"ကျန့်လေး အခု သားဘာပြောလိုက်တာ"
"စေ့စပ်ထားတဲ့ကိစ္စ ဖျက်သိမ်းပေးဖို့ပါ ပါး ကောမှာချစ်သူမိန်းကလေးရှိတယ် အဲဒီ မိန်းကလေးကိုယ်တိုင်းသားကိုလာတွေ့ပြီးကောနဲ့သူနဲ့က ကလေးတောင်ရှိနေပြီးလို့ပြောလို့"
"ဘာ အဲဒါ အမှန်ဘဲလား"
"ဟုတ်တယ် ပါး ပြီးတော့သားကလိမ်မပြောတတ် ပါး သိပါတယ် သားသူများလာပြီးစော်ကားတဲ့ စကားမကြားချင်တော့ဘူး ပါး အဲဒါကြောင့်ရှေ့မျက်နှာနောက်ထားပြီးပြောပေးပါ"
"ကောင်းပြီး သား ပါး ပြောလိုက်ပါ့မယ်"သားဆန္ဒရှိတဲ့ကိစ္စမို့လုပ်ပေးဖို့အတွက်သူဌေးဝမ်းနဲ့တွေ့ဖို့ထွက်လာပြီးသားပြောတဲ့ကိစ္စပြောကာဖျက်သိမ်းဖို့ပြောလိုက်သည်။မိန်းကလေးချစ်သူရှိတယ်ဘဲပြောပြီးကိုယ်ဝန်ရှိတာတော့မပြောဘဲထားလိုက်သည်။
ပြန်လာတော့သားကိုဖျက်သိမ်းကြောင်းပြောပြလိုက်တော့သားကစိတ်သက်သာရသွားသလိုဟိုတယ်စာရင်းတွေပြန်စစ်နေသည်။ဘဝမှာအရင်းနှီးဆုံးလူသားကသားလေးတစ်ယောက်ဘဲရှိတော့တာမို့သားဆန္ဒမှန်သမျှဖြစ်စေရမယ်လို့ခံယူထားတဲ့အဖေတစ်ယောက်မို့သူများတွေဘာပြောပြောသားအတွက်ဆိုအားလုံးလုပ်ပေးဖို့တွေးထားလိုက်သည်။"ပါး စိတ်မကောင်းဖြစ်စေလို့တောင်းပန်ပါတယ်"
"တောင်းပန်စရာမလိုပါဘူး သားရယ် သားလုပ်ချင်တာအကုန်လုပ်ပေးဖို့က ပါးရဲ့အလုပ်ဘဲသားရဲ့"
"ကျေးဇူးတင်ပါတယ် ပါးရယ်"
"ကျေးဇူးတင်စရာလားကွာ သားအဖချင်းကို"
"ပါး ညနေ ကျရင် အဘိုးရင် ဆိုင်ခေါက်ဆွဲသွားစားကြရအောင် သားသုံးပွဲလောက်စားပစ်မှာ"
"ဟုတ်ပါပြီး အစားပုတ်ရယ် သွားတာပေါ့"
"ဟုတ် ပါး"သားအဖနှစ်ယောက်အရင်ကထက်ပိုချစ်ခင်တာမြင်တော့ဝန်ထမ်းတွေလည်းစိတ်ချမ်းသာရသည်။သူဌေးကဘာလုပ်လုပ်သူနိုင်သလောက်လုပ်တတ်တာမို့သူဌေးရဲ့ပိုင်ဆိုင်မှုတွေကရှယ်ယာရှင်တွေဘာတွေမရှိတာမို့လုပ်ရတာအဆင်ပြေသည်။
ဘယ်သူကဘာရာထူးဖြစ်ဖြစ်ဘဝင်မြင့်လို့မရသလိုမာနကြီးလို့လဲမရပါ။အနိမ့်ဆုံးသန့်ရှင်းရေးကအစလုံခြုံရေးကနေအမြင့်ဆုံးမန်နေဂျာတွေအထိအားလုံးတန်တူညီဆက်ဆံသည်။
သန့်ရှင်းရေးနဲ့လုံခြုံရေးရဲ့လစာက ပုံမှန်ရုံးဝန်ထမ်းတွေထက်တောင်မြင့်သေးသည်။
ဟိုတယ်မှာသန့်ရှင်းရေးနဲ့လုံခြုံရေးကအထိကကျတယ်လို့သူဌေးကိုယ်တိုင်းပြောခဲ့တာဖြစ်သည်။
ညနေရုံးဆင်းတော့ဝန်ထမ်းတွေကိုနုတ်ဆက်ကာထွက်လာပြီးအဘိုးရင်ဆိုင်မှာသွားစားဖြစ်ကြသည်။
YOU ARE READING
ပုံပြင်ဟောင်းတစ်ပုဒ်ကိုအသက်သွင်းခြင်း
Fanfictionခင်ဗျာ အတွက်ဆို ကျွန်တော်က အရာအားလုံး ပြောင်းလဲပြစ်နိုင်တယ်ဆိုတာယုံပေးမယ်ဆိုရင်