Part 2

6.1K 362 0
                                    

မိုးကောင်ကင်ကြီးကိုထိုးဖောက်လုမတက် မြင့်မားနေတဲ့ အထပ်မြင့်မျှော်စင်ကြီးတွေ....မော်ဒန်ကျလွန်းတဲ့ ၂၁ရာစုရဲ့ လူနေမှု အသိုင်းအဝိုင်းထဲမှာ....အုပ်ကြွတ်မဲမဲတွေမိုးထားတဲ့ နန်းတော်ကြီးကတော့ မြို့လယ်ကောင်မှာ ဝံ့ဝံ့ကြွားကြွား

နန်းဆောင်တွေ ပတ်ပတ်လည် ဝိုင်းရံနေရာမှ နဂါးနှစ်ကောင်မာန်ဖီနေတဲ့ ကနုတ်တွေနဲ့ အကြီးမားဆုံးအဆောင်တော်မှာတော့ မျိုးရိုးအစဉ်အဆက်အလိုက် ထီးနန်းကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဘုရင်တစ်ပါး....သို့သော် ရှေးခေတ်စနစ်တွေနဲ့ ကွာခြားလွန်းတဲ့ အုပ်ချုပ်နည်းနဲ့ နန်းမူနန်းရာ အသွင်အပြင်တွေက ၂၁ရာစု ဘုရင်ရဲ့ အရှိန်အဝါနဲ့ ခေတ်ဆန်မှုကို ထင်ဟပ်စေတယ်

ကြာပန်းတွေလှိုင်လှိုင်ပွင့်တဲ့ ရေကန်ရှိရှာ အရှေ့ယွန်းယွန်း အဆောင်တော်မှာ ခစားခံရသူက ဘုရင်မင်းမြတ်နဲ့ ဧကရီဘုရင်မကြီးရဲ့ တစ်ဦးတည်းသော သားတော်...အိမ်ရှေ့စံမင်းသားလေး ရှောင်ကျန့်

သူမတူတဲ့ အသွင်အပြင်...ဧကရီရဲ့ နွေးထွေးနူးညံ့မှုနဲ့ ဖခမည်းတော်ရဲ့ မြင့်မြတ်တဲ့ အရှိန်အဝါ ပေါင်းစပ်ထားတဲ့ ဒီလူသားလေးဟာ...လူတွေပါးစပ်ဖျားမှာသာမက....social mediaတွေမှာပါ ရုပ်ရှင်မင်းသားတွေထက် အထူးဂရုစိုက်ခြင်းခံရသူ

၁၅နှစ်သားဆိုသော်ငြား...အပြောအဆို ရင့်ကျက်မှု...အနေအထိုင် တော်ဝန်ဆန်မှုကြောင့် ချစ်ခြင်းခံရမှုနဲ့ လေးစားခြင်းဆိုတဲ့ အရာတွေက မတောင်းပဲနဲ့ ပြည့်တဲ့ ဆုတောင်းလို

မွေးကတည်းက ကံကောင်းခြင်းအတိပြီးတဲ့ မင်းသားလေးလို့ လူတွေက ပြောကြတယ်...အင်းလေ....တစ်ခါတစ်လေတော့ ဘဝဆိုတာလည်း လှည့်စားတတ်တဲ့ သဘောရှိတာကိုး

...............................

"ကျန့်ကော...အားယား.... ကျန့်ကော"

"မင်းသားလေး ကျန်ကော့လို့မခေါ်ရဘူးလေ အိမ်ရှေ့စံလို့ခေါ်ရမှာပေါ့"

"နေပါစေ...ငယ်လေး ခေါ်ချင်တာ ခေါ်ပါစေ"

အသံလာရာ လမ်းကြောင်းမှာတော့ ရှေ့တော်ပြေး ခြေသံဖွဖွ..ပြီးတော့ မှိတ်ဝင်နေအောင် ပြုံးပြနေတဲ့ မျက်ဝန်းတစ်စုံ...နောက်ပြီး...ဆုတောင်းကောင်းလွန်းတဲ့ နှုတ်ခမ်းဖျားက မှည့်နက်လေး

As you wish is my commandWhere stories live. Discover now