အမှတ်တရများ

1.3K 70 1
                                    

Lifen တစ်ယောက် သစ်ပင်အောက်မှထိုင်ရင်း ကောင်လေးပေးခဲ့တဲ့ ဆံထိုးလေးကိုကြည့်နေတယ်

(Hair pin ကိုဆံထိုးလို့ပဲပြန်လိုက်မယ်နော်)

အဲ့ဒီအချိန်မှာ မိန်းကလေးသုံးယောက် သူမအရှေ့ကိုလာရပ်တယ် အလယ်ကမိန်းကလေးကတော့ မိဘုရားကြီးရဲ့သမီးဆိုတာပြောစရာကိုမလိုဘူး

မိန်းကလေးက အော်ပြီး

"Hey အဲ့ဒီမှာဘာလုပ်နေတာလဲ"ပြောရင်း

Lifen ဆီသွားပြီး သူမဆံထိုးကိုယူပြီး

"Aiya ဒါကဘာလဲ"

Lifenလေး ပြန်ယူဖို့ကြိုးစားပေမဲ့ မရနိုင်ဘူးလေ

မိဘုရားကြီးသမီး ကပြန်မပေးဘဲ ဆွဲယူထားတုန်းပဲ

Lifen-"ဒါက သူများ လက်ဆောင်ပေးထားတာမို့

ကျေးဇူးပြုပြီး ပြန်ပေးပါ"

"ဒါဆိုလည်း သွားကောက်လေ ခွေးတစ်ကောင်လိုပေါ့"

မိဘုရားကြီးသမီး ကလက်ကိုမြှောက်ပြီး ဆံထိုးလေးကို အဆောင်အပြင်ရောက်အောင် လွင့်ပစ်လိုက်တယ်

Lifen သွားကောက်တဲ့အခါမှ ပဉ္စမ မင်းသမီးက ခြေထိုးခံလိုက်တယ်. Lifen လဲကျပြီး ဒူးတွေပွန်းသွားပေမဲ့ ပြန်ရပ်ပြီး ဆံထိုးကိုသွားကောက်သည်။

သူမကိုယ်လေးကိုင်းပြီး ဆံထိုးလေးကို တယုတယကောက်ပြီး ပြန်လှည့်လိုက်တဲ့အခါ မင်းသမီးတွေက သူမကိုတွန်းချပစ်တယ်။

Lifen လဲကျသွားပြီး သူမခေါင်းက မြေပြင်နဲ့ပြင်းထန်စွာတိုက်မိသွားသည်။ သူမအမေ ပြေးထွက်လာပြီး မင်းသမီးတွေရှေ့ဒူးထောက်ပြီး

"ကျေးဇူးပြုပြီး ကျွန်မသမီးကိုခွင့်လွှတ်ပေးပါ"

မိဘုရားကြီးသမီး က

"ကို့အမှားကိုသိတယ်ဆိုရင် မင်းဘာလုပ်သင့်လဲ"

"ကျွန်မ မင်းသမီးကို ပိုကောင်းတဲ့ ဆံထိုးတစ်ခုပေးပါ့မယ်"

သူမခေါင်းက လှပတဲ့ဆံထိုးကိုဖြုတ်ပြီး မင်းသမီးကိုပေးလိုက်သည်။

"ဒီဆံထိုးက ကျွန်မတိုင်းပြည်ကထွက်မလာခင် ကျွန်မအမေပေးတဲ့ မင်္ဂလာလက်ဆောင်ပါ ။ မင်းသမီး နှစ်သက်မယ်လို့မျှော်လင့်ပါတယ်"

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now