Unicode
.
.
.ဟင် လုယီပြန်ရောက်နေပြီလား
ဟုတ်ကဲ့အခုပဲပန်ရောက်တာပါအရှင်
ဆေးသွားဝယ်တာဆိုဘယ်မာလဲမင်းနဲ့အတူပါမလာဘူးလား
သိုလှောင်ရုံမာထားခဲ့တာပါ
ဟင် ငါခုမှသိုလှောင်ရုံကလာတာလေဘာဆေးမှမတွေ့မိပါဘူး
ဟို ဆေးလှည်းကမရောက်သေးတာဖြစ်မယ် ကျွန်တော်အရင်နန်းတော်ဝင်ခဲ့တာမလို့
အင်း အဲ့လိုလား ...
အရှင်မင်းကြီး
ဟင်ဒါကမိဖုရားနန်းဆောင်ကအထိန်းတော်မလား ဘာလာလုပ်တာပါလိမ့်
ဘာကိစ္စရှိလို့လဲ
ဟို မိ မိဖုရားကဘာဖြစ်တာလဲမသိဘူး ရုတ်တရက်ကြီး သတိမေ့သွားရာကနေ သမားတော်တွေခေါ်ကုပေမဲ့လည်း ရောဂါအမည်ကမရှိ..
လုယီ မင်းသွားကြည့်ပေးနိုင်မလား
အရှင့်အမိန့်တော်အတိုင်းလုယီနာခံလျက်ပါ
ဟင် ဘာလား လုယီကအရမ်းယဥ်ကျေးနေသလိုပဲငါပဲစိတ်ထင်နေတာများလား
.
.
.
.
လုယီမိဖုရား၏သွေးခုန်နှုန်းကိုစမ်းသပ်ကြည့်ပြီး
မျက်ခုံးကိုတွန့်ချိုးလိုက်ကာ..အရှင်မိဖုရားရဲ့ခန္ဓာကိုယ်ကိုစစ်ကြည့်ရပါလိမ့်မယ် ခွင့်ပြုပေးနိုင်မလား
အထိန်းတော်ကြီးမှာ
အိုး ဘယ်ဖြစ်မလဲ အရှင်ရယ် သူကယောက်ျားလေးလေ ဘယ်လိုလုပ်မိဖုရားရဲ့ ခန္ဓာကိုယ်ကိုကြည့်ခွင့်ပေးလို့ရမာလဲ
ကိုယ်တော်ခွင့်ပြုတယ် ဆက်လက်ကြည့်ရှုစေ
လုယီမှာမိဖုရားရဲ့ ရင်ဘက် နောက်ကျော တို့မှ အနီအစက်အပျောက်များနှင့် အသားတို့မာ ဖူးယောင်နေလျက် ရင်ဘက်တို့တွင် အကြိတ်အဖုများပါဖြစ်နေသည်ကိုတွေ့ရတော့ မဖြစ်ဘူး ဒါကကူးစက်နိုင်တယ်
အရှင်ကျေးဇူးပြုပြီး မိဖုရားအဆောင်တော်ကလူတွေအကုန်လုံးကို စစ်ခွင့်ပြုပါ ဒါက ကူးစက်ရောဂါဖြစ်ပါတယ် အခန့်မသင့်ရင်လူကိုသေစေနိုင်တာကြောင့်ပါ အရှင်လည်း အဆောင်တော်ကိုပြန်နားသင့်ပါတယ်