ဆုအိုင်::ကျွန်တော်တို့ဒီမှာတည်းလို့ရမလားယွဲ့မင်: :ဟာ ရတာပေါ့ အမြဲကြိုဆိုပါတယ်
ရှောင်ဟုန်မျက်လုံးလေးပြူးကာဒီမှာဘာလို့နေရ
မှာလဲဟူသောအမူအရာဖြင့်ဆုအိုင်ကိုကြည့်
လိုက်သည် ဆုအိုင်ကပခုံးပြန်တွန့်ပြသည်...ဝူရှဲ့::အာ ကျွန်တော်တို့ကဟိုဘက်မှာပဲနေလို့
ရမလား ကျွန်တော့ဇနီးကဝူရှဲ့စကားပင်မဆုံးသေး
ယွဲ့မင်::ကျွန်တော်သီးသန့်အိမ်တော်စီစဉ်ပေး
ပါ့မယ် ကျန်တဲ့သူတွေအတွက်ကော အကုန်
သီးသန့်အဆောင်တွေရှိပါတယ်..အပြုံးချိုချိုလေးနဲ့ပြောနေတယ်လို့အခြားသူများက
ုမြင်ပေမဲ့ ဝူရှဲ့ကတော့ မြေခွေးအပြုံးဟုသာ
မြင်နေသည် အကြည့်တွေက သူ့ဇနီးဆီသာ
ခနခနရောက်နေသည်ကို မရိပ်မိစရာအကြောင်းမရှိတမင်များရည်ရွယ်ပြီး ကြည့်နေသလားဟု
ပင်ဝူရှဲ့ထင်မိသည်..ဟွားပေါင်ကတော့ဘာမျှဝင်မပြောငြိမ်လျက်
သားပင်...ဝူရှဲ့::ဟွားပေါင် မင်းဘာမှဝင်မပြောဘူးလား
ဟွားပေါင်::ပြောစရာမရှိဘူး
ယွဲ့မင်::ကဲ အားလုံးပဲပင်ပန်းနေရောပေါ့
အခန်းလိုက်ပြပေးပါ့မယ် ဟိုဘက်အိမ်မှာ
ကျန်နေတဲ့ပစ္စည်းတွေကိုတော့ ကျွန့်တော့်
အစေခံတွေကိုပဲယူခိုင်းလိုက်ပါမယ်ဆုအိုင်::ကျေးဇူးတင်ပါတယ်
.
.အားလုံးလိုက်ပြသောအဆောင်များဆီအသီးသီး
သွားကြသည်..ဝူရှဲ့နဲ့ရှောင်ဟုန်အဆောင်လေးအနီးမှာတော့
ကြာပန်းတွေပြည့်နေသောကြာကန်အကြီးကြီး
ရှိသည်..ရှောင်ဟုန် မျက်လုံးလေးတွေက
ထိုကန်ထဲက ကြာသီးတွေခူးစားဖို့ဟန်ပြနေ သည် ဝူရှဲ့က သူ့ဇနီးအကြိုက်ကိုတော့ မသိစရာအကြောင်းမရှိ...ဝူရှဲ့::ချစ်ဇနီးလေး ကြာသီးခူးပေးရမလား
ရှောင်ဟုန်::ဟင့်အင်း လှေစီးရင်းနဲ့ပဲခူးစားမယ်
ဝူရှဲ့::အင်း ကိုလှေသွားရှာပေးမယ် ခနစောင့်
.
.
ဝူရှဲ့ဘယ်ကိုသွားတောင်းမှန်းမသိ အစေခံတချို့
လှေသယ်လာကာ ကန်ထဲချပေးလိုက်သည်