"ဟမ်....ဘာကြီး"
"လောက်တွေလို့"
"အား.....ဟ..ဟ...ဟက်....ဟီ...ဟီး"
ရယ်မလို ငိုမလိုမျက်နှာနဲ့ ပုလင်းကြီးကိုင်ကာ ဖြစ်ပျက်နေသော wang yiboကြောင့် Xiao Zhanရဲ့ နှုတ်ခမ်းလေးအနည်းငယ်လှုပ်ရှားသွားသော်လည်း မရယ်ခင် ချက်ချင်းကို ပြန်တည်ပလိုက်သည်
တိုတောင်းတဲ့ ခဏတာလှုပ်ရှားမှုလေးဆိုသော်ငြား တွေ့မယ့်သူကတော့ တွေ့ဖြစ်အောင်ကို တွေ့လိုက်သေးသည်
"တီ...တီ"
"Sry phလာလို့"
Phကိုင်ရင်း ထွက်သွားတဲ့ ရှောင်ကျန့်
"အဟမ်း...တော်တော်တူလား"
"ဟမ်....ဘာကိုလဲ"
စန်းလန်ရဲ့မေးသံကို ဝေခွဲမရသလို မျက်မှောင်ကျုံ့ပြီး ပြန်မေးလိုက်သည်
"ကျန့်ကောလို့ မင်းခေါ်ခေါ်နေတဲ့တစ်ယောက်နဲ့လေ"
"သြော်...." "အင်း.....တူတယ်...မဟုတ်ဘူး....ကျွန်တော်သိနေတယ် သူပဲ"
"ဆိုတော့ မင်းဘာလို့ သူ့ကို အသည်းအသန်ကြီးလိုက်ရှာနေတာလဲ....မင်းသူ့အပေါ် ခံစားချက်ရှိနေတာလား"
"မင်းဆိုတဲ့ အသုံးအနှုန်းလေးပြင်ရင်ကောင်းမယ်နော်....ငါဒီနိုင်ငံရဲ့ မင်းကြီးဆိုတာမမေ့သေးဘူးဆိုရင်ပေါ့"
"အာ...အဟမ်း....ခွင့်လွှတ်ပါမင်းကြီး"
"အင်း....ရပါတယ်"
လိုချင်တဲ့ မေးခွန်းရဲ့အဖြေကို မရခင် ပြန်ဝင်လာတဲ့ ရှောင်ကျန့်ကြောင့် နှစ်ယောက်သား ပြောနေတဲ့စကားကို လက်စသတ်လိုက်သည်
"အဲ့တာဆို....တခြားနေရာတွေလိုက်ပြလိုက်ဦးမယ်...သွားဦးမယ်နော် စန်းလန်"
"အာ....ဝေ့ရင်း နေလည်၁၂ရှိပြီလေ"
"အော....အချိန်က အဲ့လောက်တောင်ဖြစ်သွားတာပဲ"
"အဲ့တာဆို ထမင်းစားတာပေါ့"
"အင်း"
စန်းလန်ဆိုတဲ့တစ်ယောက်နဲ့ တိုင်ပင်ရင်း ထမင်းစားဖို့ ထွက်သွားတဲ့ ရှောင်ကျန့်ရဲ့ ကျောပြင်ကို ကြည့်ပြီး yiboတွေတွေလေးငေးကြည့်နေမိသည်....သြော်...သူတောင် နောက်ကျောပြင်ပြန့်ပြန့်လေးကို ငေးရတာ အသားကျနေပြီ
ESTÁS LEYENDO
As you wish is my command
Fanficခင်ဗျား ကျွန်တော့်အပေါ်မှာ ဆက်ဆံသမျှတွေအကုန်လုံးက ဟန်ဆောင်မှုတွေချည်းပဲလား Wang Yi bo ဖျက်ဆီးပစ်မှာ....မင်းပိုင်ဆိုင်ရသမျှအကုန်လုံး Xiao Zhan