.
...........♡♡♡♡........
တိတ်ဆိတ်လွန်းတဲ့...
ညတစ်ည...ကောင်းကင်ကြီးက...
နက်မှောင်လွန်းလှသည်။...လရောင်လည်း..မရှိ...
ကြယ်လေးတွေလည်း...ဟိုနေရာတစ်ပွင့်..ဒီနေရာ တစ်ပွင့်...
ရေးရေးလေးသာ....
ပေါ်နေကြသည်။....ခြံကြီးရဲ့ ပတ်ပတ်လည်...ကိုညမီးအိမ်ရဲ့အရောင်မှိန်ပျပျလေးတွေကိုသာထွန်းထားသည်။...
ခမ်းနားလွန်းတဲ့...အိမ်ကြီးရဲ့...
ဒုတိယထပ်က...အခန်းလေးထဲမှာ...ဖန်မီးအိမ်လေး...
တစ်လုံးနဲ့သာ.....ထိုင်နေတဲ့...၁၂အရွယ်...ကောင်မလေးတစ်ယောက်....သူမလေးရဲ့...မိဘတွေက...ငွေချမ်းသာသလောက်...မေတ္တာတရား ဆင်းရဲလွန်းလှသည်။...
တစ်ဦးတည်း မွေးထားတဲ့. သမီးဖြစ်သူကို...လုံးဝဂရုမစိုက်တဲ့အပြင်...လိုချင်တာမှန်သမျှ...ငွေနဲ့ အရာရာကို...ဖြည့်ဆည်းပေးပေမယ့်...ငယ်ရွယ်နေသေးတဲ့
သူမလေးကတော့....
မိဘမေတ္တာကို အရမ်းတောင်းတသည်။...သူမ မိဘတွေက...သူမအတွက်...သူမလိုချင်တဲ့..မေတ္တာတရားကို..
မဖြည့်ဆည်းပေးပါ....မွေးဖွားပြီးလို့...လူမမယ်..ကလေးမလေး.....ဆေးရုံဆင်းတဲ့နေ့က စပြီး..သူမရဲ့ မေမေက...နို့ချိုမတိုက်ကျွေးခဲ့..ရင်ခွင်ထဲ မထွေးပွေ့ခဲ့...
Maid တွေရဲ့လက်ပေါ်ကနေ...နို့ဗူးနဲ့သာ..သူမလေး အသက်ရှင်ခဲ့တာပါ..
.
.
ထိုင်တတ်ခါစ..အရွယ်ကနေ..လမ်းလျှောက်သင်တဲ့ အရွယ်ထိသာ...သူမရဲ့...မေမေကို တွေ့ဖူးခဲ့ရတာပါ...တီတီတာတာ ပြောတတ်တဲ့ အရွယ်ရောက်တော့...
Maid တွေရဲ့ ချော့မြူနမ်းရှိုတ်မှုသာရခဲ့တာပါ..၃နှစ်အရွယ်က စပြီး...
တစ်ယောက်တည်း အခန်းထဲမှာ..အိပ်ရသည်။..ညသန်းခေါင်ယံတွေမှာ သူမလေး နို့ဆာလို..ငိုသံကြားမှ...သူမလေးကို ထိန်းပေးတဲ့. Maid အဒေါ်ကြီးက...ရောက်လာပြီး..နို့ဗူးတိုက်ခဲ့တာပါ...
ဒီလိုနဲ့..တဖြည်းဖြည်းသူလေးက..ကြီးပြင်းလာခဲ့သည်။..
ကျောင်းနေတတ်တဲ့ အရွယ်လည်း...သူများသားသမီးတွေလို...သူမလေးက
..မိဘတွေရဲ့...ကျောင်းကြိုပို့တာကို...မခံခဲ့ရပါ...
YOU ARE READING
ပြန်ဆုံခွင့်လေး...ရှိခဲ့ရင်...
Fanfictionသံယောဇဉ် ဆိုတာ ဖြတ်ဖို့အရမ်းခက်တဲ့ အရာတစ်ခုပါ.... အချစ်နဲ့ သံယောဇဉ် ပေါင်းလိုက်တော့.. ဖြတ်တောက်လို့ မရတဲ့ နူးညံ့ခြင်းတွေပေါ့....