(၈)

4.5K 589 7
                                    

Unicode

"အရှင်ဘုရား တပည့်တော် ဆုတောင်းတစ်ခုသာပြုလိုပါသည်။ စိတ်ရှုပ်စရာတွေ အမြန်ကင်းဝေးပြီး တပည့်တော်တွေ့ဆုံချင်သော တစ်ယောက်သောသူကို အမြန်ဆုံးပြန်တွေ့ရပါစေ"

သောလျှံခ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော ရွှေတိဂုံစေတီတော်ကြီးမြတ်ကြီး၏ အောင်မြေတွင် ဒူးတုပ်ထိုင်ကာ ဦးတိုက်မိသည်။ ဒီနေ့မှ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဘုရားပရဂုဏ်အတွင်း တံမြက်စည်းလှဲကာ ကုသိုလ်ယူသည်။ မနက်စောစောပိုင်းဖြစ်သည်ကတစ်ကြောင်း ကြားရက်ထဲဖြစ်နေတာတစ်ကြောင်းဆိုတော့ ဘုရားရင်ပြင်ပေါ်မှာ လူသိပ်မများပါ။

ရွှေတိဂုံစေတီတော်ကြီးကို ဦးတိုက်ပြီး အောင်မြေနေရာမှာ ခဏလောက်ထိုင်နေသေးသည်။ ဂျူနိုနဲ့ မတွေ့ဖြစ်တာ ၂ပတ်နီးပါးရှိတော့မည်။ အချိန်တွေက အရမ်းကြာသလို သောလျှံခ ခံစားရသည်။ တစ်ရက်တစ်ရက် ဖြတ်သန်းနေရတာ သူ့အတွက် ၂ရက်စာနီးပါးလောက်ကြာနေသလို ဖြစ်နေသည်။ လက်ထပ်ဖို့ကလည်း နီးလာပြီမလား။ မဒီနဲ့တင်မက တစ်အိမ်လုံးနဲ့ သူရှောင်နေမိသည်။ ဘရဏီကလွဲလို့ပေါ့။

ဒီနေ့တော့ သူ့ကိုယ်သူ စိတ်ပြန်စုစည်းဖို့ မနက်စောစော ဘုရားရောက်လာခြင်းဖြစ်သည်။ ပြီးတာနဲ့ WOODYဆိုင်လေးဆီသွားပြီး အလုပ်ထဲ စိတ်နှစ်ထားမယ်ဟု ဆုံးဖြတ်ထားသည်။
.
.
.
.
.
.
.
.

ဂျူနိုတစ်ယောက် သောလျှံခနှင့်တွေ့ခဲ့ကြတဲ့ နေရာလေးမှာ ရှိနေသည်။ သူနဲ့အတူ ဒေးဗစ်လည်း ရှိသည်။

"မင်းသူ့ကို အရမ်းတွေ့ချင်တယ်မလား"

ဒေးဗစ်က ဂျူနို့ကို ကြည့်ရင်းမေးလိုက်သည်။ ဂျူနိုကတော့ ကန်ရေပြင်ကိုသာ ငေးကြည့်နေရင်း....

"တွေ့ချင်တယ်ပြောရင်ရော ငါဘယ်လိုတွေ့ရမှာလဲ။ ပြန်မတွေ့တာဘဲ ကောင်းပါတယ်။ သူလည်းငါ့ကိုအဲ့လောက်စိတ်ထဲထားနေမှာမှ မဟုတ်တာ။ ဒီအတိုင်း ဒီနေရာလေးမှာ သူနဲ့တွေ့ဖူးခဲ့တဲ့ကောင်လေးတစ်ယောက်လို့ပဲ မှတ်မိနေရင်ပဲ တော်ပြီ"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Where stories live. Discover now