Episode 13( U & Z)

7.7K 433 4
                                    

Unicode

Xiaozhanအိမ်ပြန်ချိန်ရောက်တာနှင့်အားလုံးသိမ်းဆည်းပြီးပြန်ဖို့လုပ်ရင်းCEOကိုရှာနေမိသည်....
နေ့လည်လောက်တည်းကထွက်သွားတာအခုထိပြန်မလာသေး.....ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲညစာ အတွက်ဘာ၀ယ်ရင်ကောင်းမလဲစဉ်းစားနေမိတော့သည်.....
Xiaozhan : အာ....မေ့လို့...ကျန်းချန်ပြန်ရောက်မှာဘဲ.....ညစာစီစဉ်စရာမလိုတော့ဘူး .....
Xiaozhanတစ်ယောက်ကျေနပ်စွာပြုံးရင်းတီးတိုးရေရွတ်လိုက်မိသည်......
အိမ်ပြန်ရောက်တော့ကျန်းချန်မှာညစာပြင်နေဆဲ...
ကျန်းချန် : xiaozhanပြန်ရောက်တာစောလှချည်လား.....
Xiaozhan : inn ferryစောတယ်လေ....
ကျန်းချန် : အင်း.....ညစာစားမယ်လေ....
Xiaozhan : inn...ရေချိုးလိုက်အုံးမယ်.....
ကျန်းချန် : အင်း....မြန်မြန်လုပ်......
Xiaozhanရေချိုးပြီးတာနှင့်ညစာစားသောက်ပြီး.....
Tvရှေ့တွင်ထိုင်ကာကျန်းချန်ခွဲထားသောအသီးများကိုစားရင်းTVထိုင်ကြည့်နေသည်.....
ကျန်းချန် : Xiao zhanငါမင်းကိုမေးစရာရှိ‌တယ်....
Xiaozhan : inn....မေးလေ.....
ကျန်းချန် : မင်း....CEO နဲ့အရင်ကတည်းကသိကြတာလား...
Xiaozhan : အဟွတ်...အဟွတ်...
Xiaozhanအသီးစားရင်းရုတ်တရတ်မေးလိုက်သောစကားကြောင့်သီးသွားလေသည်....
Xiaozhan : မ...မသိပါဘူး...ဘာလို့လဲ
ကျန်းချန် : လန်ဟွမ့်geငါ့ကိုဖုန်းဆက်တယ်...CEOကငါနဲ့တွေ့ချင်တယ်တဲ့မင်းအကြောင်း မေးချင်လို့လို့ပြောတယ်....ဒါပေမယ့်အာ့လိုတွေ့တာကိုမင်းကိုမသိပါစေနဲ့လို့လည်းပိတ်တယ်...
Xiaozhan : ဘာ...ကျန်း....ကျန်းချန်....ငါ့အကြောင်း လုံး၀သွားမပြောနဲ့နော်ငါ့အကြောင်းတွေကို....CEOသိသွားလို့မဖြစ်ဘူး....
ကျန်းချန် : မင်းငါ့ကိုတစ်ခုခုဖုံးကွယ်ထားတာလား.. အကြောင်းရင်းတော့ရှိရမယ်လေ....အခုမိသားစုဆိုလို့မင်းနဲ့ငါဘဲရှိတာလေ....ငါ့ကိုမပြောရင်မင်းဘယ်သူ့ကိုပြောမှာလဲ.....
Xiaozhan : ငါ...ငါတမင်ဖုံးကွယ်ထားတာမဟုတ်ရပါဘူးကွာ...ရှက်စရာကောင်းလို့ပါ......
ကျန်းချန် : မင်းပြောရမှာအခက်ခဲရှိနေရင်လည်းထား ပါကွာ.....
Xiaozhan : မဟုတ်ဘူး....မင်းကားနဲ့ငါမတိုက်မိခင်အချိန်တုန်းက............................
Xiaozhan ပြောသမျှကိုကျန်းချန်သေချာနားထောင်ရင်း...အံဩတကြီးဖြစ်နေမိသည်......aww
ဒါကြောင့်သူ‌တွေ့ခဲ့တာကိုးအာ့မနက်က
Xiaozhan : ငါဖုံးကွယ်ထားချင်တယ်...အာ့ကိစ္စကို...
ဖြစ်သွားတာကလည်းယောကျာ်းချင်းကွာ...သူမူးနေလို့ဘဲငါထင်တယ်မခွဲခြားနိုင်လောက်တာဘဲထင်တယ်.....ကြာရင်သူမေ့သွားပြီးရှာမှာမဟုတ်တော့ဘူး....
ကျန်းချန် : သူသာတကယ်‌မင်းကယောကျာ်းလေးမှန်းသိသိကြီးနဲ့ရှာနေတာဆိုရင်ရော.....သူသိနေတယ်ဆိုရင်ရော
Xiaozhan : မဖြစ်နိုင်ဘူး....ငါတောင်းဆိုတာလုပ်ပေး....လုံး၀ဘယ်သူ့ကိုမှမပြောနဲ့....သူတို့မေးလာရင်လည်းဇာတ်တိုက်ထားတဲ့အတိုင်းသာပြောပေး..
နော်.......
ကျန်းချန် : အင်းပါ....မင်းဆန္ဒအတိုင်းပါဘဲကွာ..
Xiaozhan : innငါသွားအိပ်တော့မယ်....Monday
မင်းခွင့်မယူနဲ့တော့...ကုမ္ပဏီကစီစဉ်ပေးတယ်ကျောင်းကိစ္စက...
ကျန်းချန် : အင်းပါ....good night xiaozhan
ကျန်းချန်အခန်းထဲ၀င်သွားတဲ့xiaozhan နောက်ကျောလေးကိုကြည့်ရင်းသက်ပြင်းကိုသာ
အကြိမ်ကြိမ်ချနေမိသည်....ထိုလူရဲ့ချစ်ခြင်းတွေကို xiaozhan မမြင်တာလားမမြင်ချင်ယောင်ဆောင်တာလားမခွဲခြားတတ်တော့ပေ....ယနေ့ဆေးရုံသို့xiaozhanရဲ့ဓါတ်ပုံကိုပြပြီးလူလာရှာတာကိုတော့xiaozhan သိအောင်မပြောပြတော့ပေ.....နို့မို့ဆိုကြောက်နေရှာအုံးမည် .....
ကျန်းချန်လည်းအတွေး‌နယ်လွန်မှုကိုဖြတ်တောက်ပြီးအိပ်ယာ၀င်ခဲ့တော့သည်.......
************************************************
Yiboတစ်ယောက်မနေ့ညကလည်းကောင်းကောင်းအိပ်မပျော်.....sundayကိုမြန်မြန်ရောက်ချင်နေသောကြောင့်.... ဒီစနေကိုဘယ်လိုဖြတ်ကျော်ရမှန်း
မသိတော့....လူကဖင်တကြွကြွဖြစ်နေသည်..... မျောက်မီးခဲကိုင်သလိုဖြစ်နေသည်....yubinလည်း yiboကိုကြည့်ရင်း‌မျက်စိနောက်လာသည်ထင်
Yubin : Yibo ge...ဘာဖြစ်နေလို့လဲ...ကျနော်ဘာကူညီပေးရမလဲ...
Yibo : မနက်ဖြန်ကိုမြန်မြန်ရောက်အောင်ရက်ရွေ့ပေး
Yubin : အမ်....ဗျာ...
Yubinလည်းကြောင်‌အအနှင့်yiboအပြောကြောင့်ဆွံ့အသွားတော့သည်....
Yibo : ဘာမှမဟုတ်တော့ဘူး....ငါအပြင်ခဏသွားအုံးမယ်......
Yiboလည်းစိတ်မရှည်တော့သောကြောင့်ဆိုင်ကယ်သော့ကိုဆွဲကာထွက်လာခဲ့တော့သည်......
Xiaozhanတို့အိမ်ရှေ့ရောက်သည့်အခါ...အရံသင့်ပင်...သူ့မှဲ့လေးကခြံထဲမှာစားပွဲလေးနှင့်ဘာတွေအလုပ်ရှုပ်နေလဲမသိ.....
ဒီလူသားလေးကိုတနေ့တခြားပိုပိုပြီးမြတ်နိုးလာမိသည်....စတုန်းကသူ့စိတ်ကိုပင်သူမယုံရဲ.....
ယောက်ျားလေးချင်းမို့မဖြစ်နိုင်ဟုထင်ကာ.....မေ့ပစ်ဖို့အကြိမ်ကြိမ်ကြိုးစားနေမိသည်....အခုတော့တနေ့တခြားခံစားမှုတွေကပိုပိုဆိုးဝါးလာစေခဲ့သည်...
ဒါပေမယ့်သူ့ဘက်၀န်ခံစေချင်သေးသည်...မှဲ့လေးကသူပါဆိုတာကို.....ကြည့်ရင်းနှင့်အသဲယားလာကမချင့်မရဲဖြစ်နေမိသည်....ထိုစဉ်....သူ့မှဲ့လေးမှာခေါင်းလေးလည်ကာဟိုဟိုဒီဒီလျှောက်ကြည့်နေသည်ကိုတွေ့သောကြောင့်...ယောင်ရမ်းပြီးပုန်းနေမိသည်.....
Xiaozhan design ပုံဆွဲနေရင်းမိမိကိုတစ်ယောက်ယောက်ကစောင့်ကြည့်နေသလိုမျိးကျောမလုံသလိုခံစားချက်ဖြစ်လာသည်မို့.....
ဟိုဟိုဒီဒီလှည့်ကြည့်နေမိသည်...ကျောမလုံသလို့ဖြစ်လာတာမို့အိမ်ထဲသို့သာပြန်၀င်ရန်ပစ္စည်းများ သိမ်းဆည်းလိုက်လေသည်.....
Xiaozhanအိမ်ထဲသို့‌၀င်သွားသည်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေပြီးမှyiboလည်းအိမ်ပြန်လာခဲ့တော့သည်....xiaozhanကိုသွားကြည့်ရင်yiboအမြဲလိုလိုဆိုင်ကယ်ဘဲစီးဖြစ်တယ်....သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းစတင်ခဲ့တဲ့ဒီအမှတ်တရတွေထဲမှာ...ဒါလေးကလည်းမပါမဖြစ်.....xiaozhanကသူ့မှဲ့လေးဆိုတာဘယ်လိုသိလဲ....လာမမေးနဲ့ရင်ခုန်သံအရကိုသိနေခဲ့တာ.....သူ့ဘက်ကလုံး၀သေချာနေခဲ့သလောက်ဟိုကတော့လုံး၀လက်မခံပါ.....
Zhanzhanရေစောင့်နေပါတနေ့တော့မင်းကိုကိုယ်အမိဖမ်းနိုင်မှာပါ🏃🏃🏃🏃🏃🏃🏃🏃

Lovely this person(Complete)Donde viven las historias. Descúbrelo ahora