အိမ်တော်ထဲဝင်လိုက်တော့
အပြင်ကမခမ်းနားပေမဲ့
အထဲတွင်တော့ နန်းတော်ခမ်းမဆောင်
အတိုင်းလှပသစ်လွင်လွန်းလှသည်..ကျင့်ရှန့်မှာတော့ မျက်လုံးလေးပေကလပ်ပေ
ကလက်ဖြင့်အပျော်ကြီးပျော်နေရှာသည်..
သူခရီးထွက်ရတာ အလွန်ပင်ကြိုက်သည်လေဝူရှဲ့ဒါမင်းတို့ဇနီးမောင်နှံနားရမဲ့အခန်းပဲ
အင်းကောင်းပြီ
မင်းတို့အနားယူ ကိုယ်လက်သန့်စင်ပြီးမှ
ဧည့်ခန်းဆောင်မှာညနေလာတွေ့ပေါ့ကောင်းပြီ
ဝူရှဲ့နဲ့ရှောင်ဟုန်အခန်းထဲဝင်တော့ ကျင့်ရှန့်
လေးကပါလိုက်ဝင်မည်အပြုတွင် လှမ်းဆွဲလိုက်
သောလက်တစုံက အလွန်မြန်ဆန်
လွန်းလှသည်...မင်းကဘာလို့လိုက်ဝင်နေတာလဲ
ဒါဆိုကျွန်တော်ကဘယ်မှာနေရမှာလဲလို့
လာလိုက်ခဲ့ သူများလင်မယားကြားလိုက်မရှုပ်
နဲ့အရူးလေးဘာအရူးလဲ ဟွန့်
စူစူပုတ်ပုတ်နဲ့စောင့်အောင့်ကာ လိုက်ပါလာ
သောခလေးတယောက်ကြောင့် ဟွားပေါင်
ပြုံးမိသည်..ဒီမှာ ဒါမင်းနေရမဲ့နေရာ
ဟိုဘက်က အခန်းကော
အဲ့ဒါ ငါ့အခန်း
ပြီးရော ဟွန့်
မင်းရေချိုးမယ်ဆို အနောက်ဆောင်မှာနော်
ရေကန်ကသိတယ် ဟွန့် ဘယ်သူက ရေချိုးကန်ကို
အရှေ့ဆောင်မှာထားလို့လဲအင်း သိရင်ပြီးရော ငတုံးလေး
ဘယ်သူကတုံးလို့လဲ ဟွင့်
ကပ်ကပ်လန်ပြန်ပြောသောခလေးကြောင့်
ဟွားပေါင်မှာ ခနခနပင်ပြုံးမိနေရသည်...
.
.ညနေစောင်းရောက်တော့ ဧည့်ခန်းမဆောင်
တွင်အားလုံးစုံမိကြသည်....၅ပေခန့်မျှရှည်သောစားပွဲကြီးပေါ်တွင်တော့
အစားအသောက်မျိုးစုံ ခင်းကျင်းထားသည်ကျင့်ရှန့်တယောက်ကတော့ ခေါင်းမဖော်နိုင်
အငမ်းမရပင်စားသောက်နေတော့သည်
သူ့ရှေ့တွင်မင်းကြီးထိုင်နေသည်ကိုပင်
သတိမပြုနိုင်တော့...