တိုင်းပြည်ရဲ့ မိခင်

1K 69 1
                                    

တိုင်းပြည်ရဲ့ မိခင်

*************

အပျိုတော်တွေက လီဖုန်း ကိုညီလာခံ ခန်းမသို့ ခေါ်ဆောင်သွားသည်။ သူမသည် ခေါင်းကိုမော့၍ လှပစွာ လျှောက်လှမ်းလာသည်

လီဖုန်း ညီလာခံ ခန်းမထဲကိုဝင်တဲ့အခါမှာ လူတိုင်းရဲ့ မျက်လုံးတွေက သူမကိုပဲ ကြည့်နေကြတယ်။ အရာရှိတွေအားလုံး သူတို့ဘေးက လီဖုန်း ဖြတ်လျှောက်တဲ့အခါမှာ သူတို့ခေါင်းတွေငုံ့သွားကြသည်။ သူမရဲ့ ခြေလှမ်းတွေက ကျဉ်းပြီး ပေါ့ပါးတယ်။ လီဖုန်း ရှေ့ကို ဆက်လျှောက်သွားသည်။ သူမရဲ့ မျက်ဝန်းတွေက သူမနဲ့ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူဆီ ရောက်နေသည်။ သူမရဲ့ ဝတ်စုံကို အနည်းငယ်မ၍ ဆက်လျှောက် သွားသည်။ မင်းကြီးရှိနေတဲ့ ထိပ်ကို ရောက်သည့် အခါတွင် သူမသည် ကိုယ်ကိုလှည့်၍ အောက်တွင်ရှိနေသော အရာရှိများကို ကြည့်လိုက်သည်။ မင်းကြီးသည် သူမနှင့် လက်တွဲလိုက်သည်။

မင်းကြီးက "အခုကစပြီးတော့ အနောက်တိုင်းပြည်၏ ဒုတိယမင်းသမီး လီဖုန်း သည် အရှေ့တိုင်းပြည်၏ ဘုရင်မ ဖြစ်သွားပြီ"

ကြေငြာသည်။

အရာရှိတွေအကုန် ဒူးထောက်ပြီး ခေါင်းတွေကို

မြေပြင်ထိအောင် ဦးညွှတ် ဂါရဝပြုကြရင်း

"မိဘုရားကြီးကို နှုတ်ခွန်းဆက်သပါတယ်၊ အရှင်မင်းကြီး နဲ့ မိဘုရားကြီး သက်တော်ရာကျော် ရှည်ပါစေ"

မင်းကြီးက လက်ဝှေ့ယမ်းပြီး

"မင်းတို့အားလုံး ထနိုင်ပြီ "

အရာရှိများ ထရပ်ကြသည်။ မင်းကြီးသည် လီဖုန်းရှေ့တွင် ရပ်လိုက်သည်။ မင်းကြီးရဲ့ မျက်ဝန်းတို့သည် ရှေ့ရှိ လီဖုန်းထံတွင်ရှိပြီး

အရာရှိများကို ကျောပေးထားသည်။

"ငါကိုယ်တော့်ကို ယုံပါ" သူမကို တိုးတိုးပြောလိုက်တယ်။

မင်းကြီးသည် သူ၏လက်တွေကို သူမဦးခေါင်းနောက်ရှိကြိုးကို

ဖြည်ချလိုက်သည်။ကြိုးထုံးပြေသွားပြီး မြေပြင်ပေါ်သို့ မျက်နှာဖုံး ပြုတ်ကျသွားသည်။

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now