အမတ်ဒူ တကယ်အပြစ်ရှိတာလား

453 40 0
                                    

################################

မင်းယွီ ~ "အပြစ်သားက သူ့မှာသက်သေရှိတယ် ပြောတယ်။ မနက်ဖြန်ကျရင် အမတ်ဒူတကယ်အပြစ်ရှိတယ်ဆိုတဲ့ သက်သေပေးမယ်တဲ့"

လီဖုန်းသည် အမတ်ဒု၏ အမူအယာတို့ကို ပလ္လင်ပေါ်မှ လေ့လာနေသည်။ အမတ်ဒူရဲ့ မျက်လုံးတွေက သိချင်စိတ်ပြင်းပြနေပြီး စိုးရိမ်နေပုံပေါက်နေတယ်၊

မင်းယွီ ~ "ဒီလောက်နဲ့ပဲ ညီလာခံသိမ်းမယ်"

မင်းယွီ သည် ညီလာခံခန်းမထဲမှ ထွက်သွားသည်။ လီဖုန်းသည်လည်း မင်းယွီရဲ့ အနောက်မှလိုက်ပါသွားသည်။ သူတို့သည် အခန်းပြန်၍ စားပွဲပေါ်မှ အစောင့်အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် သူတို့ အကျဉ်းထောင်သို့ သွားသည်၊ အကျဉ်းထောင်စောင့်က သူတို့ကို အထဲဝင်ခွင့်ပေးသည်။ သူတို့ကို တကယ့်အစောင့်တွေဟု ထင်နေပုံရသည်။

လီဖုန်း သည် လေသံတိုးတိုးနှင့်

လီဖုန်း ~ "လူအိုကြီးရဲ့ အကျဉ်းခန်းသွားပြီး အမတ်ဒူလာတာစောင့်မယ်"

မင်းယွီသည် ခေါင်းငြိမ့်၍ သူမနောက်မှ လိုက်သွားသည်။ သူတို့ လူအိုကြီးဆီရောက်သွားတော့ သူတို့ဟာ အကျဉ်းခန်းပေါက်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ လူအိုကြီးကိုစောင့်ကြည့်နေသလိုနဲ့ ရပ်လိုက်တယ်။ အကျဉ်းထောင် အပြင်ဘက်မှာတော့ အမတ်ဒူက အစောင့်တွေရှိရာသို့ လျှောက်လာနေတယ်။

အစောင့် ~ "ရပ်! ဒီကို ဘာကိစ္စနဲ့ လာတာပါလဲ အမတ်ဒူ? "

အမတ်ဒူ ~ "အထဲဝင်ခွင့်ပေး ငါလူတစ်ယောက်နဲ့ တွေ့ရမယ်။ "

အမတ်ဒူဟာ ပြောရင်းနဲ့ အစောင့်လက်ထဲကို ရွှေပြားလေးတစ်ပြားထည့်ပေးလိုက်တယ်။

အစောင့်သည် ဘေးကိုဖယ်ပေး၍ အမတ်ဒူကို ဝင်ခွင့်ပေးလိုက်သည်။ အမတ်ဒူသည် လူအိုကြီး၏ အကျဉ်းခန်းဆီ တည့်တည့်သွား၍ အစောင့်လို ဝတ်ဆင်ထားတဲ့ လီဖုန်းကို

အမတ်ဒူ ~ "တခါးဖွင့်ပြီး ထွက်သွား"

အမိန့်ပေးလိုက်တယ်။

လီဖုန်းသည် တံခါးဆီသွား၍ သော့ဖွင့်ပေးလိုက်သည်။ သူမသည် တံခါးကို ကျယ်ကျယ်ဖွင့်၍ အမတ်ဒူဝင်နိုင်အောင်လုပ်ပေးသည်။ ထို့နောက် လီဖုန်းသည် မင်းယွီကို ဆွဲခေါ်လာခဲ့သည်။ သူတို့နှစ်ယောက်ဟာ တစ်ဖက်နံရံမှ တရားခံ

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now