နောက်ဆုံးအဖွဲ့ဝင်

436 38 1
                                    

လီဖုန်း သည် မင်းယွီ နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး

"ကျွန်မရဲ့နေ့ကို ရှင်သိစရာမလိုဘူးလေ ရှင်က ရှင့်ရဲ့နေ့အကြောင်းပြောဖို့ စိတ်ကူးမရှိရင် ကျွန်မကလည်း ပြောမှာမဟုတ်ဘူး"

သူမရဲ့ အေးစက်နေတဲ့ အသံက သူ့နှလုံးသားကို ဖောက်ထွက်သွားသလိုပဲ ဒါပေမဲ့ သူမြန်မြန်ပြုံးပြီး

"ကိုယ့်မှာ မင်းတွေ့ရင် ပျော်သွားမဲ့ လူတစ်ယောက်ရှိတယ် သူကလည်း အရေးကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲလေ"

သူမျှော်လင့်ထားသလိုပဲ သူမမျက်လုံးလေးတွေ လက်သွားတယ်။

"ဘယ်သူလဲ"

"ကိုယ်မင်းတို့နှစ်ယောက် မနက်ဖြန်တွေ့ဖို့ စီစဉ်ထားတယ်"

လီဖုန်း ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့ တစ်ချောင်းထဲသော ငွေဆံထိုးလေးကို ဖြုတ်လိုက်တယ်။ မှန်တင်ခုံပေါ်မှာ သွားတင်ပြီး မင်းယွီဘက်ပြန်လှည့်လာခဲ့တယ်။ သူမသည် မင်းယွီ မျက်လုံးများကိုကြည့်ပြီး နူးညံ့ညင်သာစွာနဲ့

"ကျေးဇူးတင်ပါတယ် ယောက်ျား"

စကားလေး သုံးခွန်း.... သုံးခွန်းထဲကပဲ သူ့ကို နားရွက်ချိတ်လောက်တဲ့ အပြုံးကြီးဖြစ်ပေါ်လာစေတယ်။ ခုနက သူမပေးခဲ့တဲ့ ဒဏ်ရာတွေရယ် သူ့နှလုံးသားကို နာကျင်စေတဲ့ အေးစက်မှုတွေအားလုံးပျောက်ကင်းသွားစေတယ်။ သူမရဲ့ ချိုသာတဲ့အသံလေးတွေ ကြင်ကြင်နာနာပြောတဲ့ စကားလေးတွေက သူ့ရဲ့ နေ့တစ်နေ့ကို ပြီးပြည့်စုံစေတယ်။

လီဖုန်းကတော့ ပြောပြီး ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ထားလေရဲ့။မင်းယွီသည် လီဖုန်း နားရောက်သွားပြီး သူမရဲ့ နှင်းဆီရောင်နှုတ်ခမ်းကို ညင်သာစွာနမ်းပါတော့သည်။
(ဘာတွေလဲ 🙈) သူတို့ရဲ့ နှုတ်ခမ်းတွေဟာ စက္ကန့် အနည်းငယ်ကြာ ပူးကပ်နေကြပြီး မင်းယွီကအရင် ခွာလိုက်တယ် လီဖုန်း သည် ဘာဖြစ်သွားမှန်းသိပြီးနောက် မျက်နှာတွေပူလာတော့တယ်။

"ကိုယ့်ကိုယ်ကိုထိန်းချုပ်ဖို့ ဒီမှာပဲရပ်မှဖြစ်မယ် မဖြစ်ဘူး....."

ပြောပြီးသည့်နောက် မင်းယွီသည် လီဖုန်းကိုထားပြီး အလျင်အမြန်ထွက်သွားတော့သည်။ လီဖုန်း သည် မတ်တပ်ရပ်ရင်း နှုတ်ခမ်းကိုကိုင်ကြည့်မိနေသည်။

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now