အပိုင်း ၂၃

1.9K 129 10
                                    


Unicode

မိဖုရားနန်းဆောင်တွင်

မိ မိဖုရား မင်း မင်းကြီး ကြွမြန်းလာနေပြီတဲ့

မိဖုရားလော့လော့မှ တအံတဩဖြစ်သွားကာ

မြန်မြန်ပြင်ဆင်လိုက်ကြစမ်း.....



ဝုန်း ဟူသောတံခါးဖွင့်သံနဲ့အတူ

လော့လော့ ငါဒီကိုလာတာ မင်းနဲ့အိပ်ရုံသက်သက်ပဲ..

လောလော့မာနားလည်စွာပင်

ဟုတ်ကဲ့ပါ ကျွန်မနားလည်ပါတယ်အရှင်

အဲ့လောက်ရိုသေဖို့မလိုပါဘူး အရင်လိုပုံမှန်ပဲဆက်ဆံပါ

မလုပ်ဝံ့ပါဘူး အရှင် အပြင်မှာနားနဲ့ပါးစပ်
တွေကများတယ်လေ

အင်း ဒါဆိုအိပ်ကြတော့မလား

ဟုတ်ကဲ့ပါ အရှင်

နှစ်ဦးသားအနွေးဓါတ်ပေးထားသော အိပ်ယာပေါ်တစ်ဖက်စီလှဲချလိုက်ကြသည်....

ဆုအိုင်မှာ လော့လော့ရှိရာဘက်တို့ မျက်နှာချင်းဆိုင်လှည့်လိုက်ကာ

မင်းစိတ်မခုဘူးလား မင်းနဲ့လက်ထပ်ပြီးထဲက ငါဒီကိုလုံး၀မလာခဲ့ဘူး

လော့လော့စိတ်မဆိုးရဲပါဘူး အရှင်

သေချာလို့လား  မင်းကအဲ့လောက်တောင် စိတ်သဘောထားပြည့်၀နိုင်တာလား

ဟုတ်ကဲ့ပါ အရှင်

အင်း အင်း အိပ်တော့ ကောင်းသောညလေးဖြစ်ပါစေနော် လော့လော့

လော့လော့ သူချစ်ရသူစီမှ ခုလိုစကားတွေကြားရတာ အလွန်ပင်ပျော်ရွင်စရာကောင်းနေပြီ ခုလိုအိပ်ယာတစ်ခုထဲတွင်လည်းတူတူလှဲလျောင်းနေခွင့်ရခဲ့ပြီ တစ်ခုပဲထပ်တောင်းဆိုနေချင်ခဲ့မိသည် အဲ့တာက သူ့လက်လေးကိုင်ခွင့်ရဖို့ပင် ဒါပေမဲ့ လုံး၀တော့မပြောရဲ့ခဲ့ပေ။။။

လော့လော့ မအိပ်ပဲ ဒီလိုစိုက်ကြည့်နေတော့ ငါဘယ်လိုအိပ်ပျော်ရတော့မလဲ

တောင်းပန်ပါနယ် အရှင် ကျွန်မ...

လက် ကိုင်ထားချင်လား

လော့လော့ သူ့တောင်းကိုများကြားသွားလေသလားဟု မျက်ရည်များပင် ဝဲတက်လာကာ
ခေါင်းကိုအသာညိမ့်ပြခဲ့မိသည်။။။။

ကမ္ဘာ ခြားလည်းချစ်နေမယ်Donde viven las historias. Descúbrelo ahora