Unicodeဝူရှဲ့ညနေခင်း အိမ်ပြန်ရင်း စိတ်ကူးက တောင်ပေါ်ကိုသွား၍စူးစမ်းချင်စိတ်ဖြစ်လာခဲ့သည်
ငါ တောင်ပေါ်ဘက်သွားရင်တော့ တစ်ခုခုထူးခြားတာရှိမလားပဲ မထူးပါဘူး ခြေလှမ်းတောင်ပြင်ပြီးပြီ သွားကြည့်လိုက်မယ်ကွာ
ဝူရှဲ့ မြင်းဇောင်းမှမြင်းတစ်ကောင်ငှားကာ ထွက်လာခဲ့လိုက်သည်။
အတန်ကြာမောင်းနှင်အပြီးမှာတော့ တောစပ်ဆီဦးတည်ရောက်လာသည် လပြည့်ညလည်းဖြစ်တော့ နေကာတိုင်းကို ကောင်းစွာ မြင်နေရသည်
ဝူရှဲ့မြင်းပေါ်မှဆင်းကာ ဇာတ်ကြိုးကိုဆွဲလျက် လမ်းလျောက်လာလိုက်သည်။ဟင်း ဘာမှလဲမရှိဘူး ဒီထက်နက်အောင် ဆက်သွားရင်ကောင်းမလားပဲ
ထိုစဉ်အနောက်မှ ခြေသံသဲ့သဲ့ကိုကြားလိုက်ရာ လျင်မြန်စွာပင် ဓားမြှောင်လေးဖြင့်လှမ်းပေါက်လိုက်သည်
အာ့..
အသံကြားရာ ဝူရှဲ့ သတိကြီးစွာ ချဉ်းကပ်လာလိုက်သည်။
မင်း ဘယ်သူလဲ
ဝူရှဲ့ပြောပြောဆိုဆို ခေါင်းစောင်းကို လိင်မြန်စွာဆွဲလှန်လိုက်တော့...
မင်းကိုးးး
ဟွန့်
တခြားသူမဟုတ် ရှောင်ဟုန်ပင်။
မင်းက ဒီမာဘာလုပ်နေတာလဲ
ဘာလုပ်လုပ်ပေါ့ ဒါကတောကြီးပဲ လာချင်တဲ့သူ လာလို့ရတယ်
ထားပါ ဒဏ်ရာရသွားသေးလား
ရစရာလား ငါလဲ သိုင်းတတ်ပါတယ်နော်
ဒါဆိုဘာလို အာ့ ဆို အသံထွက်လာတာလဲ
ဓားကိုရှောင်ရင်းခြေချော်သွားလို့ ဟွန့်
မျက်စောင်းခဲကာပြောနေသော ထိုချာတိတ်လေးကို ဝူရှဲ့အမှန်ပင်သဘောမကြပါ တခြားသူအမြင်မာဘယ်လိုဖြစ်ဖြစ် သူ့အနေနဲ့တော့ သာမန်ပင် ထူးခြားသောခံစားမှုမျိုးမရှိ
ဘာလုပ်နေတာလဲ ကျွန်တော့်ကို ထူပေးဦး ခြေခေါက်သွားတာလားမသိဘူး
တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ ထထ
လက်တစ်ဖက်ဖြင့်ဆွဲထူလိုက်တော့