Unicode
Xiaozhanတစ်ယောက်ကျန်းချန်အိမ်သို့ ရောက်သောအခါအိမ်ရှေ့မှလှပသောနှင်းဆီပန်းခင်းလေးကိုမြင်သည်နှင့်ကားပေါ်ကအတင်းပြေးဆင်းတော့သည်....
Xiaozhan : wow...doctor...ပန်းခင်းလေးကလှလိုက်တာ.....အိမ်လေးကလည်းချစ်စရာလေး...
ဒေါက်တာ့အိမ်ကနေချင်စရာလေးဗျာကလေးလေးတစ်ယောက်လိုပျော်နေတဲ့xiaozhan ကိုကြည့်ပြီး
ကျန်းချန် : မင်းနေချင်သလောက်နေပေါ့ကွာ....
အိမ်မှာငါတစ်ယောက်တည်းလေ...ငါလည်းအဖော်ရတာပေါ့.....
Xiaozhan : ကျေးဇူးပါdoctor
ကျန်းချန် : ရင်းရင်းနှီးနှီးကျန်းချန်လို့ခေါ်ပါကွာ....ငါတို့သူငယ်ချင်းတွေဖြစ်သွားပြီဘဲ.....
Xiaozhan : ဟုတ်...ဟုတ်ကဲ့ပါ...ဒေါက်...အဲ.....
ကျန်းချန်ကျန်းချန်တစ်ယောက်စိတ်လှုပ်ရှားနေတဲ့
xiaozhanမျက်နှာလေးကိုသဘောကျစွာငေး
ကြည့်နေရင်းဒီလူသားလေးကိုနေရာချပေးရန်စီစဉ်နေတော့သည်....ကျန်းချန် : xiaozhanဟိုဘက်မှာမင်းအတွက်အခန်းပြင်ထားတယ်.....မင်းနဲ့ကပ်ရပ်ကငါ့အခန်းဘဲ....ခဏနားရေးမိုးချိုးပြီးဆင်းခဲ့တော့....ညစာစားရအောင်
Xiaozhan : အင်း....ကျန်းချန်လည်းစားသောက်စရာများမှာ၍
ရေမိုးချိုးလိုက်သည်.....စားစရာများရောက်လာသည်နှင့်xiaozhanမဆင်းလာသေး၍ထမင်းပွဲပြင်ပြီးစောင့်နေလိုက်သည်........
ခဏနေxiao zhanဆင်းလာသည်နှင့်ညစာစားရင်းxiao zhanတစ်ယောက်ကျန်းချန်ကိုကြည့်ရင်း တစ်ခုခုပြောချင်နေသည့်ပုံကိုမြင်သည့်အခါမှာတော့....ကျန်းချန် : xiao zhanမင်းဘာပြောချင်လို့လဲပြောလေ...စားရတာမကောင်းလို့လား
Xiao Zhan : ငါပြောစရာတစ်ခုရှိလို့.....
ကျန်းချန် : ပြောလေ
Xiao Zhan : ငါ...ငါ အလုပ်တစ်ခုခုလုပ်ချင်တယ်....ငါကျောင်းဆက်တက်ချင်တယ်...အာ့ကြောင့်...ငါ့ကျောင်းစရိတ်ငါရှာချင်တယ်
ကျန်းချန် : မင်းကျောင်းပြန်တက်မယ်ဆိုရင်ငါကူညီပေးလို့ကပါတယ်.......
Xiao Zhan : ဟင့်အင်း...ငါ့ကိုနေစရာစားစရာပေးပြီးကယ်တင်ထားတာကငါ့ကိုအများကြီးကူညီပေးထားတာဘဲ....ငါထပ်မလိုချင်ဘူး......ငါ့ဘ၀ရပ်တည်ဖို့ငါကြိုးစားချင်တယ်....အလုပ်လုပ်ရင်းကျောင်းဆက်တက်ချင်တယ်.....
ကျန်းချန် : အင်းပါ.....ငါကူညီပြီးအလုပ်ရှာပေးမယ်...အချိန်ပိုင်းလုပ်ရင်းတက်ပေါ့.....
Xiaozhan : inn...ပြီးတော့အိမ်ရဲ့မီးဖိုချောင်တာ၀န်ငါယူမယ်.....ထမင်းဟင်းငါချက်ကျွေးမယ်....အာ့လိုဆိုငါ့စိတ်ထဲမှာအလကားနေတယ်လို့မခံစားရတော့ဘူး.......
ကျန်းချန်: မင်းကလည်းကွာ.....ချက်ရောချက်တတ်လို့လား.....
Xiaozhan : အင်း....အာ့အလုပ်တွေကငါငယ်ငယ်တည်းကလုပ်ခဲ့ရတာတွေ..ကျွမ်းပါတယ်.....
![](https://img.wattpad.com/cover/203791976-288-k510149.jpg)
YOU ARE READING
Lovely this person(Complete)
FanfictionUnicode & Zawgyi Unicode အရမ်းကြိုက်ခဲ့တဲ့၀ထ္ထုလေးတပုဒ်ရဲ့အကြိုက်ဆံုးအပိုင်းေလးကိုကျောရိုး ယူပြီးဇာတ်ကိုစထားတာပါ...ကျန်တာက ကိုယ်ပိုင်ဖန်တီးမှုလုပ်ထားတာYiZhanအတွဲလေးချစ်လို့ရေးတာပါ....ပထမဆုံးဆိုတော့အမှားပါရင်ခွင့်လွှတ်နားလည်ပေးကြပါနော်🥰🥰🥰🥰 Start...