အပိုင်း(15)

341 26 0
                                    

ကောမိဘတွေနဲ့ပါးကအဆင်ပြေသွားပြီးကောနဲ့ရှောင်ကျန့်လည်းပြန်အဆင်ပြေတော့ ချင်းချင်း ကတစခန်းထပြန်သည်။
ဟိုတယ်ကိုရောက်လာပြီးဧည့်သည်တွေအများကြီးရှေ့မှာဟိုတယ်မကောင်းကြောင်းတွေပြောနေသည်ဆိုတဲ့သတင်းကြောင့်ရှောင်ကျန့်ထွက်လာတော့နိုင်ငံကခြားသာတစ်ယောက်နဲ့ချင်းချင်းစကားများနေတာနဲ့ကြုံရသည်။
သူကပြည်ပဧည့်သည်တွေပါသိအောင်အင်္ဂလိပ်လိုအော်နေတာဖြစ်သည်။ရှောင်ကျန့်သူတားမလို့လုပ်နေတုန်းမှာရဲတွေရောက်လာကာ

"မိန်းကလေးချင်းချင်း ခင်ဗျာကို ပိုင်နက်ကျူလွန်မှူလုပ်ငန်းခွင်နောက်ယှက်မှူ အပြင်မဟုတ်မမှန်ပြောဆိုသတင်းဖြန့်မှုနဲ့ဖမ်းပါတယ် ရှေ့နေငှားခွင့်ရှိတယ် နူတ်ပိတ်နေခွင့်ရှိတယ်ဒါပေမဲ့ပြောသမျှစကားတိုင်းတရားရုံးမှာသက်သေဖြစ်မှာပါ"
"ဘာရှင့်နေပါဦး ဘယ်သူတိုင်တာလဲ "
"ဟုတ်တယ်က ဧည့်သည်ပါ"
"သူနဲ့ဘာဆိုင်လဲ"
"ဆိုင်မဆိုင်တော့မသိဘူး သက်သေဗီဒီယိုရှိနေတော့တရားရုံးမှာရှင်းကြတာပေါ့ မဟုတ်ဘူးလား"
"နင် ရှောင်ကျန့် နင်တမင်လုပ်တာမဟုတ်လား"
"အဲလိုပြောတဲ့ခင်ဗျာ ကရော ကျွန်တော်တို့ဟိုတယ်ကိုတမင်လာလုပ်နေတာမဟုတ်လား နေရာတကာ မင်းစိတ်နဲ့မနိုင်းစမ်းပါနဲု့ငါကမင်းလိုမဟုတ်ဘူး မိန်းကလေး"
"ရှင် နောင်တ ရစေရမယ်"
"ကိုယ့်ပြသနာ ကိုယ်အရင်ရှင်းပါဦး"

ရဲတွေခေါ်သွားတဲ့နောက်ပါသွားတဲ့အထိရှောင်ကျန့်ကိုမကျေမနပ်အော်ပြောနေတဲ့မိန်းကလေးကြောင့်အမြဲလာနေကျဧည့်သည်အဖွဲ့ခေါင်းဆောင်ကရှောင်ကျန့်နားတိုးလာကာ

"သူဌေးလေး မင်းအဆင်ပြေရဲ့လား"
"ပြေပါတယ်ဗျာ"
"အဲဒီမိန်းကလေး က ဘယ်သူလဲ သူဌေးလေးနဲ့ဆက်ဆံရေးအဆင်မပြေကြဘူးထင်တယ်နော်"
"သူကလား ရီပေါ် ကော ရဲ့ရည်းစားဟောင်းလေ"
"ရည်စားဟောင် ဟုတ်လား အဲဒါကြောင့်ကိုး"
"ပြသနာလာလုပ်ပေမဲ့ခက်တာက ဒီဟိုတယ်ကအရင်ကတည်းကနံမည်ပျက်မှမရှိတော့သူ့ကိုအရူးလို့ထင်သွားကြတာပေါ့ ဒါနဲ့ အကိုတိုင်လိုက်တာလား"
"ဟုတ်တယ် ကြားရတာအဆင်မပြေလို့"
"ကျွန်တော်ရဲစခန်းလိုက်သွားမှနဲ့တူတယ်"
"သက်သေဗီဒီယိုနဲ့အတူမန်နေဂျာကိုလွှတ်လိုက်ပါသူဌေးကိုယ်တိုင်းသွားစရာမလိုဘူး ပြီးတော့လုပ်ငန်းရဲ့ရှေ့နေရှိတယ်မဟုတ်လား အဲလိုလွှတ်လိုက်အသေးအဖွဲလေးကိုပါသူဌေးကလိုက်လုပ်ရင်သူတို့အထင်သေးသွားလိမ့်မယ်"
"ဟုတ်ကဲ့အကို"

ပုံပြင်ဟောင်းတစ်ပုဒ်ကိုအသက်သွင်းခြင်းWhere stories live. Discover now