အတိတ်ကိုပြန်သွားမယ်

6.7K 305 14
                                    

(AN - Uni တေအတွက် acc ထဲ uni သန့်သန့်
အပ်ပုဒိတ်ပေးထားပါတယ်နော်

(AN - Uni တေအတွက် acc ထဲ uni သန့်သန့်အပ်ပုဒိတ်ပေးထားပါတယ်နော်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

)

9¾ ရထားဘူတာတွင်ဖြစ်သည်။
ဟောဝပ်ကျောင်းသို့ သွားရောက်ပညာသင်ယူ
ရန် သွားလာနေကြသော...အသက်ကြီးငယ်...
လူရွယ်တစ်ချို့....ကျောင်းသားမိဘများလည်း
နှုတ်ဆက်...မှာကြားရင်း သြဝါဒခြွေ
နေသံများ...ပစ္စည်းတွန်းလှည်းပေါ်မှ တိရိစ္ဆာန်
တွေအော်ညဉ်းသံတွေက ဆူညံပွတ်လောရိုက်
နေတာ။

ဒရေကို...ကိုယ့်လိုပဲ ရွှေဝါရောင်ဆံပင်ကိုပိုင်ဆိုင်
ထားသော ကိုယ်သားလေးကို...ဇနီးသည်က
မှာစရာရှိတာမှာကြားနေသည်ကို...ဒရေကို
ပီတိဖြာသောအပြုံးတစ်ခုနှင့်...ခေါင်းမော့ကာ
ပတ်ဝန်းကျင်ကြည့်မိသည်။

မြင်လိုက်ရသော...မိသားစု နှစ်စု
ရွန်း နှင့် ဟာမွန်နီ တို့မိသားစုရယ်...အနောက်မှာ
တော့...မှော်ဝင်သမိုင်းမှာ တွင်ကျယ်စေခဲ့သော
ဟယ်ရီပေါ်တာ နဲ့သူရဲ့ဇနီး ဂျင်းနီ ရယ်သူတို့
ကအရင်တိုင်းပါပဲ စည်းစည်းလုံးလုံး။

ဒရေကို ထိုမြင်ကွင်းလေးကိုကြည်နူးသည်
တစ်ချိန်က ကိုယ်အားကျခဲ့ရတာ ထိုမြင်ကွင်း
မဟုတ်ပါလော။

ဒါမဲ့...အခုဆို ပြီးပြည့်စုံသော မိသားစုလေး
ရခဲ့ပြီလေ။သို့သော် ဟယ်ရီ နဲ့ ဂျင်းနီ တို့
ဇနီးမောင်နှံ အားကြည့်ရင်း ဒရာကို စိတ်ထဲ
မတင်မကျ ဖြစ်နေမိတာအမှန်...

"မက်ဖွိုင်း ...ရှင် သားကိုဘာမှာဦးမလဲ"

ဇနီး ရဲ့စကားနဲ့ ဒရာကို အသိဝင်လာရင်း...
ဟယ်ရီတို့ဆီမှအကြည့်များဖယ်ရှားပြီး...

Another Series I [ZG Ver]Where stories live. Discover now