အပိုင်း(1)

1.6K 60 1
                                    

ရှေ့မှာရှိနေတဲ့ တရားခံ ကိုကြည့်ရင်း အမှုစစ် ဖြစ်တဲ့ ဝမ်ရီပေါ်တစ်ယောက် စိတ်တိုနေမိတယ်ဆိုရင် ထူးဆန်းနေမလားမသိတော့ပါ။
လူနှစ်ယောက် အထူးသဖြင့် သူ့ဦးလေး နဲ့ သူမိခင် ကို သတ်တာသူပါလို့ ဝန်ခံနေတဲ့သူဖြစ်သည်။
တရားရုံးလွဲပေးရတော့မဲ့အမှုဆိုပေမဲ့ စိတ်ထဲက ဒီလူဟာ လူသတ်သမားမဖြစ်နိုင်ဘူးဆိုတာသာတွေးနေမိတာဖြစ်သည်။

"ခင်ဗျာ တကယ် လူသတ်ခဲ့တာလား "
"အော် ခက်လိုက်တာ အရာရှိကြီးရယ် ကျွန်တော်သတ်တညပါလို့ဝန်ခံ နေတာကို ဘဟ်လိုဖြစ်တာလဲဗျာ"
"ကျွန်တော့် အတွေးက လုံးဝ မမှားနိုင်ဘူး"
"ဟမ် ဘာကိုပြောတာလဲ"
"ခင်ဗျာက တရားခံ မဖြစ်နိုင်ဘူးလေ မဟုတ်ဘူးလား"
"ဟမ် ခင်ဗျာ က ဘယ်လို အမှူစစ်လဲဗျာ ဒီလောက်ဝန်ခံတာတောင် ဘယ်လိုတရားခံမဟုတ်ဘူးထင်တာလဲ"
"သက်သေတွေ အားလုံးက ခင်ဗျာညွန်ပြနေတာမှန်ပေမဲ့သက်သေတွေက ရှင်းလင်းလွန်းအားကြီးနေတာကိုကထူးဆန်းနေတာ တကယ့်တရားခံအစစ်ဆိုတာ အမှန်အတိုင်းပြောပြရင်သူကျုလွန်တဲ့ကိစ္စတွေကိုဖျောက်ဖျက်ကြမှာဘဲ ခင်ဗျာကတော့ထူးဆန်းစွာ သက်သေတွေအားလုံးကို ခင်ဗျာဆီညွန်ပြနေပေမဲ့ အရမ်းကိုလည်းရှင်းလင်းနေတယ်လေ"
"မဖုံးကွယ်ထားချင်လို့ဖော်ထားတာပါ"
"မဖြစ်နိုင်တာ သေသွားတာ ခင်ဗျာ အမေနဲ့ဦးလေး နော်"
"သေလောက်အောင် မုန်းလို့ ရွံလို့ သတ်တာ"
"ကျွန်တော်ကတော့ အခုထိ မယုံနိုင်သေးဘူး"

အတင်းဇွတ်ယုံကြည်မှူလွန်ကဲနေတဲ့ အမူစစ်ကိုကြည့်ရင်း ရှောင်ကျန့် တစ်ယောက်ပြုံးမိသေးသည်။
မင်းယုံကြည်တဲ့အတိုင်း ငါက လူမသတ်ခဲ့ဘူးအရာရှိလေးရဲ့ ဒါပေမဲ့ တရားခံအစစ် ရဲ့နံမည်ကိုကာကွယ်ဖို့အတွက် ငါကတရားခံဖြစ်နေမှဖြစ်မှာမို့လို့တောင်းပန်ပါတယ် မင်းလည်းတခြားလူတွေလိုဘဲ ငါက တရားခံလို့ယုံကြည်ပေးပါလို့ငါတောင်းဆိုပါတယ်လို့စိတ်ထဲက တွေးနေမိသည်။

"ခင်ဗျာ က ဂီတမေဂျာက အဆိုနည်းပြနော်"
"ဟုတ်ပါတယ် အလုပ်ဝင်တာ တစ်နှစ်ဘဲ ရှိပါသေးတယ်"
"ခင်ဗျာရဲ့တပည့်တွေက ဘာပြောတယ်ထင်လဲ"
"သူတို့က ဘာပြောလို့လဲ"
"ခင်ဗျာ က လူသတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့ လောကမှာတော်တဲ့လူ ကိုယ်ချင်စာတရား အရှိဆုံးလူကတောင်ခင်ဗျာလောက် မရှိနိုင်ဘူးတဲ့"
"အဲလိုလူက ဒေါသ ထွက်ရင်ကြောက်ဖို့ကောင်းတယ်လို့ရောမပြောဖူးလား သူတို့ပိုသိမှာပေါ့"
"ဟုတ်ပါတယ်လေ တော်ပြီးဗျာ မမေးတော့ဘူး"
"ကောင်းပါပြီးဗျာ"

ပုံပြင်ဟောင်းတစ်ပုဒ်ကိုအသက်သွင်းခြင်းWhere stories live. Discover now