ဘယ်အရာမှ အပြင်ပန်းကြည့်၍ ဆုံးဖြတ်မရ

401 33 0
                                    

နောက်နေ့မနက်မှာ လီဖုန်းသည် ကျားရိ နှင့်အတူ နန်းတော်မှ ထွက်ခွာလာခဲ့သည်။ သူမသည် မြင်းလှည်းထဲတွင် ကျားရိ နှင့် အတူထိုင်နေသည်။ သူသည် ယဉ်ကျေးသော်လည်း အေးစက်တဲ့ အရှိန်အဝါနဲ့လွှမ်းခြုံထားသူနှင့်တူသည်။ ခနကြာပြီးနောက်မှာတော့ လီဖုန်း မေးခွန်းတွေစမေးတော့တယ်။

လီဖုန်း ~ " ကျားရိ, နန်းတော်ထဲမှာ မင်းက ဘယ်အဆင့် အမှုထမ်းလဲ "

ကျားရိ ~ " ကျွန်တော်က အလွန့်အလွန်ကို အဆင့်နိမ်တဲ့ အရှင်မင်းကြီးရဲ့ ဒုတိယအကြံပေး တစ်ယောက်ပါ "

လီဖုန်း ~ " အရှင်မင်းကြီးနဲ့ သိတာဘယ်လောက်ကြာပြီလဲ "

ကျားရိသည် ခံစားချက်မရှိသော အသံဖြင့်

ကျားရိ ~ "ကျွန်တော်မျိူး ဆယ်ကျော်သက်အရွယ်ထဲက အရှင်မင်းကြီးနဲ့ သိကျွမ်းတာပါ "

လီဖုန်း ~ " ဒါဆို မင်းက သူ့ကိုကောင်းကောင်းကြီးသိတာပေါ့ "

သူမဟာ ဒီခရီးမှာ ကမောက်ကမနဲ့ အဆင်မပြေမဖြစ်ရအောင် အကောင်းဆုံးကြိုးစားနေရှာတယ်။

ကျားရိ ~ " တခြားဘာများသိချင်တာ ရှိသေးပါလဲ မိဘုရားကြီး "

ကျားရိ သည် ယဉ်ကျေးသော စကားလုံးတို့သုံးနေသော်လည်း သူ့အသံသည် အေးစက်လွန်း၍ သူမကို ပါးစပ်ပိတ်ထားရန်ပြောနေသည်နှင့်ပင်တူနေတော့သည်။

လီဖုန်း ~ " ဟင့်အင်း အဲ့တာအကုန်ပဲ "

ထိုအချိန်တွင် မြင်းလှည်းမောင်းသူမှ

မြင်းလှည်းမောင်းသူ ~ " ကျွန်တော်မျိုးတို့ရောက်ပါပြီး အကြံပေးဝမ် "

အစေခံကောင်လေးသည် မြင့်မားလှသော လှည်းအတွင်းမှ ကျားရိ နှင့် လီဖုန်း ဆင်းနိုင်ရန် လေးဘက်ထောက်ပေးသည်။ လီဖုန်းသည် အစေခံကောင်လေးကိုငုံ့ကြည့်၍

Lifen ~ " မက်တပ်ရပ်စမ်း "

ကောင်လေးသည် သူမကို မော့ကြည့်မိသွားသည်။

အစေခံကောင်လေး ~ " မိဘုရားကြီးခင်မျာ ဒီနိမ့်ကျတဲ့ ကျွန်က မယ်မယ် ဆင်းရန် ကူညီပေးပါ့မယ် "

လီဖုန်း ~ " မက်တပ်ရပ်လို့ပြောနေတယ် "

ကောင်လေးသည် အလျင်အမြန် မက်တပ်ရပ်လိုက်သည်။ မိဘုရားကြီး အမိန့်ကို မနာခံလို့ ခေါင်းမပြတ်ချင်ဘူးလေ။ လီဖုန်း သည် လှည်းပေါ်မှ ခပ်တည်တည် ခုန်ဆင်းလိုက်သည်။

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now