဘယ်လောက်ကုန်သွားပြီလဲ မသိ။ တစ်လိပ်ပြီးတစ်လိပ် ထုတ်သောက်နေပြီး ရေပြင်ကြီးကို ငေးမိ၏ ။ မျက်လုံးတွေထဲမှာလည်း မျက်ရည်ဆိုသော အရည်များက ရစ်ဝဲလျက်....။

ဂျူနိုနှင့်မတွေ့ဖြစ်ခဲ့သော ရက်များအတွင်း သောလျှံခ အခြေနေတွေက ကမောက်ကမတွေ ဖြစ်နေသည်။ တစ်ဖက်မှာလည်း မဒီနှင့် လက်ထပ်ဖို့ကိစ္စက ရှိလာခဲ့သည်။ သူမကြားချင်ဆုံး လက်ထပ်ဖို့ ကိစ္စကို လွန်ခဲ့သော၂ရက်က ပြောဖြစ်ခဲ့ကြပြီးဖြစ်သည်။

~~~လွန်ခဲ့သော၂ရက်က~~~

သောလျှံခ ဒီနေ့အိမ်မှာ အေးအေးဆေးဆေး အနားယူမည်ဟု တွေးထားသည်။ မနေ့က မိဘမဲ့ကျောင်းတစ်ကျောင်းကို လိုအပ်သည့်အကူညီများ သွားပေးခဲ့သည်။ ဘရဏီကတော့ ကတိတည်ထားတဲ့အတိုင်း သူနဲ့အတူ လိုက်ခဲ့သည်။ မဒီကတော့ ကြားထဲက အစစ်ပါလာခဲ့သည်။ ထားပါတော့...သူလည်း တကယ်ကူညီပေးခဲ့ပါတယ်။ ဘရဏီကတော့ ဘဝဆိုတဲ့ စကားလုံး၂လုံးကို နားလည်သဘောပေါက်သွားခဲ့သည်။ အဲ့လိုသိအောင်လည်း သူ့ကိုတမင်ခေါ်ခဲ့တာဆိုတော့ ကိုယ့်ရည်ရွယ်ချက်အောင်မြင်သွားပြီပေါ့။

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Dove le storie prendono vita. Scoprilo ora