Unicode
Xiaozhanပြတင်းပေါက်အပြင်ဘက်တဖွဲဖွဲကျနေတဲ့နှင်းစက်လေးကိုငေးရင်း...တခုခုလွမ်းဆွတ်တမ်းတမိသလို...ရှင်ထဲမှာလှိုက်တက်လာတဲ့ခံစားချက်ကမျက်၀န်းရဲ့တံခါးပေါက်ကိုကျော်ဖြတ်လို့မျက်ရည်အဖြစ်သို့...
သူထွက်လာခဲ့တာဘာလိုလိုနဲ့ဆောင်းဦးရာသီရောက်နေပြီ...ကျန်းချန်ရဲ့စီစဉ်မှုကိုလိုက်နာရင်းသူWang Yi Boကိုကျောခိုင်းခဲ့လေသည်...
အချစ်ရှိရာနယ်မြေကနေစွန့်ခွာလာတာ...5နှစ်.....
ဒီနေ့မှာ5နှစ်တင်းတင်းပြည့်ခဲ့လေပြီ...အခုဆိုရင်
UKရဲ့နာမည်ကြီးconstructionတစ်ခုမှာနာမည်ကြီးdesignerတစ်ယောက်ဖြစ်နေပြီ....
ဒီအချိန်ဆိုရင်ရောသူတစ်ယောက်ဘာတွေများလုပ်နေမလဲ...အိမ်ထောင်တွေဘာတွေများကျနေပြီလား...ထိုအကြောင်းစဉ်းစားလိုက်ရင်ကျနော့ရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတုန်းဘဲ...Yiboငါမင်းကိုယုံကြည်ချင်သေးတယ်....
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. ကျဲ : zhanzhanဘာတွေစဉ်းစားနေလဲ
Zhan : ကျဲရန်လီ...ဘာမှမစဉ်းစားပါဘူးကျဲရာ
ကျဲ : လိမ်နေပြန်ပြီ...အတိတ်တွေကိုပြန်တူးဆွနေတာမလားကျဲရဲ့ခလေးလေးက...
Zhan : ကျဲကလည်း...ကျဲရန်လီနဲ့တွေ့ရင်သူကလုံး၀ခလေးလေးသာ...
မိဘမရှိတော့တဲ့သူ့အတွက်ကျဲကအမေလိုအမလို
ကျန်းချန်ကလည်းညီလိုအကိုလိုစောင့်ရှောက်ပေသည်...သူဒီရောက်ပြီးနောက်ပိုင်း...ကျန်းချန်လည်းဒီကိုခဏခဏလာလည်သည်....Yibo
အကြောင်းကိုတော့တစ်ခွန်းမှမဟ....ကျနော်လည်းမမေးဖြစ်ခဲ့မေ့ဖျောက်ထားချင်ခဲ့သည်....ကျဲ : မနက်ဖြန်အတွက်အားလုံးreadyဘဲလား
zhanzhan ...
Zhan : ဟုတ်ကဲ့..ကျဲအကိုဇီရွှမ်းရောလိုက်မှာလား....
ကျဲ : လိုက်ဖြစ်မယ်မထင်ဘူးLucasဘဲလိုက်မယ်ထင်တယ်...
Zhan : ကျဲကိုအားကိုးတယ်နော်...
ကျဲ : zhanzhanနောက်မှာကျဲတစ်ယောက်လုံးရှိတယ်........ကဲမနက်ဖြန်အတွက်အားမွေးထားအုံး
ခလေးလေး...
Zhan : ဟုတ်ကဲ့ပါကျဲကျဲရာ...
ကျဲထွက်သွားတော့မှxiaozhanအိပ်ယာပေါ်အသာလှဲလိုက်ရင်းချမ်းအေးတဲ့ဆောင်းညမှာနွေးထွေးဖို့ကြိုးစားနေမိသည်...ဒါပေမယ့်ရင်ခွင်တစ်ခုလိုအပ်နေတာလား......ဒါမှမဟုတ်မျှော်လင့်နေတာလား....
***************************************

ESTÁS LEYENDO
Lovely this person(Complete)
FanfictionUnicode & Zawgyi Unicode အရမ်းကြိုက်ခဲ့တဲ့၀ထ္ထုလေးတပုဒ်ရဲ့အကြိုက်ဆံုးအပိုင်းေလးကိုကျောရိုး ယူပြီးဇာတ်ကိုစထားတာပါ...ကျန်တာက ကိုယ်ပိုင်ဖန်တီးမှုလုပ်ထားတာYiZhanအတွဲလေးချစ်လို့ရေးတာပါ....ပထမဆုံးဆိုတော့အမှားပါရင်ခွင့်လွှတ်နားလည်ပေးကြပါနော်🥰🥰🥰🥰 Start...