ရုံးတော်

731 48 0
                                    

အပျိူတော်များသည် လီဖုန်း ကိုအဝတ်စားသစ်များ ဝတ်ဆင်ပေး၍ ဆံနွယ်တို့ကို ဆင်ထင်ထုံးဖွဲ့ပေးသည်။ သူမသည် နန်းတွင်းထဲသို့ သူမအပျိုတော်များနှင့် လိုက်ကြည့်၏။ သူမလမ်းလျှောက်နေစဉ်အတွင်းမှာ သူမနဲ့လမ်းကြောင်းတူ တဲ့သူတစ်ယောက်ကိုတွေ့သည်။

ထိုလူသည် သူမကိုဦးညွှတ်ရင်း

"ကျားရိ, မိဘုရားကြီးကို နှုတ်ခွန်းဆက်သပါတယ်၊ "

လီဖုန်း သည် ကျားရိဟုခေါ်သော သူကို

"အသင်က ဒီမှာဘာလုပ်နေတာလဲ?"

"ကျွန်တော်မျိူးက အရှင်မင်းကြီးရဲ့ အကြံပေးတွေထဲက တစ်ယောက်ပါ။ အရှင်မင်းကြီးက ကျွန်တော်မျိူးကို ယနေ့ရုံးတော်ကို ဆင့်ခေါ်ကြောင်းပါ"

"ဒါဆိုရင် အသင်ကအခုသွားသင့်တာပေါ့"

"ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး သွားပါတော့မယ် မိဘုရားကြီး" ကျားရိ ခေါင်းကိုမော့ပြီးပြောလိုက်တယ်။

ကျားရိ သည် လီဖုန်း ကိုကျော်ပြီး ဖြတ်သွားသည်။ သူသည် သူမဘေးမှ ဖြတ်လျောက်စဉ် သူမ၏ လှပသောမျက်နှာကို ခိုးကြည့်သွားတယ်။

လီဖုန်း ရဲ့အပျိူတော်လေးက

"မိဘုရားကြီး နောက်ထပ်ဘယ်နေရာကို ကြွမှာပါလဲ "

"ငါ ရုံးတော်ကိုသွားမယ်"

"မယ်မယ် ရုံးတော်အဖွဲ့ဝင်တစ်ယောက် မဟုတ်ခဲ့ရင် ဒါမှမဟုတ် အရေးကြီး ဆွေးနွေးစရာမရှိရင် ရုံးတော်ကိုမသွားသင့်ပါဘူး မိဘုရားကြီး။ ရုံးတော်က မိန်းမတွေနဲ့ မသက်ဆိုင်သောနေရာဖြစ်ပြီး ရုံးတော်ကိစ္စတွေမှာ အမျိူးသမီးတွေဝင်မပါရပါဘူး "

"ငါ့မှာ အရေးကြီးဆွေးနွေးစရာရှိတယ်"

အပျိူတော်လေးလည်း မြေကြီးထိမတတ် ခေါင်းငုံ့ပြီး

"ဒါပေမဲ့ မယ်မယ်၊ မယ်မယ်သာ ရုံးတော်အစည်းအဝေးကို နှောက်ယှက်မယ်ဆိုရင် ကျွန်မတို့ နိမ့်ကျတဲ့ အပျိုတော်တွေ အပြစ်ပေးခံရပါလိမ့်မယ်"

လီဖုန်း ဟာ သူတို့ဘာကိုဆိုလိုလဲဆိုတာ နားလည်ပေမဲ့ ရုံးတော်ကိုသွားချင်နေတုန်းပဲ။ သူမရုတ်တရက် အကြံတစ်ခုရလိုက်တယ်။

ကိုယ်ရံတော် မိဘုရား {Second Princess VS King Of The East} Where stories live. Discover now